ဒု-သမ္မတနှင့် တိုင်းရင်းသားတို့၏ နေပြည်တော်ဆွေးနွေးပွဲ

ဒု-သမ္မတနှင့် တိုင်းရင်းသားတို့၏ နေပြည်တော်ဆွေးနွေးပွဲ
by -
သျှမ်းသံတော်ဆင့်

နေပြည်တော်မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ေ ရးလုပ်ငန်းကော်မတီနဲ့သွားရောက်တွေ့ဆုံခဲ့တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နဲ့ ကရင်အမျိုးသားအစည်း အရုံး တို့ဟာ  မိမိတို့တင်ပြလိုတဲ့အချက်တွေကို တင်ပြနိုင်ခဲ့တယ်လို့ဆိုပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဘက်က ခေါင်းဆောင်ကြီးညွှန်ကြားလိုက်တဲ့အချက် ၄ ချက်ကို တင်ပြနိုင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံးဘက်က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တင်ပြ နိုင်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရဘက်က နိုင်ငံရေးဆွေးနွေးပွဲအတွက် ခေါင်းစဉ် ၉ ခုကို တင်ပြခဲ့ တယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ပုဂ္ဂိုလ်တွေကပြောပါတယ်။

အဆိုပါတိုင်းရင်းသား အဖွဲ့ ၂ ဖွဲ့ နဲ့အတူ လူမှုရေးလှုပ်ရှားတဲ့အဖွဲ့တွေဟာ  သမ္မတ ဦးသိန်းစိန် ဦးဆောင် သောအဖွဲ့ရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ (ဥက္ကဌ) ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကို နေပြည်တော်ရှိ မီးရထားပို့ဆောင်ရေးဝန်ကြီးဌာန ရုံးခန်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်က နံနက် ၁၀ နာရီကနေ ၁၂ နာရီခွဲအထိ ၂ နာရီခွဲကြာ အလွတ် သဘော တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားဘက်က ကိုယ်စားလှယ်တွေအဖြစ် RCSS/SSA  ဘက်က  ဗိုလ်မှူး ကြီးစိုင်းလှ နဲ့  ဒု ဗိုလ်မှူးကြီး စိုင်းငင်း။  KNU  ဘက်က ဥက္ကဌကြီး စောမူတူးစေးဖိုး ၊ အတွင်းရေးမှူး ဗဒိုစောကွယ်ထူးဝင်း၊ အတိုင်ပင်ခံ ဗိုလ်မှူးစောထူးထူးလေး အပါအဝင် ၉ ဦးနဲ့ တိုင်းရင်းသားကျွမ်းကျင် ဒေါက်တာဆိုင်လျန်မုန်းဆာခေါင်း ၊ လူမှုရေးအဖွဲ့က ဦးနော်ဆန်းတို့ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦး ပါဝင်ပါတယ်။

အစိုးရ ဖက်က  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဥက္ကဌ ဒုတိယ သမ္မတ က ဦးဆောင်ပြီး၊ ဒုတိယ ဥက္ကဌ (၃) ဦး ဖြစ်ကြသော၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် ကြီး စိုးဝင်း၊ အမျိုးသား လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း၊ လွှတ်တော် အမတ် ဦးသိန်းဇော် အပြင် ၀န်ကြီး (၈) ပါးနှင့် လုပ်ငန်း ကော်မီတီဝင် (၁၉) ဦး ထဲမှ (၁၆) ဦး တက်ရောက် ခဲ့ကြောင်း စုစုပေါင်း တက်ရောက်သူ ရ၀ ဦးရှိပါတယ်။

ဦးစွာ ဒေါက်တာစိုင်းမောက်ခမ်းက - ငြိမ်းချမ်းရေးဆိုတာ အပြောသာလွယ်ပြီး အလုပ်လုပ်ရတာ ခက်ကြောင်း၊ တည်ဆောက်နေကြတဲ့ ငြိမ်းချမ်းရေးကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက် သွားဖို့လို ကြောင်း၊ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တိုက်ပွဲအကြာရှည်ဆုံး ဖြစ်ပွါးတဲ့နိုင်ငံဖြစ်တာကြောင့် တယောက် နဲ့တယောက် အပြစ်မတင်ကြဘဲ သဘောတူညီမှုရတဲ့အထိ လက်တွဲဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။

KNU ဥက္ကဌ စောမူတူးဆေးဖိုးကတော့ - နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဘဲ ဖြေရှင်းဖို့၊ အစိုးရနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးတည်ဆောက်သွားဖို့ ၊ နိုင်ငံရေးဆွေးနွေးပွဲနဲ့ တပ်ပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း ၊ စစ်ကျင့်ဝတ် (Code of Conduct) အတွက် နည်းပညာပိုင်းဆိုင်ရာအဖွဲ့ Technical Team  အောင်မြင်စွာဖွဲ့စည်းနိုင်ဖို့ အစရှိတာတွေ ပြောဆိုခဲ့ပါတယ်။

RSS/SSA ဘက်ကတော့ ဒု- ဗိုလ်မှူးကြီးစိုင်းငင်းက-
(၁)  အပစ်အခတ် ရပ်စဲရေး   ကိစ္စ။
(၂) တနိုင်ငံလုံးအပစ်ရပ်ရေးကိစ္စ။
(၃) နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပသည့် အခါ နှစ်ဖက် မူဘောင်များ (Frame work for Political Dialogue)  ကြိုတင် ညှိနှိုင်း ဆောင်ရွက် ရမည့် ကိစ္စ။
 (၄) အမျိုးသား နိုင်ငံရေးဆွေးနွေးမှု (National Political Dialogue)  အစရှိတင်ပြခဲ့ပါတယ်။

စောထူးထူးလေးကတော့ - နိုင်ငံရေးဆွေးနွေးရေးမူဘောင်အသေးစိတ်ကို ပရိုဂျက်တာနဲ့တကွ အကျယ်တဝင့်ရှင်းလင်းပြသခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့  UPWC ရဲ့ ဒုဥက္ကဌ ဦးသိန်းဇော်က “ ငြိမ်းချမ်းရေးတည်ဆောက်နေမှုကနေ ဘယ်အဖွဲ့အစည်းမှ နောက်ပြန်မဆုတ်စေလိုပါဘူး။ အခုလဲဘဲ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့် ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ထဲမှာလဲ ကော်မတီဖွဲ့စည်းနေပါတယ်။ ဒီကိစ္စအပေါ် ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ အဖွဲ့တွေကနေ အမြင်သဘောထားတွေကိုတင်ပြပေးစေလိုတယ်။ တင်ပြနိုင်ပါတယ်။ ၂၀၀၈ ဥပဒေ ပြင်ဆင်ဖို့အတွက်လဲ တဆင့်ချင်းစီ အဆင့်ဆင့် လုပ်သွားပါမယ်။ ကနေ့ခေတ်ဟာ လက်နက်ကိုင်ပြီး အခွင့်အရေးတောင်းဆိုတဲ့ခေတ်မဟုတ်ပါဘူး။ ဒါကြောင့် လွှတ်တော်ထဲမှာ ထိုင်ပြီး ဆွေးနွေးကြဖို့ အစဉ်အမြဲဖိတ်ခေါ်နေရတာဖြစ်တယ်” လို့ပြောပါတယ်။

ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကတော့ - ယခင်က တိုင်းရင်း သားလက် နက် ကိုင်တပ်ဖွဲ့တွေအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရင် လူထု ပါဝင်မှုမရှိဘူး။ ကနေ့မှာတော့ လွှတ်တော်ကိုယ်စား လှယ်တွေ လူထုတွေပါဝင်ခွင့်ရလာတဲ့အတွက် ဝမ်းမြောက်တယ်။ နောက်နောင် တွေမှာလဲလူထုပါဝင်ခွင့် ရစေလိုပါတယ် လို့ ဒုသမ္မတကြီးကိုတင်ပြတောင်းဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဦးအောင်မင်းကတော့ အခု အပစ်ရပ် ငြိမ်းချမ်းတည် ဆောက်နေတဲ့ တိုင်းရင်းသား ၁၄ ဖွဲ့ရှိပါတယ်။ အပစ်ရပ်ရေးမဆွေးနွေးနိုင်သေးတာက ကချင်တပ် မတော် KIO/KIA နဲ့ တအာင်းတပ်မတော်  PSLF/ TNLA တို့ဖြစ်ပါတယ်။ အပစ်ရပ်ထားတဲ့ ၁၄ ဖွဲ့မှာ စစ်တမ်းကောက် ကြည့်တော့ ၁၀ ဖွဲ့ဟာ တပြည်လုံး အပစ်ရပ်ရေး ကိုထောက်ခံကြပါတယ်။ ဒါကြောင့် အပစ်ရပ်ရေးကိုလာ မယ့်အောက်တိုဘာလကုန်မှာ ပြုလုပ်ကျင်းပနိုင်မယ်လို့ ပြောဆိုသွားကြောင်း RCSS ဘက်ကပုဂ္ဂိုလ်တွေ ကပြောပါတယ်။

အဲတာအပြင် နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကိုလည်း အစိုးရဘက်က ခေါင်းစဉ် ၉ ခုနဲ့ ရေးဆွဲထားပြီး ဖြစ်သလို တိုင်းရင်းသားတွေဘက်က ခေါင်းစဉ် ၁၉ ခုနဲ့ ရေးဆွဲထားတဲ့ဟာကိုလည်း ပြီးခဲ့တဲ့မေလ ၁၃ ရက်နေ့က အစိုးရကို တင်ပြထားပြီးဖြစ်ပါတယ်။ သို့ပေမယ့် မိမိတို့အစိုးရဘက်ကဆွဲထားတဲ့ဟာ ကိုဘဲယူမယ် ဆိုတာ မျိုးတော့ မဖြစ်စေရပါဘူး။ နှစ်နှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီးတော့ သဘောတူညီတဲ့ အချက်တွေကို ယူသုံးသွားမှာဖြစ်ပါတယ်။  ဒီအခု တာဝန်ယူ နေတဲ့ သမ္မတသက်တမ်းမှာဘဲ ၂၀၁၄ မကုန်မီအထိ နိုင်ငံရေးဆွေနွေးပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းနေကြကြောင်းနဲ့ ဆွေးနွေးပွဲကို လာမယ့်အစိုးရသစ် လက်ထဲလွဲရမယ့် အခြေအနေမျိုးမဖြစ်စေ လိုကြောင်း ဦးအောင်မင်းက ပြောခဲ့ ပါတယ်။

ဒါ့အပြင် ဒု ဗိုလ်မှူးကြီး ခေးငင်းက - တပြည်လုံးအပစ်ရပ်ရေးအတွက် အစိုးရ လုပ်မယ်ဆိုရင် အခုအပစ်ရပ်ထား တဲ့အဖွဲ့တွေတင် မဟုတ်ဘဲနဲ့ တတိုင်းပြည်လုံးမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်အောင်အစိုးရလုပ် ပေး ဖို့လိုမယ်လို့ ပြောဆိုတင်ပြပါတယ်။  အဓိက ပါဝင်ရမယ့်အချက် တချက်ကတော့ အပစ်ရပ်ရေးဆွေးနွေးပြီး တာနဲ့ နိုင်ငံရေးတဆက်တည်းဆွေးနွေးသွားဖို့ဆိုတဲ့အချက်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေသူတွေအတွက် အနှောင့်အယှက်ဖြစ်စေမယ့် ၁၇/၁ ဥပဒေကိုပယ်ဖျက် ပေးဖို့ဆိုတဲ့အချက်ကို တင်ပြရမှာဖြစ်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ဦးအောင်မင်း ပြောဆိုသွားတဲ့ အပစ်ရပ်ငြိမ်းချမ်းရေး တည်ဆောက်တဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၁၄ ဖွဲ့ ကတော့ ၁- ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA/UWSP  ၂- မိုင်းလားတပ်ဖွဲ့  NDAA ၃- ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်DKBA ၄- သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည် တပ်မတော် RCSS/SSA ၅- ချင်းအမျိုးသားတပ်ဦး CNF ၆- ကရင်နီငြိမ်းချမ်းရေးကောင်စီ KPC ရ- ကရင်အမျိုးသား အစည်းအရုံး KNU ၈- သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်SSPP/SSA  ၉- ရခိုင်ပြည်လွှတ် မြောက် ရေးပါတီ ALP  ၁၀- နာဂ NSCN ၁၁- ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၁၂- ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်  PNLO ၁၃- မွန်ပြည်သစ်ပါတီ NMSP နှင့် ၁၄- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်မတော် ABSDF   တို့ဖြစ်ပါတယ်။

တပြည်လုံးအပစ်ရပ်ရေးမူကို လက်ခံကြောင်းမပြောသေးတဲ့ ကျန်တဲ့ ၄ ဖွဲ့ကတော့ UNFC ထဲမှာပါဝင် ပါတယ်။ KNPP, PNLO, NMSP, SSPP တို့ဖြစ်တယ်လို့ ယူဆရပါတယ်။ UNFC အဖွဲ့ဝင်တွေဖြစ်ပြီး တပြည်လုံး အပစ်ရပ်ရေးသဘောတူထားတဲ့ အဖွဲ့ ၆ ဖွဲ့ရှိပါတယ်။ KNU, CNF,KNPP, PNLO, NMSP,SSPP တို့ဖြစ်ပါ တယ်။  

Most read this week