သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါမြို့နယ်ခွဲုတွင် RCSS/SSA ၏ အကောက်ခွန်မှူး တပ်သား တဦးအား မြန်မာစစ်တပ်က ဝိုင်းရံပိတ်ဆို့ဖမ်းဆီးပြီးကျောက်မဲမြို့သို့ပို့ဆောင် ချုပ်နှောင်ထားကြောင်း ကိုယ် တွေ့မျက်မြင်ကြုံတွေ့ရသည့် အုပ်စုသားတဦးကပြောသည်။
“တောင်ပိုင်းသျှမ်းတပ်ဖွဲ့ စစ်ဝတ်စုံအပြည့် ဝတ်ထားတဲ့ စစ်သား တယောက်ကို သူတို့ဖမ်းတာ။ RCSS ရဲ့ အကောက်ခွန်မှူးလို့ မြန်မာစစ်သားတွေက ပြောတယ်။ အခွန်ကောက်ထားတဲ့စာရင်းတွေလဲ သူ့လက်ထဲမှာ တွေ့ရ တယ်။ မိုင်းငေါ့အုပ်စု မြောက်ဘက် ၈ မိုင်လောက်ကွာတဲ့ ဝမ့်လွယ်ပက် မှာဖမ်းမိတာတဲ့။ အခုတော့ သူ့ကို ကျောက်မဲကို ပို့ထားတယ်” ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ရသော အုပ်စုသားတဦးက သျှမ်းသံတော်ဆင့်အားပြော ပြ သည်။
ယမန်နေ့ မနက်ပိုင်းက အဆိုပါ RCSS/SSA တပ်သားအား ဖမ်းဆီးမိခဲ့ ခြင်းဖြစ် သည်ဟုဆိုပါသည်။
အဆိုပါတပ်သားသည် တောင်ပိုင်း စစ်ဝတ်စုံဖြစ်သော ကျားပုံပါ ပြောက်ကျားဝတ်စုံဝတ်၊ လက်နက်ကိုင်ဆောင် ထားပြီး အသက် ၂၀ ကျော်ခန့် ရှိသည်ဟုဆိုပါသည်။
၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထံမှ သီးခြားအတည်ပြုချက် မရ သေးပေ။
အမည်မဖော်လိုသည့် အဆိုပါ ဒေသခံက- “သူ့ကို ရိုက်ထားကြတယ်။ မျက်လုံးတွေဖွင့်မရလောက် အောင်ဖူး ယောင်ကုန်တာ။ တကယ့်ကိုပြစ်မှုကြီး မားတဲ့အကျဉ်းသမားတယောက်လိုဖမ်းသွားကြတာ။ လည်ပင်းမှာကြိုး နဲ့ချည်၊ လက်နှစ်ဘက်ကိုနောက် ပြန်ပြီးကြိုးတုပ် ခြေထောက် ၂ ဖက်လုံးကို လဲကြိုး တွေနဲ့ချည်၊ အဲဒီကြိုး တွေ ကိုစုပြီး အနောက်မှာ စစ် သားတယောက်ကကိုင်ထား၊ အရှေ့ဘက်ခြမ်းမှာလဲ အဲလိုဘဲ ကြိုးကိုစုပြီးနောက် တယောက်က ကိုင်ထား၊ သူ့ရဲ့ဘေး လေးဘက်လေးတန် ပတ်ပတ် လည်မှာ လက်နက်ကိုင် မြန်မာ စစ်သား ၆ ယောက်ဝိုင်း ရံပြီးလိုက်ပါတာ။ မလွယ်ဘူး။” ဟု ဆက်၍ ပြောပြသည်။
ဂျွန်လက RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင် သည့်အဖွဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက် သည့်ဆွေးနွေးမှုအတွက် သမ္မတကြီးနှင့် နေပြည်တော်၌ သွားရောက်တွေ့ဆုံစဉ် ကလည်း သီပေါမြို့တွင် ၎င်းတို့ တပ်ဖွဲ့ဝင် ၃ ဦး အဖမ်းခံခဲ့ရသည်။ ယနေ့တိုင်လွတ်မြောက်ခြင်းမရှိသေးပေ။
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မြန်မာစစ်တပ် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၄ တို့ အခြေစိုက်လှုပ်ရှား ပါသည်။