မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းတစ်ခု ပထမဆုံးဖွင့်လှစ်ခဲ့ပြီး အဆိုပါ PMC Mobile Hardware & Soft-ware Training Center တွင် မိုုဘိုင်းဖုန်းပြုပြင်ရေးနှင့် ပတ်သက်ပြီး Hardware နှင့် software နှစ်မျိုးစလုံး ကို သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းကို မကွေးမြို့၊ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း၊ အမှတ် (ပ/၇)၊ ကားကြီးဝင်းတောင် ဘက်တွင် ဖွင့်လှစ်ထားပြီး နယ်မှသင်တန်းတက်ရောက်လိုသူများအတွက် အဆောင်အခမဲ့ စီစဉ်ပေးမည့်အပြင် နောက်ပိုင်းအသစ် ထွက်သော နည်းပညာများအတွက် မွမ်းမံသင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်ပေးမည် ဖြစ်သည်။
သင်တန်းတွင် သင်တန်းသားတစ်ဦးကို Laptop တစ်လုံးစီဖြင့် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတက် ရောက်ပြီးသူများ ကို အလုပ်အကိုင်ရရှိရန်လည်း ကူညီမည်ဖြစ်ပြီး ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ရန်လည်းကူညီ ပေးသွားမည် ဖြစ်သည်။
သင်တန်းကာလမှာ နှစ်လဖြစ်ပြီး သင်တန်းဆရာ ၁၀ ဦးဖြင့် တစ်ရက်နှစ်ချိန် ပို့ချပေးမည်ဖြစ်ကာတစ်တန်း လျှင် သင်တန်းသား ၂၀ ဦး သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ တစ်ဦးလျှင် ကျပ်နှစ်သိန်းခွဲဖြစ် သည်ဟု ယင်း သင်တန်းကျောင်းမှ သိရသည်။