လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့တွင် နအဖစစ်ကြောင်းနှင့် ကေအင်ယူတပ်ဖွဲ့တို့ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းအကြား မဲဆလီတွင် တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ရာ နအဖစစ်ကြောင်းမှ စစ်သားတစ်ဦး ခြေထောက် ဒဏ်ရာရကာ ခရီးသွားသွားတဦးလည်း လက်တွင်ကျည်ဆံထိမှန်ကာ ဒဏ်ရာရသွားခဲ့သည်ဟု ခရီးသည်များမှ သိရသည်။
နအဖစစ်ကြောင်းသည် မဲဆလီသို့အရောက်စခန်းချ အနားယူနေစဉ် ကားများကို အကောက်အခွန်ကောက်ရန် လာရောက်သော ကေအင်ယူတပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား ခဲ့သည်ဟု ကေအင်ယူအရာရှိတစ်ဦးက ပြောသည်။ တိုက်ပွဲမဖြစ်ပွားမီ နအဖစစ်ကြောင်းမှ ဘုရားသုံးဆူသို့ တက်လာသမျှသော ကားများ ရှေ့ဆက်သွားခွင့်ကို အမိန့်ပေးပိတ်ပင်ခဲ့သည်ဟု ကားသမားတဦးသိရသည်။
“ကျနော်တို့ ရောက်လာတော့ ကားတွေအားလုံး သွားလို့မရတော့ဘူး၊ ဒီမှာပဲအိပ်ရမယ်လို့ စစ်ကြောင်းမှူးက ပြောတယ်၊ မှောင်လို့သူတို့ ပေးမသွားတာမဟုတ်ဘူး၊ အချိန်က လေးနာရီထိုးဖို့ ၁၅ မိနစ်တောင် လိုသေးတယ်၊ သူတို့ပေးမသွားတော့ ကျနော်တို့လည်း မသွားရဲတော့ဘူး၊ အဲဒီအချိန်မှာ ကားက ၈ စီးလောက်ရှိတယ်၊ ခရီးသည်ကတော့ တော်တော်များတယ်၊ ကျနော့ကားတစ်စီးတည်းတောင် အယောက် ၆၀ လောက်ရှိတယ်၊ ကျနော်တို့ကား နားပြီးလို့ ၁၅ မိနစ်လောက်ကြာတာနဲ့ သေနတ်သံက ထွက်လာပဲ၊ အဲဒီည ကျနော်တို့အဲဒီမဲဆလီမှာ အိပ်လိုက်ရတယ်၊ အကြောက်လွန်လို့ အိပ်တောင်မပျော်ဘူး” ဟု ကားသမားက ပြောသည်။
“ကျနော့်အထင်ပြောရရင် နအဖစစ်သားတွေက ကရင်တွေကို ကြောက်လို့ ကျနော်တို့ကို ဓါးစာခံလုပ်တဲ့အနေနဲ့ ကျနော်တို့ကို ပေးမသွားတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကလည်း အစောကြီးရှိသေးတယ်၊ မဲဆလီဆိုတာလည်း နအဖဂိတ်လည်းမဟုတ်ဘူး” ဟု တိုက်ပွဲကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ခရီးသည်တစ်ဦးက ပြောသည်။
ကေအင်ယူမှ ခရီးသည်များကို စာနာထောက်ထားပြီး ချောင်းမြောင်းပစ်ခတ်လိမ့်မည် မဟုတ်သော ရည်ရွယ်ချက်ဖြင့် နအဖစစ်ကြောင်းမှ ခရီးသည်များကို မဲဇလီတွင် အိပ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တစ်ဦးက ၄င်း၏အမြင်ကို ပြောပြခဲ့သည်။
တိုက်ပွဲဖြစ်ပွားသောအချိန်တွင် နအဖစစ်သားများနှင့် ခရီးသည်များမှ ရောနှောရှိနေသောကြောင့် ခရီးသည်တစ်ဦးသည် ကေအင်ယူမှ ပစ်ခတ်လိုက်သော ကျည်ဆံကို ထိမှန်ခဲ့သည်ဟု ခရီးသည်တစ်ဦးက ်ပြောသည်။
ကေအင်ယူ ဗိုလ်ကြီးတစ်ဦးမှ ပြန်လည်ပြောပြရာတွင်”ကျနော်တို့အဖွဲ့က ကားအခွန်ကောက်ဖို့သွားတာ၊ ဗမာစစ်သားတွေ ရှိနေမှန်းမသိဘူး၊ ကျနော်တို့အဖွဲ့က ငါးယောက်တည်းပဲ၊ တမင်တကာရည်ရွယ်ပြီး ပစ်တာမဟုတ်တဲ့အတွက် ကျနော်တို့အဖွဲ့ကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရသွားတာ ကျနော်တို့ တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောပြခဲ့သည်။ အကယ်၍ ခရီးသည်များနှင့် စစ်သားများ အတူရှိနေသည်ကို သိလျှင် ၄င်းတို့အဖွဲ့မှ သွားမည်မဟုတ်ကြောင်း ၄င်းက ဆက်ပြောပြခဲ့သည်။
နအဖစစ်ကြောင်းသည် အမှတ် ၃၅၇ ခြေမြန်တပ်ရင်းမှ စစ်ကြောင်း ၂ ဖြစ်ပြီး ဘုရားသုံးဆူတွင် ပြောင်းရွှေ့ရန် တာဝန်ကျသော လဝက ဦးကျော်ဆွေဝင်းကိို လိုက်ပို့ပြီး အပြန်တွင် ဘုရားသုံးဆူမှ လဝက ဟောင်းများကို ယင်းစစ်ကြောင်းက တောင်စွန်းအထိ လိုက်ပို့ရန်ဖြစ်နိုင်သည်ဟု အထက်ပါ ဗိုလ်ကြီးမှ ဆက််ပြောပြခဲ့သည်။
၁၉၉၀ ခုနှစ်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် လွှတ်တော်နေရာရရှိသော်လည်း အစိုးရက ပွင့်လင်းစွာ ရပ်တည်ပေးသည့်အတွက် တစညပါတီ ပြန်လည်ထူထောင် လာနိိုင်ခဲ့သည်။