မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာန အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း အမှတ် (၂၇) စက်မှုကုန်ကြမ်းဌာနလက်အောက်ရှိ ရာဘာခြံများအား ပုဂ္ဂလိကများနှင့် အကျိုးတူစီးပွားပူးပေါင်း လုပ်ဆောင်နိုင်ရန် လွန်ခဲ့သည့်တနင်္လာနေ့တွင် တင်ဒါခေါ်ယူခဲ့ကြောင်း ရွှေဟင်္သာရိပ်မွန် ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ မင်းဖေသန်းက ပြောသည်။
ယင်းအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး တင်ဒါခေါ်ယူခြင်းကို မွန်ပြည်နယ်၊ ဘီလင်းမြို့ရှိ တာယာစက်ရုံတွင် ပြုလုပ်ကျင်းပခဲ့ပြီး စက်မှုကုန်ကြမ်းဌာနမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဖေသန်းက “ ပထမအဆင့်တင်ဒါအာမခံကြေးအနေနဲ့ သိန်း ၅၀ ပေးသွင်းပြီး ဖောင်ဖြည့်ရပါတယ်၊ လာမယ့် ၁၆ ရက်နေ့မှာ တင်ဒါဖောက်မှာပါ” ဟု ပြောသည်။
လက်ရှိတွင် စိတ်ဝင်စားသည့် ကုမ္ပဏီ ၁၂ ခုတို့ တင်ဒါတင်သွင်းထား၍ ဈေးအများဆုံး တင်သွင်းသည့်ကုမ္ပဏီ ၂ ခုအား ရွေးချယ်၍ ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြသွားမည်ဟုလည်း မင်းဖေသန်းက ဆက်ပြောသည်။
လေလံတင်သည့် ရာဘာခြံများကို သုံးမျိုးသုံးစား ခွဲခြားထားကြောင်း၊ ဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များအတွက် သတ်မှတ်သည့်အချိုးအစားများမှာ အစေးလှီးရန်အတွက်အသင့်ရှိနေသည့် ခြံများကို အကျိုးတူ ၅၀း၅၀ %၊
ထိမ်းသိမ်းအပင်များကို ၄၀း၆၀ %၊ ပြန်စိုက်ပင်များအား ၃၀းရ၀% ခွဲဝေးကြမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လွတ်လပ်သောရာဘာဈေးကွက်များတွင် ရောင်းဝယ်နိုင်ရန်မျှော်လင့်ပြီး နိုင်ငံတကာဈေးကွက်နှင့် ကိုက်ညီမည့် အရေအသွေးများကိုလည်း မြှင့်တင်ရန်လိုအပ်နေကြောင်း မင်းဖေသန်းက ဆက်ပြောသည်။
ဘီးလင်းတာယာစက်ရုံ စက်မှုကုန်ကြမ်းဌာနမှ တာဝန်ရှိသူတစ်ဦးက “နှစ်ဖက်စလုံးအကျိုးစီးပွားအတွက်ပါပဲ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းဆန်ဆန် ဦးစားပေးထားတာပါ၊ ဒီလိုတင်ဒါခေါ်ယူတာက ဒါဟာပထမဆုံး အကြိမ်ပဲ” ဟု ပြောသည်။
အလာတူ လာမည့်စက်တင်ဘာ ၉ ရက်နေ့တွင်လည်း တလမွန်ကုမ္ပဏီလီမိတက်မှ ဦးဆောင်၍ အစိုးရဌာနရာ ဘာခြံများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတရပ်ကို သံဖြူဇရပ်မြို့ရှိ မွန်ဓမ္မာရုံတွင်ပြုလုပ် မည်ဟု ဘိတ်ကြားစာအရ သိရသည်။