ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလအတွင်းမှာ ကယားပြည်နယ် လူငယ်အဖွဲ့အစည်းများအနေဖြင့် မိမိတို့ပတ်ဝန်း ကျင်တွင် ဖြစ်ပေါ်နေသော ပြဿနာများကို ကိုယ်တိုင်အဖြေရှာ ဖြေရှင်းနိုင်ရေးအတွက် KAYAH STATE YOUTH FORUM ကယားပြည်နယ် လူငယ်များ ဆွေးနွေးပွဲ တခုကို ကျင်းပပြုလုပ်ခဲ့ကြသည်။
သြဂုတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၃ ရက်တာ ပြုလုပ်သွားသည့် ဆွေးနွဲပွဲနှင့် ပတ်သက်၍ တာဝန်ခံဖြစ်သူ ခူးပိုးရယ်က ယခုလို ရှင်းပြသည်။
“ကျနော်တို့ ကျင်းပရခြင်းရဲ့အဓိကရည်ရွယ်ချက် ၂ ချက် ရှိပါတယ်။ ခုလက်ရှိဖြစ်နေတဲ့peace process မှာလည်း ပါ၀င်နိုင်ဖို့ ၊ နောက်ပြီးတော့ မိမိရဲ့ ပြဿနာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကိုယ်တိုင်ဖော် ထုတ်ပြီးတော့ ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ ဆိုတဲ့အနေအထား ပေါ့နော.. ကျနော်တို့ရည်ရွယ်ပြီးတော့ လုပ်ပါတယ်။”
လူငယ်များအနေဖြင့် မိမိတို့၏ ပါတ်ဝန်းကျင် အတွင်း ဖြစ်ပေါ်နေသော ပြဿနာများ အဖြစ်အပျက်များပေါ် အခြေ ခံပြီး ခေါင်းစဉ်ကဏ္ဍ အလိုက် ဆွေးနွေး သွားကြသည်ဟု သိရသည်။
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍကို ဆွေးနွေးချပြသွားတဲ့ ဆရာ ဘိုဘိုလွင်က “ကျနော်တို့… ပညာရေးကဏ္ဍ ထွက်လာတယ်၊ နောက် GENDER နဲ့ လူ့အခွင့်အရေးကိစ္စ၊ အဲဒါတွေလုပ်ကြတယ် နောက်
သဘာဝပတ်ဝန်ကျင်ကိစ္စ ၊ ပြိးတော့ ငြိမ်းချမ်းရေးကိစ္စ ၊ကျန်းမာရေးကတော့ ခေါင်းစဉ်ထွက်ပေမဲ့ ဆွေးနွေးတဲ့ လူအဲဒါနည်းသွားတော့ ကျနော်တို့ ဒီပွဲမှာတော့မပါလိုက်ဘူး မနှစ်ကတော့ ၂၀၁၂ မှာပါတယ်။ ပြီးတော့
တရားဥပဒေမူဝါဒနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ ဟာပါတယ်။ နောက်လူငယ်နဲ့ ခေါင်းဆောင်မှုစွမ်းရည် အဲဒါလည်းပါပါတယ်။…..အနုပညာနဲ့ ယဉ်ကျေးမှုလည်းပါတယ်” ဟု ပြောသည်။
ကယားပြည်နယ် လူငယ်များ ဖိုရမ်ကို ကယားပြည်နယ်အတွင်းရှိမြို့နယ် ခုနှစ်မြို့နယ်မှ လူငယ်ကိုယ်စားလှယ် များအပြင် ပြည်နယ် အတွင်းရှိ လူငယ်အဖွဲ့အစည်းများ စုစုပေါင်း အဖွဲ့ ၃၀ ခန့် ကိုဖိတ်ကြားထားကြောင်း သိရသည်။
"ကျနော်တို့ အစိုးရပိုင်းကို ကျနော်တို့ ဖြစ်စေချင်တာတွေကိုလည်းတင်ပြမယ်။ ဒါတွေလုပ်ပေးပါ… တချို့က လည်း ပုဂ္ဂလိက စီပွားရှင်တွေကို ပြောချင်တဲ့စကားတွေပါမယ်။ တချို့က အရပ်ဖက် ပြည်သူအဖွဲ့အစည်းတွေ ပါမယ်။ NGO တွွေတို့ အဖွဲ့တွေကိုတင်ပြတာတွေရှိမယ်။ တချို့ကတော့ ဒီလူငယ်တွေထလုပ်ရမယ်ဟာတွေ ACTION တွေရှိပါတယ်။ အဲဒါလေးတွေထွက်လာမယ်” လို့ ဆရာ ဘိုဘိုလွင်မှ ဆက်လက် ပြောသွားသည်။