၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ ခေါင်းဆောင် များ နေပြည်တော်တွင် ၀န်ကြီး ၄ ဦးနှင့် တွေ့ဆုံ

၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ ခေါင်းဆောင် များ နေပြည်တော်တွင် ၀န်ကြီး ၄ ဦးနှင့် တွေ့ဆုံ
by -
နိရဥ္စရာ

မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိနေသော ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်) မှ ခေါင်းဆောင် များသည် ယခုလ ၁၃ ရက်နေ့ က နေပြည်တော်သွားရောက်ပြီး ပြည်ထောင်စု ၀န်ကြီး ၄ ဦးနှင့် သွားရောက် တွေ့ဆုံခဲ့သည်။

၎င်းတွေ့ဆုံပွဲကို အဆိုပါနေ့ နေ့လည် ၂ နာရီတွင် နိုင်ငံတော် သမ္မတရုံး အမှတ် (၄) ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ  ခေါင်းဆောင် များ နေပြည်တော်တွင် ၀န်ကြီး ၄ ဦးနှင့် တွေ့ဆုံ

တက်ရောက်ခဲ့သော ပြည်ထောင်စု ၀န်ကြီးများမှာ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ လူဝင်မူဝန်ကြီး ဦးခင်ရီ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးအုန်းမြင့်နှင့် နိုင်ငံတော် သမ္မတရုံး  ဒုဝန်ကြီး ဦးအောင်သိန်းတို့ဖြစ်သည်။

၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ ကိုခိုင်ဆန်းအောင်၊ ကိုခိုင်မြတ်ကျော်၊ ကိုသိန်းမောင်နှင့် ကိုပြေသိန်းတို့ တက်ရောက်ခဲ့သည်။

Arakanese-88-generation-meet-Nyipitaw-photo

ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်) အဖွဲ့ဝင်များ ပြည်တွင်းတွင် ပြန်လည် အခြေစိုက်ရေး ကိစ္စ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စ၊ နယ်စပ် လုံခြံုရေး ကိစ္စ၊ ဘင်္ဂလာဒေချ့်မှ ၀င်ရောက် အခြေချနေထိုင်လာသူ ရခိုင်မျိုးနွယ်စုများ ကိစ္စ စသည့် ကိစ္စရပ်တို့ကို  ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲမှာ နှစ်နာရီနီးပါး အချိန်ကြာမြှင့်ခဲ့ကြောင်း သိရသည်။

Most read this week