ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်များသည် ၎င်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ရှိရာ နေပြည်တော်တွင် သြဂုတ် ၁၆ ရက်က သွားရောက်တွေ့ဆုံကာ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ ကြကြောင်း ပြန်ကြားရေးမှကိုဇော်သက်ထွေးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။
ယင်းဆွေးနွေးပွဲသို့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမော်လင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ လူမင်း၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာကြည်ဖြူသျှင်၊ ထွန်းအိန္ဒြာဗို ရွေးချယ်ရေးနှင့် ဇာတ်ညွှန်းပြင်ဆင်ရေးဆိုင်ရာ ကိစ္စများအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
“ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားအတွက် လက်ရှိအနေအထားကိုလည်းတင်ပြသလို ကျန်ရှိနေသေးတဲ့ အကြောင်း အရာတွေကိုလည်း ဥက္ကဋ္ဌနဲ့ သွားရောက်တွေ့ဆုံပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်ညွှန်းကတော့ ၂၀ ၁၂ ခုနှစ် ကတည်းကပြီးပါပြီ။ ဇာတ်ညွှန်းကို ဆရာချစ်ဦးညိုနဲ့ ဒါရိုက်တာ ကြည်စိုးထွန်းတို့က ရေးသားထားတာပါ။ သြဂုတ် ၆ ရက်တုန်းကလည်း သြစတြေးလျနိုင်ငံက Production Designer လာရောက်ပြီး ဒီကရုပ်ရှင်ဖြစ် မြောက်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ အဲဒီနေ့တွေ့ဆုံပွဲရဲ့ ဆုံးဖြတ်ချက်တွေ ကိုတော့ ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်နဲ့ စက်တင်ဘာလမှာ ထုတ်ပြန်ပေးမှာပါ”ဟု ကိုဇော်သက်ထွေးက ပြောခဲ့သည်။
ယခုအခါ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ပြင်သစ်နိုင်ငံ Drama School မှ ပညာရှင် Mr. Thierry Bleu က သရုပ်ဆောင်များအား အနီးကပ် ပို့ချလျက်ရှိသည်။