ပူးဇင်ကျုံးသည် ချင်းပြည်နယ်ဟားခါးမြို့နယ် ဇိုခွါးကျေးရွာမှ အဖ Pu Kiohlun, အမိ Pi Farcan တို့၏ သားသ မီးရတနာ ၆ ဦးအနက် တတိယမြောက် သားဖြစ်ပြီး သူမွေးဖွားရာဒေသမှာ ချင်းပြည်တောင်ပိုင်း မတူပီမြို့ဖြစ် သည်။
ချင်းပြည်နယ် ဖလမ်းမြို့ကနေ ၁၀ တန်းအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် B A ဘွဲ့ရရှိခဲ့ သည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် ချင်းပြည်နယ်မှ (၈) လေးလုံးအရေးတော်ပုံလှုပ်ရှားမှုကို အောင်မြင်စွာ ဦး ဆောင်နိုင်ခဲ့သည်။
(၈) လေးလုံးအရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်မှ နိုင်ငံတော် အာဏာ သိမ်းယူ အပြီး ကျောင်းသားလူငယ်တွေကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ချိန်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို တိမ်းရှောင် လာပြီး ချင်းတော်လှန်ရေးထဲသို့ ခြေစုံပစ် ၀င်ရောက်ခဲ့သည်။
ယခုလက်ရှိတွင် ချင်းအမျိုးသားတပ်ဦး Chin National Front (CNF) ၏ အထွေထွေအတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
ပူးဇင်ကျုံး၏ ဘဝပုံရိပ်အချို့ နှင့် ချင်းအမျိုးသားတပ်ဦး၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေ၊ CNF အနာဂါတ်၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကိုသိရအောင် ခိုနုမ်းသုန်သတင်းဌာနမှ ဆလိုင်းရောဘတ်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ ချင်းအမျိုးသားတပ်ဦးထဲကို ဘယ်လိုစတင်ဝင်ရောက်လာတာလဲ၊ တော်လှန်ရေးထဲကို ၀င်ရောက် ဖို့ ဘာအကြောင်းအရာတွေက တွန်းပို့ပေးခဲ့လဲ။
ဖြေ ။ ။ ကျောင်းသားဘဝကနေ ပြောရမှာပေါ့၊ ကျနော် တက္ကသိုလ်ကို ၁၉၇၉ ခုနှစ်က စရောက်တာကိုး၊ ၁၉၇၉ – ၁၉၈၃ အကြား တက္ကသိုလ်ကျောင်းသားဘဝ မှာ အမျိုးသားရေးအတွက် လှုပ်ရှားလာခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီတုန်းကလည်း တပါတီအာဏာရှင်စနစ်အောက် မှာ နေလာခဲ့တယ် ဆိုတာ သဘော ပေါက် တယ်၊ ကျနော်တို့ တိုင်းရင်းသားဆီမှာ၊ ပြည်သူလူထုအားလုံးဆီမှာ လွတ်လပ် ခွင့်မရှိဘူး၊ ကျနော်တို့လိုချင်နေတဲ့ ဒီမိုကရေစီ ဘာမှမရှိဘူး၊ နောက် ပင်လုံစာချူပ်မှာ ချုပ်ဆိုလာခဲ့တဲ့ အကြောင်းအရာတွေ၊ အနှစ်သာရတွေ၊ နောက် တောင်ကြီးညီလာခံမှာ တိုင်းရင်းသားအား လုံးတောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူတွေနဲ့ အင်မတန်မှ ကင်းကွာတယ်ဆိုတာ သိခဲ့တယ်၊ ဒီတော့ခါ အဲဒီကတည်းက ဒီအစိုးရ၊ ဒီစနစ်ကို ဖြုတ်ချဖို့ ကျနော်တို့ ကျောင်းသားတွေ တိတ်တိတ် လေး လှုပ်ရှားလာခဲ့တယ် ပေါ့လေ၊ ၁၉၈၈ မတ်လ အရေးအခင်းဖြစ်လာတဲ့အခါကျတော့ တိုင်းပြည်အခြေအနေ က မငြိမ်မသက်ဖြစ်လာတယ်၊ လှုပ်ရှားမှုက ပိုမိုကြီးထွားနိုင်တယ်ဆိုတာကို ကျနော်သ ဘောပေါက်တယ်၊ အဲဒီချိန်ကတည်းက ချင်းပြည်နယ်မြို့ တော် ဟားခါးကို ပြန်ပြီးတော့ ချင်းလူငယ်အ စည်းအရုံးကိုဖွဲ့ စည်းလိုက်တယ်၊ အဲဒီမှာ ကျနော်က အထွေထွေ အတွင်းရေးမှူးလုပ်ပါတယ်၊ ကျောင်းသားတွေနဲ့စည်းရုံး ပြီးတော့ တကယ်လို့များ လူထုအုံကြွမှုကြီးဖြစ်လာရင် ဆိုပြီး ပြင်ဆင်မှုတွေလုပ်ခဲ့တယ်၊ ကျနော်တို့ ထင်ထားတဲ့အတိုင်းပါဘဲ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ မှာ အရေးအခင်းဖြစ်လာတယ်၊ ချင်းပြည်နယ်မှာရှိတဲ့ ကျောင်းသားတွေ၊ လူငယ်တွေနဲ့ ပူးပေါင်းပြီးတော့ အရေးတော်ပုံကြီးမှာ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ တက်တက်ကြွကြွပါ၀င်ခဲ့ပါတယ်၊ မထင်မှတ်ဘဲ နဲ့ စစ်တပ်က ပြန်ပြီး အာဏာ သိမ်းတဲ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ ချင်းပြည်နယ်မှာ ဒီသပိတ်ကြီးကို ကောင်း ကောင်း မွန်မွန်ထိမ်းထားနိုင်ခဲ့တယ်၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းမယ့် ဆီးမယ် လွတ်လွတ်လပ်လပ် တိုင်းပြည်မှာ နေလို့မရတော့မယ့် အနေအထားမျိုးဖြစ်လာတဲ့အခါကျတော့ တဖက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံလာတယ်၊ အဲဒီက စပြီးတော့မှ ချင်းအမျိုးသားတပ်ဦးထဲကို ၀င်လာဖို့ အကြောင်းတရားတွေဖြစ်လာ တယ်၊ ၁၉၈၈ အောက်တိုဘာလ (၆) ရက်နေ့မှာ ကျနော် ဟားခါးကနေ ထွက်လာပါတယ်၊ အိန္ဒိယနိုင်ငံ ကျန်ဖိုင်းကိုရောက် တယ်၊ အဲဒီတုန်းက အိန္ဒိယက ဒုက္ခသည်စခန်းလုပ်ပေးပါတယ်၊ ကျန်ဖိုင်း ဒုက္ခသည်စ ခန်းမှာ ၁၉၈၈ ဒီဇင်ဘာလကုန်ထိ ကျနော်နေပါတယ်၊ အဲဒီတုန်း ကတော့ Burma Democratic Force (Western) ဆိုပြီး ဖွဲ့ပါတယ်၊ ဒါပေမယ့် ဒီကြားထဲမှာဘဲ ချင်းအမျိုးသားတပ်ဦးက ခေါင်းဆောင်တချို့နဲ့တွေ့ပြီးမှ ချင်းအမျိုးသား တပ်ဦးထဲမှာ ပါ၀င်ရေး၊ မပါ၀င်ရေးဆွေးနွေးပါတယ်၊ CNF ရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးအတွက်ဆိုတဲ့ ဦးတည်ချက်ကို ကျနော်တို့ နှစ်သက်တယ်၊ မြတ်နိုးတယ် တောက်လျှောက်လည်း အဲဒီအတွက် ကျနော်တို့လှုပ်ရှား လာခဲ့တယ် ဒါကြောင့် ချင်းအမျိုးသားတပ်ဦးထဲကို ကျနော်ပါ၀င်လာရခြင်းဖြစ် တယ်။
မေး ။ ။ CNF မှာ စတင်ဝင်ရောက်လာပြီးတဲ့နောက်ပိုင်း ဘာ တာဝန်တွေ ထမ်းဆောင်ခဲ့သလဲ။
ဖြေ ။ ။ ပထမဦးဆုံး တပ်မတော် တာဝန်ထမ်းဆောင်မှုကို ကျနော်အရင်ပြောပါမယ်၊ ၁၉၈၉ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျနော် ချင်းအမျိုးသားတပ်ဦးမှာ စဝင်ပါတယ်၊ စစဝင်ချင်းဘဲ စစ်သင်တန်းတက်ဖို့ အတွက် ကချင်ပြည်နယ် ကိုကျနော်တို့သွားပါတယ်၊ ကချင်လွတ်လပ်ရေးအဖွဲ့ထံကိုပေါ့လေ၊ ၁၉၈၉ မတ်လ ၂၂ ရက်နေ့မှာ ကချင်လွတ်လပ်ရေး အဖွဲ့ထံကနေ စစ်သင်တန်းစယူပါတယ်၊ အဲဒီတုန်းက ကျနော်တို့ ရဲဘော် ရ၀ ရှိပါတယ်၊ သင်တန်းယူရင်းနဲ့ လက်တွေ့ တိုက်ပွဲဝင်ရင်းနဲ့ ကချင်မှာ ကျနော်တို့ ၂ နှစ်ခွဲကျော် ကြာပါတယ်၊ အဲဒီတုန်းကတော့ ကချင်မှာရှိတဲ့ တပ်မတော်ကို ကျနော်ဦးဆောင်ခဲ့ပါတယ်၊ ၂ နှစ်ခွဲပြည့်တဲ့နောက်ပိုင်းမှာမှ ခြေကျင်နဲ့ တရုတ်ပြည်နယ်စပ်ကနေ ချင်းပြည်နယ် – ဘင်္ဂလားဒေရှ့်နယ်စပ်အထိ ပြန်လာပါတယ်၊ လမ်းခရီးမှာ တစ်နှစ်ကျော် ကြာတယ်၊ အဲဒီတုန်းကတော့ တပ်မှူးအ နေအထားနဲ့ဘဲ ထမ်းဆောင်ခဲ့ပါတယ်၊ ၁၉၉၃ ခုနှစ် ပထမဆုံးအကြိမ် ပါတီညီလာခံကနေပြီးတော့မှ ကျနော့ ကို ချင်းအမျိုးသားတပ်မတော်ရဲ့ ဒုတိယ စစ်ဦးစီး ချုပ်တာဝန်ပေးပါတယ်၊ နောက် ၁၉၉၇ ခုနှစ်ကစပြီး ကျနော့ကို တပ်မတော်စစ်ဦးစီးချုပ်တာဝန်ကိုပေးပါတယ်၊ ၂၀၀၀ ခုနှစ် အောက်တိုဘာလအထိ အဲဒီတာဝန်ကို ထမ်း ဆောင် ပါတယ်၊ ၂၀၀၁ ကနေပြီး ကျနော်တို့ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ ဟာ တပ်မတော်မှာ တာဝန်မထမ်းဆောင်ဘဲ ပါတီမှာသာ တာဝန်ထမ်းဆောင်ဖို့ ချမှတ်လာတဲ့မူအရ တပ်မတော်ကနေ နားပြီး ပါတီတာဝန်ကိုထမ်းဆောင် လာ တာဖြစ်ပါတယ်။ ပါတီ ပိုင်းမှာတော့ ၁၉၈၉ ကနေ ၁၉၉၃ အထိ ကျနော် ရိုးရိုးပါတီဝင်ဖြစ်ပါတယ်၊ ၁၉၉၃ ပထမအကြိမ် ပါတီညီလာခံကနေ ကျနော့ကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အနေနဲ့ရွေးချယ် တာဝန်ပေး ပါတယ်၊ နောက် ၁၉၉၇ ခုနှစ် ဒုတိယ အကြိမ် ပါတီညီလာခံမှာ ကျနော့ကို ဒုတိယဥက္ကဌ တာဝန်ပေးပါတယ်၊ နောက် ၂၀၀၈ စတုတ္ထအကြိမ် ပါတီ ညီလာ ခံမှာ ဥက္ကဌ တာဝန်ထမ်းဆောင်ပါတယ်၊ ၂၀၁၁ ဒီဇင်ဘာလ အရေးပေါ် ပါတီညီလာခံမှာ ပါတီရဲ့ ဖွဲ့စည်းပုံတွေ အပြောင်းလဲတွေလုပ်ပြီးမှ ကျနော် အထွေထွေ အတွင်း ရေးမှူးချုပ် တာဝန်ကို စတင်ထမ်းဆောင်ပါတယ်၊ ဒီကနေ့အထိပေါ့။
မေး ။ ။ တော်လှန်ရေးကာလမှာ ထောင် ကျဘူးတယ်လို့လည်းသိရပါတယ်။
ဖြေ ။ ။ ကျနော် ထောင် ၂ ခါ ကျဘူးပါတယ်၊ တခါကတော့ အိန္ဒိယမှာပါ၊ ၁၉၉၃ ခုနှစ်ကပါ၊ အိန္ဒိယ အစိုးရ ကနေပြီးတော့ ကျတော်တို့အား အိန္ဒိယကို ပုန်ကန်တယ်၊ အဲဒီလို ပုန်ကန်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကို ကူညီတယ်၊ အားပေးတယ် ဆိုတဲ့ ပုဒ်မနဲ့ ကျနော့ကိုဆွဲပါတယ်၊ India Penal Code (IPC 121-125) နဲ့ ဆွဲတာပါ၊ အဲဒီတုန်းက ကျနော့ကို အာမခံခွင့်မရှိတဲ့ အမှုနဲ့ဆွဲပါတယ်၊ နောက်တော့ Guwahati တရားရုံးမှာ အယူခံဝင်ပြီး ၆ လအကြာမှာ အာမခံရပါတယ်၊ ကျနော့ အမှုကို ရှေ့နေတွေနဲ့ ရင်ဆိုင်တဲ့အခါကျ တော့ ၂ နှစ်အတွင်း အဲဒီအမှုကို ကျနော်နိုင်ပါတယ်၊ အိုင်ဇောလ် ဗဟိုထောင်မှာ ကျနော် ၆ လ ထောင်ကျခဲ့ပါ တယ်။ ၁၉၉၈ ခုနှစ်ကစပြီး နိုင်ငံတကာကို ကျနော်စထွက်ပါတယ်၊ ၂၀၀၄ မှာ ပဥ္စမအကြိမ်မြောက်အမေရိကန် နိုင်ငံ အဝင်မှာ ကျနော်အဖမ်းခံရပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ကျနော်က ဗမာပြည်ကဆိုပေမယ့် ဗမာ နိုင်ငံကူးလက်မှတ်ကိုင်လို့မရဘူး၊ ဒါကြောင့် ကျနော်တို့ဌာနချုပ်နဲ့နီးတဲ့ ဘင်္ဂလားဒေရှ့်ရဲ့ နိုင်ငံကူးလက်မှတ် ကိုကိုင်ပါတယ်၊ ဘင်္ဂလာဒေရှ့ နိုင်ငံကူး လက်မှတ်ကိုင် ဆောင်သူမှန်သမျှဟာ ၂၀၀၁ 9/11 ပြီးတဲ့နောက်ပိုင်း မှာမှ ထုတ်တဲ့ဥပဒေအနေနဲ့ နိုင်ငံတကာရဲ့ နိုင်ငံကူး လက်မှတ်တွေ စီစစ်တဲ့နေရာမှာ ကျနော်ကိုင်တဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံကူးလက်မှတ်ဟာ သူတို့အခေါ်က NSEER (National Security Entry Exit Registration) အရ ဘင်္ဂလားဒေရှ့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် သူမှန်သမျှဟာ အဝင်အထွက်မှာ သတင်းပို့ရမယ်ဆိုတာ ဥပဒေမှာပြဌာန်းတယ်၊ ဥရောပကနေ အမေရိက ကို ပြန်အဝင်မှာ သတင်းမပို့ဘူးဆိုပြီး ကျနော့ကိုဖမ်းပါတယ်၊ ကျနော့ကွန်ပျူတာတွေ၊ စာရွက်စာတမ်းတွေ စစ်တော့ ကျနော့်ကို ဘင်္ဂလားဒေရှ့်နိုင်ငံသားမှန်းသိသွားတယ်၊ ကျနော့်အခြေအနေမှန်ကို ပြောပြ တော့ အဲဒီမှာ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုနဲ့ ကျနော့ကိုဖမ်းပါ တယ်၊ ထောင်ထဲထည့်တယ်၊ ပထမဆုံး ပြစ်မှု ဆိုင်ရာ ဥပဒေနဲ့ဆွဲပါတယ်၊ တလအ တွင်းမှာ တရားသူကြီးက ကျနော့ကိုထုတ်ပါတယ်၊ ဒါပေမယ့် Immigration ထောင်ကို ပို့ပါတယ်၊ အမေရိက နိုင်ငံရဲ့ဥပဒေအရ ကျနော့ကို အိန္ဒိယ၊ ဘင်္ဂလားဒေရှ့် သို့မဟုတ် ထိုင်းနိုင်ငံကို ပို့လို့ရှိ ရင် ကျနော်ပြန်ချင်ပါတယ်၊ ကျနောဒီမှာ ဘာမှလုပ်စရာမရှိဘူးလို့ ပြောပေမယ့် ခင်ဗျားက မြန်မာနိုင်ငံသား ဖြစ်တယ် ပြန်ချင်လို့ရှိရင် မြန်မာနိုင်ငံ ကိုဘဲ ပို့မယ်ဆိုတဲ့အဖြေဘဲ ရပါတယ်၊ ဒါနဲ့ ကျနော့ရှေ့နေတွေ၊ အကြံပေးတဲ့သူတွေက လည်း ခင်ဗျား ခိုလုံခွင့် လျှောက်ပါ၊ အဲဒါမှ ထွက်နိုင်မယ် ဆိုတော့ ကျနော်က မယူချင်ဘူး၊ မိခင်ပါတီ ကို အကြောင်းကြားဦးမယ်ဆိုပြီး CNF ကိုအကြောင်းကြားတယ်၊ ဘယ်လိုမှ ထွက်နိုင်တဲ့နည်းလမ်းမရှိတော့ဘူးဆိုရင် ခိုလှုံ ခွင့်လျှောက်ပါ ဆိုတဲ့ပါတီခွင့်ပြု ချက်ကြောင့် ၃ လအကြာမှာ ခိုလှုံခွင့်ကိုလျှောက်လိုက်တယ်၊ အဲလိုနဲ့ပဲ ကျနော့ ကို ပြန်လွှတ်ပေး လိုက်ပါတယ်။
မေး ။ ။ CNF နှင့် အစိုးရအကြား ငြိမ်းချမ်းရေးသဘောတူညီချက်အရ CNF ဘက်က လုပ်ငန်းအကောင် အထည်ဖော်မှုတွေ ကိုလည်း ပြောပြပေးစေချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့ ၂၀၁၂ ဇန်နဝါရီလ ၆ ရက်နေ့ ပြည်နယ်အဆင့် စာချုပ်မှာ ၉ ချက်ရပါတယ်၊ ၂၀၁၂ မေလ ရ ရက်နေ့ ပြည်ထောင်စုအဆင့် ပထမအကြိမ်ဆွေးနွေးပွဲမှာ ၁၅ ချက်ရပါတယ်၊ နောက် ၂၀၁၂ ဒီဇင်ဘာလ ၉ ရက်နေ့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ ၂၇ ချက်ရပါတယ်၊ အားလုံးစုစုပေါင်း ၅၁ ချက်ရှိပါတယ်၊ တိုင်းရင်းသားထဲမှာတော့ ကျနော်တို့က အချက် အများဆုံးပေါ့လေ၊ ဒီထဲမှာ ကျနော်တို့ အကောင် အထည်ဖော်တာ တွေ အများကြီးရှိပါတယ်၊ ပထမ ကတော့ နှစ်ဖက် တိုက်ခိုက်မှုတွေရပ်ဆိုင်း မယ်ဆိုတဲ့ သဘောတူညီချက်ဟာ ဒီကနေ့ အထိ ကောင်းကောင်းမွန်မွန်ထိမ်းသိန်းနိုင်တယ်၊ ဒုတိယ မှာ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာ အခြေချဖို့ဆိုတဲ့ သဘောတူညီချက်က အခုဆိုရင် ၀ိတိုရိယတပ်စခန်း ဆိုရင် အခြေချနေပါပြီ၊ နောက်ပြီး ချင်းအမျိုးသား တပ်ဦးအဖွဲ့ ၀င်တွေနဲ့ ချင်းအမျိုးသား တပ်မတော်သား တွေလည်း လက်နက်မပါဘဲ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်သွားလာ လှုပ်ရှားခွင့်ရှိတယ်၊ ချင်းအမျိုးသား တပ်ဦးအနေနဲ့ ချင်းပြည်နယ် ရ မြို့နယ်လောက်မှာ ပြည်သူလူထုတွေ့ဆုံပွဲတွေ လုပ်နိုင်ခဲ့တယ်၊ ဆက်ဆံရေးရုံး ၃ ရုံးကိုလည်း ဖွင့်နိုင်ခဲ့တယ် အဲဒီအပြင် စီပွားရေးရုံး ၂ ရုံးလည်းဖွင့်နိုင်ခဲ့တယ်၊ နိုင်ငံ တကာမှာရှိနေတဲ့ ချင်းအမျိုးသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာတွေလုပ်ပေးနိုင်ခဲ့တယ်၊ ချင်းအမျိုးသားနေ့ကိုလည်း ဟားခါးမှာ စည်စည်ကား ကားကျင်းပနိုင်ခဲ့တယ်၊ နိုင်ငံရေးစီစစ်ရေးကဒ်ပြားတွေကိုလည်း ကျနော်တို့တင်သလောက် ချပေးတာကိုတွေ့ရတယ်၊ ဒါ့အပြင် သဘောတူညီချက်ထဲမှာ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးကိစ္စတွေ၊ လိုအပ်တဲ့ ကိစ္စတွေ ကူညီပေးမယ်ဆိုတဲ့ကိစ္စတွေပါတော့ အဲဒီကိစ္စမှာလည်း မကြာခင်မှာ ကျနော်တို့ ဖြည့်စီးပေး နိုင်မယ့်အနေ အထားမျိုး တော်တော်များများရှိတယ်လို့ ယူဆပါတယ်၊
မေး ။ ။ အစိုးရ နှင့် ငြိမ်းချမ်းရေးမယူခင် နှင့် ငြိမ်းချမ်းရေးရယူပြီး CNF ရဲ့ တော်လှန်ရေးလှုပ်ရှားမှု အနေအ ထားက ဘယ်လို ကွာဟမှုရှိလဲ။
ဖြေ ။ ။ အပစ်အခတ်ရပ်စဲရေးမလုပ်ခင်ကတော့ အစိုးရလို့ပြောမလား တပ်မတော်လို့ပြောမလား သူတို့ နဲ့ဆိုရင် ရန်သူလို ဆက်ဆံရတော့ သွားရေး လာရေးကတော့ မလွတ်လပ်ဘူးပေါ့ဗျာ၊ ဒါပေမယ့် အပစ်ခတ်ရပ်စဲတဲ့ နောက်မှာတော့ သွားရေးလာရေး ပိုမိုလွတ်လွတ်လပ်လပ်ရှိလာတယ်၊ နံဘတ် ၂ မှာတော့ အပစ်ခတ်ရပ်စဲရေး မလုပ်ခင်မှာ ပြည်သူတွေနဲ့ ထိတွေ့ဖို့ အင်မတန်ခက်ခဲပါတယ်၊ ကျနော်တို့ကလည်း အစိုးရဆန့်ကျင်တဲ့အဖွဲ့အစည်း ဆိုတော့ ပြည်သူတွေကလည်း မဆက်ဆံရဲတဲ့အနေအထားမျိုး၊ ကျနော်တို့ ထုတ်ထားတဲ့ ဂျာနယ်တွေ စာတမ်းတွေ တောင်မှာ မဖတ်ရဲတဲ့အနေအထားမျိုး၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဥပဒေအရ အဲဒါမျိုးတွေ့လို့ရှိရင် ထောင်ဒဏ် နှစ် ၂၀ ၃၀ ထောင်ကျနိုင်တာကိုး၊ ဆိုတော့ ပြည်သူကတော် တော်ကြောက်တယ်၊ ခုဆိုရင် ပြည်သူတွေနဲ့ဆက်ဆံတဲ့နေရာမှာ ပိုပွင့်လင်း လာတယ်၊ အားကောင်းလာတယ်၊ ကျနော်တို့ပေးချင်တဲ့ အကြောင်းအရာတွေပေးလို့ရတယ်၊ ပြည်သူတွေ ကလည်း သူတို့ခံစားချက်တင်ပြတာ တွေ ကျနော်တို့ အများကြီးတွေ့ရတယ်၊ နောက် တရားဝင်ရုံးဖွင့်ခွင့်တွေရလာတယ် ဆိုတော့ ပြည်နယ်အစိုး ရနဲ့လည်း ထိတွေ့မှုပိုကောင်းလာတယ်၊ ပြည်နယ်အစိုးရရဲ့အနေအထားပိုသိလာတယ်၊ ဌာနဆိုင်ရာအနေ အထားပိုသိလာတယ်၊ ပြည်ထောင်စုအစိုးရနဲ့ထိတွေ့မှုရှိလာပြီဆိုတော့ အထဲမှာ ဘာဖြစ်နေသလဲဆို တာ ပိုသိလာတယ်၊ နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ထိတွေ့မှုရှိလာတယ်ဆိုတော့ ဒါတွေဟာ အပစ်ခတ်မရပ်စဲခင် နဲ့ ရပ်စဲပြီးကာလမှာ အဓိက ကွာခြားမှုလို့ ဆိုချင်ပါတယ်၊ နောက်လာမယ့်အပိုင်းမှာလည်း ဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်ဆိုရင် နှစ်ပေါင်း ၆၃ နှစ်ကြာ ပြည်တွင်းစစ်ကာလ သို့မဟုတ် မြန်မာနိုင်ငံ ရေးဖြစ်စဉ် မှာ မကြံုဘူးတဲ့ ၊ မတွေ့ဘူးတဲ့၊ မဖြစ်ဘူးတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်လာနိုင်မယ်ဆိုလို့ရှိရင် ဒါဟာ အင်မတန်မှ ကွာခြားတဲ့ အခင်း အကျဉ်းဖြစ်ပါလိမ်မယ်လို့ ယူဆပါတယ်။
မေး ။ ။ အစိုးရ နှင့် CNF အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဘယ်တော့လောက် ဆက်လုပ်သွား ဖို့ရှိလဲ။
ဖြေ ။ ။ ချင်းအမျိုးသားတပ်ဦး နဲ့ အစိုးရကြားထဲမှာပေါ့လေ ၃ ကြိမ် စာချုပ်ချုပ်ပြီးပြီ ဒါပေမယ့် ၃ ကြိမ်စလုံးမှာ မပြီးပြတ်သေးတဲ့အရာတွေအများကြီးရှိသေးတယ်၊ နောက်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ ဆက် လက်ဆွေး နွေးမယ်ဆိုတဲ့ သဘောတူညီချက်ထဲမှာ ထည့်သွင်းထားတာလည်း အားလုံး အသိ ပဲဖြစ်ပါတယ်၊ ဒီတော့ခါ အဲဒီဘက်ကို မကူးခင် ကျနော်တို့ သဘောတူညီချက်ရရှိပြီးသား ၅၁ ချက်ကို ဖြည့်ဆည်း ဖို့အများကြီးလိုပါ သေးတယ်၊ ဒါတွေကို တခုချင်း ဖြည့်စည်းပြီး လုပ်ဆောင်မှဘဲ နောက်တကြိမ် သွားလို့ရှိရင် အဓိပ္ပါယ်ပိုရှိမယ်လို့ ကျနော် တို့ယူဆတဲ့ခြေလှမ်းချက်ပေါ်မှာ လောလောလတ်လတ်တော့ ချင်းအမျိုးသား တပ်ဦး နဲ့ အစိုးရကြားမှာ ဆွေးနွေးဖို့မရှိ သေးပါဘူး။
မေး ။ ။ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KIA တို့ ရှမ်းပြည်နယ်တပ်မတော်တို့ နဲ့ အစိုးရအ ကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရှိလာပေမယ့် ဘာလို့ခုချိန်ထိ သူတို့ဒေသမှာ သေနတ်သံမ တိတ်နိုင်သေးတာလဲ၊ အဲဒီအပေါ် ဘယ်လိုသုံးသပ်လဲ။
ဖြေ ။ ။ ကျနော်တို့လည်း စိတ်မကောင်းဘူး၊ ဥပမာ – SSPP/SSA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးပြီ၊ အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်း အစိုးရတပ် နဲ့ တိုက်ပွဲ ၁၀၀ ကျော်ဖြစ်နေပြီ၊ မကြာခင်က ပြီးဆုံးသွားတဲ့ တိုင်း ရင်းသား ညီလာခံမှာ အကျယ်တဝင့် ကျနော်တို့ဆွေးနွေးကြတယ်၊ ဘာကြောင့် အပစ်အခတ်ရပ်စဲပြီး အစိုးရတပ် ဆက်တိုက်နေသလဲ၊ နယ်မြေစိုးမိုးရေးအတွက် နယ်မြေတွေ လာတိုးချဲ့နေတယ်ဆိုတာ ကျနော်တို့ စဉ်းစားလို့မရဘူး၊ ဒါပေမယ့် ကျနော်တို့ကောက်ချက်ချ လို့ရတာက ဒီအစိုးရက ဒီငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့ ဆန္ဒရှိရဲ့လား ဆိုတဲ့ဟာက အများစုကမေးခွန်းထုတ်ကြပါတယ်၊ တဖက်မှာ ငြိမ်းချမ်ရေးစာချုပ်ချုပ်တဲ့နေရာမှာ နှစ်ဖက် အပစ်အ ခတ်ရပ်စဲမယ်ဆိုရုံလောက်နဲ့မပြည့်စုံဘူး၊ အပစ်အခတ်ရပ်စဲလို့ရှိရင် ဘယ်လိုအဆက်အသွယ်လုပ်ကြမလဲ၊ ဘယ်လို ဘောင်နဲ့ နယ်မြေတွေကို စိုးမိုးကြမလဲ၊ တဖက်က လာချင်လို့ရှိရင် ဘယ်လိုလမ်းဖွင့်ပေးမယ်၊ ဘယ်လိုဆက် သွယ်ကြ မလဲဆိုတဲ့ TOR (Time of reference ) တွေ ခပ်များများ လုပ်ဖို့လိုပါတယ်၊ ဒါ့အပြင် Military Code of Conduct စစ်ဘက်ဆိုင်ရာကျင့်ထုံး၊ လမ်းညွန်မှုဥပဒေ အဲဒါ နှစ်ဘက်ကြားမှာရှိရမယ်၊ ဒါမှလည်း တိုက်ပွဲတွေကို ရှောင်ရှား နိုင်မှာဖြစ် တယ်လို့ နိုင်ငံတကာရဲ့လုပ်နေကျပုံစံကို လေ့လာခြင်းအားဖြင့် သိရတယ်၊ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်း ရေးတည်ဆောက်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲဖို့လိုတယ်၊ အပစ်အခတ ်ရပ်စဲရေး ခိုင်မာဖို့ဆိုရင် ခုနကလို ကျင့်ထုံးဥပဒေ တွေ၊ လိုက်နာရမယ့် စည်းကမ်းလေးတွေ အဲဒီဟာတွေ အတိအကျ လုပ်ဖို့လိုတယ်၊ ဒါကြောင့် လာမယ့် မကြာတော့တဲ့ ကာလ သို့မဟုတ် အနာဂါတ်မှာ တပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆွေးနွေးကောင်း ဆွေးနွေး လာလိမ့်မယ်၊ ဖြစ်လာခဲ့သော် အဲဒီကိစ္စကို ကောင်းကောင်းမွန်မွန် ချဖို့လိုပါတယ်၊ ကချင်အရေးမှာတော့ ဒီကနေ့အထိ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးပါဘူး၊ ၁၉၉၄ ခုနှစ်ရဲ့ အပစ်အခတ်ရပ်စဲရေးကိုဘဲ ကချင်ကတော့ ခုထိ ကိုင်နေတယ်၊ အဲဒါက နဝတ ခေတ်တုန်းက ချုပ်ထားတဲ့စာချုပ်ကိစ္စဆိုတော့ အခု အစိုးရသစ်နဲ့ စာချုပ်ချုပ်သင့်တယ် လို့ အစိုးရဘက်တော့ တင်ပြတယ်၊ ကချင်ဘက်တော့ ကျနော်တို့ချုပ်ပြီးပြီ ၁၇ နှစ်ကြာကျနော်တို့သွားတယ် ဘာမှ စာချုပ်ကို အကောင်ထည်ဖော်တာတော့မဟုတ်ဘဲနဲ့ အမျိုးသား ညီလာခံမှာ တောင်မှ ကျနော်တို့လိုချင်တဲ့အချက် တင်ပြတာ ဒီကနေ့ထိ ဘာမှဖြစ်မလာတော့ ချုပ်ရင်လည်း အလကားဖြစ်မှာဘဲ နိုင်ငံရေးဆွေးနွေးပွဲအရင်သွားမယ် ဆိုပြီး ဖြစ်လာ တဲ့အခါကျတော့ ဒါကတော့ နှစ်ပါတီကြားထဲမှာ ညှိနှိုင်းရမယ့်အရာဖြစ်တယ်လို့ ယူဆပါတယ်။
မေး ။ ။ ချင်းအမျိုးသားတပ်ဦးအနေနဲ့ နိုင်ငံရေးပါတီအသွင်ပြောင်းပြီး ရှေ့လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အစီစဉ်ရှိမရှိ သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့ တော်လှန်ရေးကာလ ၂၅ နှစ်အတွင်းမှာ ပါတီညီလာခံ ၅ ကြိမ်ပြုလုပ်ပြီးတဲ့ တောက် လျှောက် ကျနော်တို့ ဆုံးဖြတ်ချက်တွေမှာ နိုင်ငံရေးပါတီ အသွင်ကို ကျနော်တို့မပြောင်းဘူး၊ CNF ကတော့ အမျိုးသား တော်လှန်ရေးလုပ်နေတယ်၊ အမျိုးသားရေးနိုင်ငံရေးကိုလုပ်နေတဲ့ အားလျော်စွာ နိုင်ငံရေးပါတီ အသွင် အဖြစ် မပြောင်း ဘူးလို့ ကျနောတို့ဆုံးဖြတ်ထားပါတယ်၊ ဒီတော့ခါ ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ဖို့မရှိပါဘူး၊ ပါတီနိုင်ငံရေးအသွင် ပြောင်းဖို့လည်းမရှိဘူး၊ ချင်း အမျိုးသား တရပ်လုံးရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီ အခွင့်အရေးအပြည့်ဝရရှိဖို့၊ ကျနော်တို့ပြည်ထောင်စုကြီးဟာ ပင်လုံညီလာခံ က ချမှတ် ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု အသွင်ကို တည်ဆောက်နိုင်တဲ့တနေ့ကျရင် ချင်းအမျိုးသားတပ်ဦးရဲ့ တာဝန်ဟာပြီးပြီလို့ဘဲ ကျနော်တို့ခံယူပါတယ်၊ အဲဒီချိန် ကျရင် ပြည်သူလူထုကလည်း သူတို့ကြိုက်နှစ်သက်တဲ့ပါတီ၊ ပုဂ္ဂိုလ်တွေကို တိုင်းပြည်ကိုဦးဆောင်ဖို့ ရွေးပါလိမ့်မယ်၊ ကျနော်တို့ CNF အနေနဲ့ ပါတီနိုင်ငံရေးအသွင်ပြောင်းဖို့မရှိပါဘူးလို့ ပြောချင်ပါတယ်။
မေး ။ ။ တရုတ် ကုပ္မဏီကနေ တူးဖော်ဖို့ စီစဉ်နေတဲ့ ချင်းပြည်နယ် တီန်းတိန်မြို့နယ်ထဲမှာရှိတဲ့ မြွေ တောင်၊ ဖားတောင် သတ္တုတူးဖော်ရေးစီမံကိန်းအပေါ် CNF ရဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ ။ ။ မြွေတောင် စီမံကိန်းတခုတည်းမဟုတ်ပါဘူး၊ ဥပမာ ကုလားတန်မြစ်စီမံကိန်းတို့ မဏိပူရ ရေအားလျှပ်စစ်ထုတ်လုပ်မယ့်ကိစ္စတို့ တော်တော် များများရှိပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ၂၀၁၂ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေးဆွေးနွေးပွဲ စာချုပ်ချုပ်တဲ့ထဲမှာပါပါတယ်၊ ဘာတွေ ပါလဲဆိုတော့ သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုကို လေ့လာပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒသဘော ထားတွေကို အခြေခံပြီးမှ သဘာဝ အရင်း အမြစ်တူး ဖော်တာဘဲဖြစ်ဖြစ်၊ ရေးအားလျှပ်စစ် ထုတ်လုပ် တာပဲဖြစ်ဖြစ် ကြီးမားတဲ့ စီမံကိန်းတွေ အကောင်ထည်ဖော်တော့မယ်ဆိုရင် ပြည်သူလူထုရဲ့ သဘောထားကို အရင်ယူ ရမယ်လို့ အတိအလင်းဖော်ပြထားပါ တယ်၊ ပြည်သူကမကြိုက်ဘူးဆိုရင် ပြည်သူ့အသံဟာနောက်ဆုံး သောအသံဖြစ်ပါတယ်၊ ကျနော်တို့ CNF ကလည်း ပြည်သူ့ အသံကိုလိုက်ပြီးမှ ပြောလာပါလိမ့်မယ် ပြည်သူ တွေရဲ့ ဆုံးဖြတ်ချက်တိုင်း ပြည်သူတွေရဲ့သဘောထားအတိုင်း ကျနော်တို့ကတော့ ပြည်သူ့တော်လှန်ရေး လုပ်တာနဲ့အညီ ပြည်သူတွေနဲ့တသားတည်းကျမှာဖြစ်ပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ ခိုနုမ်းသုန်သတင်းဌာနကနေတဆင့် ချင်းပြည်သူတွေထံ ဘာများအမှာ စကားပြော ချင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ဒီကနေ့ တွေ့ကြံုနေရတဲ့ နိုင်ငံရေးအခင်းအကျဉ်းဟာ အင်မတန်မှ အရေးကြီးတဲ့ အခြေအနေရောက်နေတယ်လို့ ဆိုချင်ပါတယ်၊ အခြေ အနေတရပ်ဟာ အချိန်ကာလတခု ကို ရောက်လို့ရှိရင် ကုန်လွန် တတ်ပြီးတော့မှ အဲဒီအချိန်ကာလကို ကျနော်တို့ပြန်ပြီးရခဲတဲ့ အနေအထား မျိုးဖြစ်သွားလေ့ရှိပါတယ်၊ ထိုနည်း၎င်း ဒီကနေ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ၊ နောက် ကျနော်တို့ ချင်းအမျိုးသားတိုင်း၊ ချင်းပြည်သူတွေက လိုလားနေတဲ့ လိုအင်ဆန္ဒတွေ၊ ပြောမယ်ဆိုရင် ကျနော်တို့ကို အင်္ဂလိပ်တွေ မအုပ်ချုပ်ခင်ကတည်းက ကိုယ့်ဟာကိုယ် အုပ်ချုပ်ပြီးလွတ်လွတ်လပ်လပ်နေ ထိုင်ခဲ့တဲ့ အချိန်မျိုး ဖန်တီးဖို့ရာအတွက် ဒီကနေ့ဟာ အခွင့်ကောင်း၊ အခါကောင်း၊ အချိန် ကောင်း၊ လုပ်ဆောင်ရမယ့်အချိန်ဖြစ် တယ်လို့ ယူဆပါတယ်၊ ဒီလိုမျိုးအချိန်မှာ အားလုံးသော ချင်းအမျိုးသားတိုင်း၊ ချင်းပြည် သူတိုင်းဟာ တောင်၊ မြောက်၊ အရှေ့၊ အနောက် ဆိုတဲ့ ၀ီဝါဓ ကွဲပြားတာတွေ မျိုးနွယ်စုအလိုက် အတွေးခေါ် လေးတွေကွဲပြားတာ ကို ထားပြီးတော့မှ အမျိုးသား ရေးအတွက် အတူတကွ လုပ်ဆောင်ဖို့အချိန်တန်ပါပြီ၊ ထိုနည်း၎င်း ဘဲ ရေရည်တည်တံတဲ့ငြိမ်းချမ်းရေးရရှိဖို့ရန်အတွက် လူတဦး၊ တစု၊ တဖွဲ့ ကလုပ်လို့မရပါဘူး၊ အဖွဲ့ပေါင်း စုံ အားလုံးပါ ၀င်ရပါမယ်၊ နိုင်ငံရေးပါတီအားလုံးလည်း ကိုယ့်ရဲ့လုပ်နိုင်တဲ့အပိုင်းကနေ ပါ၀င်ဖို့လိုတယ်၊ Civil Society လို့ခေါ်တဲ့ လူမှုအဖွဲ့ အစည်း တွေကလည်း သူ့ရဲ့အခန်းကဏ္ဍကနေ ပါ၀င်ဖို့လိုတယ်၊ ပြည်သူတရပ်လုံး ကလည်း တက်တက်ကြွကြွ ပါ၀င်ဖို့လိုတယ် ၊ အဲလိုမှလဲ ဒီကနေ့ ကျနော် တို့လိုချင ်နေတဲ့ဖက်ဒရယ်ပြည် ထောင်စုကြီးတည်ဆောက်ရေး၊ ဒီမိုကရေ စီ စနစ်ကျင့်သုံးရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေး ဒါတွေဟာ အကောင် ထည်ဖော်နိုင်မှာဖြစ်တယ်၊ ပြည်သူအား လုံး တက်တက်ကြွကြွပါ၀င်ကြပါလို့ မှာချင်ပါတယ်။