မြို့နှင့် အလှမ်းဝေးသည့် နေရာတွင် လယ်ယာမြေမှတ်ပုံတင်ရန် အခက်အခဲရှိ

မြို့နှင့် အလှမ်းဝေးသည့် နေရာတွင် လယ်ယာမြေမှတ်ပုံတင်ရန် အခက်အခဲရှိ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ရှားတောမြို့နယ်ဘက်နှင့် မြို့ဘက် အလှမ်းဝေးသည့် နေရာဒေသများတွင် လယ်ယာမြေ မှတ်ပုံခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် အခက်အခဲများရှိ၍ ကြန့်ကြာမှု ရှိနေသည်ဟု ပြည်နယ်မြေစာရင်းဌါနမှ ဒုတိယညွန်ကြားရေးမှူး ဦးအောင်ဆွေက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် နယ်နိမိတ် ထိစပ်သော ရှားတောမြို့နယ် နေရာဒေသဘက်တွင် သီးနှံစိုက်ပျိုး နေကြသည့် တောင်သူများသည် ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်မှ လာရောက် စိုက်ပျိုးကြသဖြင့် မြေစာရင်းဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ချိတ်ဆက်ရန် အခက်အခဲရှိနေသည်။

"တောင်သူတွေကသူတို့ သီးနှံကိုလာပြီးတော့ ထွန်ယက်မယ် ကြဲမယ် သူတို့မြို့နယ်ကို ပြန် သွားကြတယ်။ ဒါကြောင့် သူတို့တွေကို အချိတ်အဆက်လုုပ်ဖို့ အခက်အခဲရှိတယ်" ဟု ဦးအောင်ဆွေက ပြောပါသည်။

ထို့ပြင် ရှားတောမြို့နယ် တောင်ပိုင်းအုပ်စုနေရာတချို့များတွင် ယခင်မူပိုင် လုပ်ကိုင်စိုက်ပျိုးခဲ့သည့် ဒေသခံတချို့များက နယ်စပ်ဒုက္ခသည်စခန်းဘက်တွင် သွားရောက်နေထိုင်လျက်ရှိကြရာ လက်ရှိတွင် နီးစပ်ရာများက ဆက်လက် စိုက်ပျိုးလုပ်ကိုင်နေကြသည့်အတွက် လယ်ယာမြေ မှတ်ပုံတင်ရန်မှာလည်း မိရိုးဖလာ အမွေဆက်ပေးရန်မှာလည်း အဆင်မပြေဖြစ်နေကြာင်း သိရသည်။

မြို့နယ်တိုင်းတွင် ဌာနဆိုင်ရာများမှ လယ်ယာမြေမှတ်ပုံတင် လျှောက်ထားရန် လျှောက်လွှာများ ဖြန့်ဝေပေး သော်လည်း လာရောက်လျှောက်ထားခြင်းမရှိကြောင်း ဦးအောင်ဆွေက ပြောသည်။

ယခုလို လယ်ယာမြေမှတ်ပုံတင်ခြင်းပြုလုပ်ရာမှာ လွိုင်ကော်မြို့အနေနဲ့ (၈၀.၇) ရာခိုင်နှုန်း ပြီးစီးလေ့ရှိပြီး စက်တင်ဘာလ ဒုတိယပတ်မှာ အပြီးအစီးကြိုးစား ဆောင်ရွက်မှာဖြစ်ကြောင်း ဆိုပါတယ်။

လယ်ယာမြေမှတ်ပုံတင်ရာတွင် လွိုင်ကော်မြို့၌ (၈၀.၇) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တပြည်နယ်လုံးအတိုင်း အတာတွင် (၅၄.၄၆) ရာခိုင်နှုန်းသာ ပြီးစီးထားကြောင်း သိရသည်။

လယ်ယာမြေမှတ်ပုံတင်ခြင်း လက်မှတ်ရှိမှသာလျှင် တောင်သူလယ်သမားအတွက် လယ်ယာမြေ သိမ်းဆည်း မှုများတွင် သက်သေအထောက်အထားပြနိုင်ရန် အာမခံချက်ရှိကြောင်း သားစဉ်မြေး ဆက်အတွက်အကျိုး ရှိကြောင်း ပြောသည်။