ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများ ပြည်တွင်း ပြည်ပတွင် ကျင်းပ

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများ ပြည်တွင်း ပြည်ပတွင် ကျင်းပ
by -
နိရဥ္စရာ

ယနေ့ကျရောက်သည့် ရ၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် နေရာ အနှံ့အပြား အပါအဝင် ရန်ကုန်နှင့် ပြည်ပ နိုင်ငံ အချို့တို့တွင်  ကျင်းပ ခဲ့ကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ်တို့က ပူးပေါင်းပြီး  ပူးပေါင်းကျင်းပခဲ့သည်။

“ကျွန်တော်တို့မှာ ဒီနေ့ဟာ နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက်ကြောင်း ပါတီ ၂ပါတီက ပူးပေါင်းကျင်း ပတာဖြစ် တယ်။ ဇာတိမာန် ဇာတိသွေးတွေမြင့်တက်လာဖို့။ နောက်ပြီး ဆရာတော် ဦးဥတ္တမနေ့ကို နောင်လာနောင်သား တွေ မမေ့ရအောင်နဲ့ ကျွန်တော့်တို့ ရခိုင်တစ်မျိုးသားလုံးရဲ့ခေါင်းဆောင်၊ အာရှ နေဝန်း ဆိုတဲ့ အထိမ်းအမှတ် နဲ့ လုပ်တာပါ”  ဟု ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌက ပြော သည်။

အခမ်းအနားကို နေ့လည် ၁ နာရီမှ ၄ နာရီအထိ ကျောက်ဖြူ ဥတ္တမလမ်း၊ အလယ်ပိုင်းရပ်ကွက်၊ ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီ ရုံးတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စာရေးဆရာ မဟာနွယ် (မန္တလေးတက္ကသိုလ်)၊ ဆရာတော် ယုဇနတို့မှ ဆရာတော် ဦးဥတ္တသမိုင်းများကို စုံစုံလင်လင်ဟောပြောခဲပြီး စာရေးဆရာ ဆရာခိုင်စံထွန်းမှ ကဗျာများ ရွတ်ဖတ်ပြီး ဂါရဝ ပြုခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင်လည်း ယနေ့ နံနက်က ဇင်ချောင်းကုန်းဘို ဘုန်းတော်ကြီးကျောင်း မင်္ဂလာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆရာတော် ဦးဥတ္တနေ့ ကျင်းပရသည့် ရည်ရွယ်ချက်ကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုသိန်းဇော်က ယခုကဲ့သို့ပြောသည်။

“ ကျွန်တော်တို့ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဆရာတော်ဟာ ရခိုင်လူမျိုးဖြစ်သလို မြန်မာ့ လွတ်လပ်ရေး အတွက် ကိုယ်ကျိုးစွန့်ပြီး လမ်းပြဦးဆောင်းခဲ့တဲ့ အာရှနေဝန်းလို့ တင်းစားခံရတဲ့ ခေါင်းဆောင် တစ်ဦးဖြစ် တယ်။  ဆရာတော်ပျံလွန်တော်မူသွားတဲ့နေ့မှာ ဆရာတော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ နေ့ထူးနေ့မြတ်
တခုအဖြစ်သတ်မှတ်ပြီး ခုလို  ကျင်းပတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တောင်ကုတ်မြို့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု ဆောင်များနှင့် ကျေးရွာရပ်ကွက်အလုပ်အမှုဆောင်များပူးပေါင်းပြီး ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးလုပ်ဆောင်ချက်များကို နောင်လာနောက်သားများ သိရှိ နား လည်လာအောင် ဆရာတော်ဦးဥတ္တမနှင့်အကြောင်းများကို ဟောပြောခဲ့ကြသည်ဟု တောင်ကုတ်မြို့နယ် NlD အတွင်းရေးမှူး ကိုမင်းအောင်က နိရဥ္စရာသို့ ပြောသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးမျက်စိ စဖွင့်ပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမရဲ့အကြောင်းကို ထဲထဲဝင်ဝင် သိရှိလာ အောင်၊ ဆရာတော်ဦးဥတ္တမ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို လေ့လာနိုင် အောင်ရည်ရွယ်ချက်နဲ့ ဟောပြောပွဲတွေ လုပ်ကြပါတယ်” ဟု ဆိုသည်။

တောင်ကုတ်မြို့ ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက် ခဲ့သည်ဟု သိရ သည်။

မြောက်ဦးမြို့တွင်လည်း ဆရာတော် ဦးဥတ္တမနေ့ကို ယနေ့နံနက် ၆ နာရီတွင် စတင်ကျင်းပခဲ့ပြီး လူပေါင်း ၆၀၀ နီးပါးတက်ရောက်ခဲ့ကြောင်း ဆရာကျော်ထွန်းအောင်က ယခုကဲ့သို့ပြောသည်။

“ မနက် ၆နာရီကနေ ရ အထိ ဆရာတော်ဦးဥတ္တမကို ရည်စူးပြီး လွမ်းသူ့ပန်းခွေတွေ ချကြပါတယ်။ ရ နာရီက နေ ၁၀ နာရီကျော်အထိ ဟောပြောပွဲတွေလုပ်တယ်။ ၁၀ နာရီကျော်ကနေ ၁၂ နာရီအထိ ဆွမ်းကျွေးပါတယ်။ စာစီစာကုန်းပြိုင်ပွဲ၊ ဟောပြောပွဲတွေ၊ တခြားကဗျာ ပြိုင်ပွဲတွေလည်းပါတယ်” ဟု ဆရာကျော်ထွန်းအောင်က ဆိုသည်။

အခမ်းအနားကို လောကမာန်အောင် ဘုရားသိမ်တွင် ပြုလုပ်ခြင်းဖြစ်ပြီး ဟောပြောပွဲတွင် ဆရာ ဦးစံကျော်နှင့် ဇေယန္တဗောဓိတို့ ဟောပြောခဲ့ကြသည်။

မင်းပြားမြို့ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီက မင်းပြားမြို့ ဓမ္မာရုံတွင် စတင် ကျင်းပပြီး လူပေါင်း ၆၀၀ ကျော်ခန့် တက်ရောက်နေ ကြောင်းသိရသည်။

“ အခုက အခမ်းအနား လုပ်နေတုန်းဖြစ်ပါတယ်။ စာစီစာကုန်းပြိုင်ပွဲမှာ ဆုရတဲ့သူတွေကို ဆုပေးဖို့ အစီအစဉ် တွေရှိပါသေးတယ်။ နောက် ပဟေဠိပြိုင်ပွဲလည်းရှိပါသေးတယ်” ဟု မင်းပြားမြို့ခံ ကိုစစ်နိုင်ကပြောသည်။

အလားတူ ဘင်္ဂလာဒေ့ချ်နိုင်ငံ ကော့စ်ဘာဇားမြို့ တောကျောင်းတွင်လည်း ဆရာတော် ဦးဥတ္တမနေ့ အခမ်း အနားကို ရခိုင်အမျိုးသားများစုပေါင်းပြီး ယနေ့နံနက် ၁၁ နာရီတွင် စတင်ကျင်းပခဲ့ကြသည်။

အခမ်းအနားသို့ လူပေါင်း ၄၀ နီးပါးတက်ရောက်ခဲ့ပြီး သံဃာတော်များကို ဆွမ်းကပ်အလှူဒါနပြုပြီး ဆရာတော် ဦးဥတ္တမ ဘဝပုံရိပ်များနှင့်ပတ်သတ်ပြီး တက်ရောက်လာသူများက အမှတ်တရ ဟောပြော ခဲ့ကြသည်။

အမေရိကန်နိုင်ငံ Iowa (အိုင်အိုဝါ) ပြည်နယ် marshalltown မြို့တွင် ရခိုင်အမျိုးသား ၆၀ခန့်က စက်တင်္ဘာလ ၈ ရက်နေ့ နေ့လည် တနာရီမှ ၄ နာရီထိ ဆရာတော် ဦးဥတ္တမ ရ၄ နှစ်မြောက် အခမ်းအနား ကျင်းပခဲ့သည်။

အလားတူ ထိုင်း နိုင်ငံ ဘန်ကောက်မြိ့ု ဖလန်စောင်တွင်လည်း ထိုင်းနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြ သော ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့နှင့် ဘန်ကောက်ရှိ ရခိုင်လူ့မူအဖွဲ့ အစည်းများမှ စုပေါင်းပြီး စက်တင်္ဘာ လ ၈ ရက်နေ့က ဆရာတော် ဦးဥတ္တမနေ့ကို တခန်းတနား ကျင်းပခဲ့ကြသည်။

အလားတူ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊  စင်ကာပူနိုင်ငံ ၊ မလေးရှား နိုင်ငံတို့တွင်လည်း ရခိုင်အမျိုးသားများက ကျင်းပခဲ့ကြောင်း သိရသည်။

Most read this week