“နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်မည်” ဆိုသည်မှာ မှန်ကန်သော် လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးမီ ကြားကာလ၌ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင် ရန် နည်းလမ်းရှာထားသင့်သည်ဟု RCSS/SSA က ပြောပါသည်။
rcss-bookcoverRCSS/SSA မှ ထုတ်ဝေသည့် မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်စာအုပ် ယနေ့အချိန် ပြည်သူလူထုက မူးယစ်ဆေးဝါးအန္တရာယ်ကို ကြီးကြီးမားမား ရင်ဆိုင်နေကြရသည့်အ တွက် နည်းလမ်းရှာဖွေကာ ဖြေရှင်း သင့်ကြောင်း RCSS/SSA ၏ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်’’စာအုပ် ၌ ရေးသား ထားသည်။
မူးယစ်ဆေးဝါး ပူးပေါင်း တိုက် ဖျက်ရန် RCSS/SSA က UNODC ၊ အစိုးရကိုယ်စား လှယ်တို့နှင့် ၂၀၁၂ အောက်တို ဘာ ၂၇-၂၈ တာချီလိတ်မြို့ ၌ တွေ့ဆုံဆွေးနွေး ကာ သဘောတူညီချက် ၉ ချက် လက်မှတ် ရေးထိုးခဲ့ကြသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ရှေးပြေးစီမံကိန်းကို သျှမ်းပြည်တောင်ပိုင်း မိုးနဲနှင့် မိုင်းပန်မြို့ နယ်၌ ပြု လုပ်မည်ဟုလည်း သဘောတူခဲ့ကြကြောင်း၊ သို့သော် ယနေ့တိုင် အကောင် အထည် ဖော်နိုင်ခြင်း မရှိ ကြောင်းလည်းဖော်ပြထားသည်။
ထိုသို့ အကောင်အထည် မဖော်နိုင်သည့်ကိစ္စနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးကို လွှဲမှားစွာ အသုံးပြု နေမှု ထိန်းချုပ်ရေးကော်မတီ(CCADC)အရာရှိတစ်ဦးက မိမိတို့၌ ဘဏ္ဍာရေး လုံလောက်မှုမရှိသည့် အတွက်ဟု ပြောဆိုပြီး၊ UNODC ကမူ RCSS/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား နေသည့် အတွက် ပြစ်တင်ပြောဆိုပါသည်။ သို့သော် RCSS/SSA က ထိုသို့မအောင်မြင်ရခြင်းမှာ သဘောတူညီချက် ၉ ချက်အနက် နောက်ဆုံးအချက်ဖြစ်သည့် လုံခြုံရေးကိစ္စက ကြောင့်ဖြစ်သည်ဟု ဆိုပါသည်။
“လုံခြုံရေးကို နှစ်ဖက်စလုံး တာဝန်ယူမယ်ဆိုတာကို မြန်မာစစ်တပ်က သဘောမတူဘူး။ စီမံကိန်းနယ် မြေအတွင်းမှာ သျှမ်းတပ်သားတွေကို လက်နက်မပါစေချင်ဘူး။ ဒါပေမဲ့ SSA က စီမံကိန်းနယ်မြေ အပြင်မှာ လက်နက်ကိုင်ပြီး လှုပ်ရှားနေတာဘဲ။ ဒါကြောင့် ကျနော်တို့ သဘောတူညီမှု ရယူနိုင်တယ်။ ဒီအကြောင်း ကြောင့် မလိုအပ်ဘဲ စီမံကိန်းကြံ့ကြာတာ မဖြစ်သင့်ဘူး” ဟု RCSS/SSA ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် က သျှမ်းသံတော်ဆင့်အား ပြောပါသည်။
RCSS/SSA က ဒု-ဗိုလ်မှူးကြီး စိုင်းဟန်က ဦးဆောင်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော် မတီကို ဖွဲ့စည်းထားကြောင်း၊ အဆိုပါ အဖွဲ့သည် သျှမ်းပြည် CCADC ခေါင်းဆောင် ဦးရဲနိုင် ဝင်း၊ သျှမ်းပြည် ရဲချုပ် ဦးဝင်းထွန်းနှင့် ရ ကြိမ်၊ UNODC မှ Jason Eligh နှင့် ၄ ကြိမ် တွေ့ ဆုံခဲ့ကြောင်း၊ မိုးနဲမြို့ နယ်မှပြည်သူ လူထုနှင့်လည်း တစ်ကြိမ် တွေ့ဆုံခဲ့ကြောင်း၊ ရှေ့ပြေး စီမံကိန်းလုပ်မည့် မိုးနဲနှင့်မိုင်းပန်မြို့နယ် သို့ ဘိန်းစိုက်ပျိုးသည့်အခြေအနေ ကွင်းဆင်းလေ့လလာရာ ပြည်သူတို့ ဘိန်းစိုက်ပျိုးကာ ၀မ်းရေးပြသနာ ဖြေရှင်းနေရကြောင်း ဆိုပါသည်။
၂၀၁၂ နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ လွယ်တိုင်းလျဲန်းဌာနချုပ် တွင် မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းသည့် သင်တန်းပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံ တော်ဝင်စီမံကိန်း နည်းလမ်း ကို သုံးပြီး သင်ကြား ပို့ချကြောင်း ဆိုပါသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းခဲ့သည့်အတွက်ဟုဆိုကာ ၂၀၁၂ ဂျွန် ၂၃ ရက်နေ့၌ ထိုင်းနိုင်ငံ ဘုရင့်အတိုင်ပင်ခံ ဗိုလ်ချုပ်ကြီး ဖိကျစ်ကုလဗဲင်နစ်က RCSS/SSA အား ‘ရွှေလင်းယုန်’ ဆုကိုချီးမြှင့်ပေးခဲ့ သည်။
“မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်’’ စာအုပ်တွင် စာမျက်နှာ ၈၂ မျက်နှာပါရှိပြီး သျှမ်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့် ရေးသားထားသည်။