ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ သန်းကျော် အသုံးပြုသွားမည် ဟုဆို

ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ သန်းကျော် အသုံးပြုသွားမည် ဟုဆို
by -
နိရဥ္စရာ

အသစ်တိုးချဲ့ ဖွဲ့စည်းလိုက်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန လက်အောက်ခံ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ရခိုင်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ ဒဿမ ၅၀၃ သန်းသုံးစွဲရန် လျာထားကြောင်း သတင်း ရရှိသည်။

၎င်းလျာထားငွေထဲမှ လမ်းတံတား အတွက် ကျပ်သန်းပေါင်း ၃၅၇၉ ဒဿမ ၉၀၃ သန်းကို သုံးစွဲမည် ဖြစ်ပြီး ရေပေးဝေရေး အတွက် ကျပ်သန်းပေါင်း ၂၄၆ သန်း၊ ကျန်းမာရေး အတွက် ကျပ်သန်း ၃၀၊ မီးလင်းရေး အတွက် ကျပ်သန်းပေါင်း ၁၉၄ သန်း၊ အိမ်ယာအတွက် ၈၁ ဒဿမ ၆၀၀ သန်း၊ အလုပ်အကိုင်အတွက် ကျပ် ၁၂ သန်း သုံးစွဲသွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ကျေးရွာချင်းဆက် လမ်းတစ်လမ်းကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဥ္စရာ)

ထိုသို့ သုံးစွဲသွားမည်ကို သြဂတ်စ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ MPC ခန်းမတွင် ပြုလုပ်သော နိုင်ငံတော် သမ္မတကြီး၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် NGOs များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တင်သွင်းသော စာတန်းတွင် ဖေါ်ပြထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက် ဒေသ ဖွံဖြိုး တိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ရ၅၀၁၅ ဒဿမ ၅၁၃ ထိ သုံးစွဲရန် လျာတား ထားကြောင်း အဆိုပါ စာတန်းတွင် ဖေါ်ပြသည်။

အဆိုပါ ကဏ္ဍ (၆) ခုအတွက် ၂၀၁၃-၂၀၁၄ အတွင်း ကချင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၆၅၄ ဒဿမ ၅၉၈ သန်း၊ ကယားပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၁၄၅ ဒဿမ ၃၃၁သန်း၊ ကရင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၃၃၇ ဒဿမ ၃၅၂ သန်း၊ ချင်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၅၅၁ ဒဿမ ၆၁၀ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၈၇၈၄ ဒဿမ ၆၉၄ သန်း၊ တနင်္သာရီတိုင်းဒေသကြီး အတွက် ကျပ်သန်းပေါင်း ၃၈၆၀ ဒဿမ ၅၂၅ သန်း၊ ပဲခူးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း ၆၆၆၆ ဒဿမ ၈၅၀ သန်း၊ မကွေးတိုင်း ဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၂၂ ဒဿမ ၆၂၇ သန်း၊ မန္တလေးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း  ၃၃၅၀ ဒဿမ ၁၆၂ သန်း၊ မွန်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၂၈၅ ဒဿမ ၆၈၆ သန်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွက် ၆၃၈၁ ဒဿမ ၅၁၆ သန်း၊ ရှမ်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၁၇၁၆၉ ဒဿမ ၉၄၃ သန်း၊ ဧရာဝတီ တိုင်း ဒေသကြီးအတွက် ၃၈၆၁ ဒဿမ ၁၁၆ သန်း လျာထားသည်ဟု စာရင်းတွင် ဖေါ်ပြသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ၂၀၁၃ ခုနှစ် သြဂတ်စ်လ ၁၀ ရက်နေ့က တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါ ၀န်ကြီးဌာန အနေဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမူ လျော့ချရေးကို ဗဟာဗျူဟာမြောက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်၏ စာတန်းတွင် ဖေါ်ပြထားသည်။

Most read this week