၂၀၁၄ အမှီ ကလေးစစ်သား လုံးဝ ပပျောက်ဖို့ မြန်မာ ချမှတ်ထား

၂၀၁၄ အမှီ ကလေးစစ်သား လုံးဝ ပပျောက်ဖို့ မြန်မာ ချမှတ်ထား
by -
ရွှေဟင်္သာ

မြန်မာ့ တပ်မတော်၌ လာမည့် ၂၀၁၄ ခုနှစ် အမှီ ကလေး စစ်သား လုံးဝ ပပျောက်ရေး စီမံချက် အဖြစ် တပ်မတော် တွင်း၌ ကလေး စစ်သား လုံးဝ မကျန်ရှိ စေရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သြဂုတ်လ (၇) ရက်နေ့ ရက်စွဲဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြ ထားပါသည်။

လွှတ်ပေး ခဲ့သည့် ကလေး စစ်သား များအား နိုင်ငံသား စီစစ်ရေး ကဒ်ပြား ထုတ်ပေး ခဲ့သည် ဓါတ်ပုံ (အယ်ဂျာဇီးရား)

မြန်မာ နိုင်ငံ အနေနှင့် အရွယ် မရောက် သေးသူ ကလေး သူငယ်များ စစ်မှု ထမ်းခြင်းမှ ကာကွယ် တားဆီးရေး သဘော တူညီချက် လုပ်ငန်းစဉ် တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ (၂၇) ရက်နေ့တွင် (UN CTFMR) နှင့် လက်မှတ် ရေးထိုး ထားပြီး ဖြစ်သည်။

ထိုသဘောတူ ညီချက်အရ လုပ်ငန်းစဉ် တစ်ရပ် ကိုလည်း ရေးဆွဲ ထါးပြီး ဖြစ်ရာ (၁၈) လ အတွင်း တပ်မတော် သွင်း၌ ကလေး သူငယ် စစ်သား လုံးဝ မကျန်ရှိ စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန သြဂုတ်လ (၇) ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြ ထားပါသည်။

ထိုကြိုးပမ်းမှု၏ လုပ်ငန်း အကောင်အထည် ပေါ်မှု တစ်ရပ် အနေဖြင့် မြန်မာ့ တပ်မတော်တွင် စစ်မှုထမ်းနေ သည့် ကလေးစစ်သား (၆၈) ဦးအား ယနေ့ ဇွန်လ (၇) ရက်နေ့၌ ပြန်လည် လွှတ်ပေး ခဲ့သည်။

တပ်မှ နှုတ်ထွက်ခွင့် ပြုသည့် ကလေး စစ်သား များကို ကြားကာလ ပြုစု စောင့်ရှောက်ရေး စခန်းသို့ တပ်မတော်မှ ပို့ဆောင် ပေးခဲ့ပြီး မိဘများနှင့် အဆက်အသွယ် မရရှိ သေးပါက ဆက်သွယ် ဆောင်ရွက် ပေးခြင်း၊ကျန်းမာရေး ဆေးဝါး ကုသရန် လိုအပ်မှု ရှိ/မရှိ စစ်ဆေး ကုသ စေခြင်း၊ ကျောင်းပြန် တက်ရန် ကျောင်းပြင်ပပညာ သင်ကြားရန် စသည် တို့ကိုလည်း စီစဉ် ပေးထားကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြ ထားပါသည်။

ရန်ကုန်မြို့ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ကျင်းပသည့် ၄င်း အခမ်း အနားတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ စိစစ် ဖော်ထုတ် နိုင်ခဲ့သော ကလေး စစ်သား ၆၈ ဦးကို တပ်မှ နှုတ်ထွက်ခွင့် ပြုကာ ၄င်းတို့၏ မိဘ များထံ ပြန်လည် လွှဲပြောင်း ပေးခဲ့ကြောင်းလည်း ဖော်ပြ ထားပါသည်။

ယနေ့ နံနက် ပိုင်းတွင် ပြုလုပ် ခဲ့သည့် ၄င်းအခမ်း အနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ် သန်းစိုး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင်း ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနတို့ အပါအဝင် ဝန်ကြီးဌာန (၅) ခု ခန့်တို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

အလားတူပင် နိုင်ငံတကာ အဖွဲ့ အစည်းများ ဖြစ်သည့် UNICEF, UNHCR, ILO တို့ အပါအဝင် နိုင်ငံ တကာ အဖွဲ့ အစည်း (၇) ခုတို့ တက်ရောက် ခဲ့ကြပါသည်။

ယခုကဲ့သို့ ကလေး စစ်သား လွှတ်ပေးခြင်း အပေါ် ကုလ အဖွဲ့အစည်းများက ကြိုဆို ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားကာ “မြန်မာ့ ပြောင်းလဲရေး၏ အပေါင်းလက္ခဏာ” ဟု သုံးသပ် ထားကြသည်။

သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်များတွင် ကလေး စစ်သား အသုံးပြု နေမှုများ ရှိနေ သေးသည်ကို တွေ့ရှိ ရပြီး အမြန်ဆုံး ပပျောက်အောင် ဆောင်ရွက် သွားရန် လိုကြောင်းလည်း ကုလ အရာရှိ များက တိုက်တွန်း ထားပါသည်။

မြန်မာ အစိုးရ အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ စက်တင် ဘာလ၌ ၄၂ ဦး၊ ၂၀၁၃ ဖေဖော် ဝါရီတွင် (၂၄) ဦး၊ ဇူလိုင် လတွင် (၄၂) ဦး အား၄င်း အသီးသီး လွှတ်ပေးခဲ့ပြီး ဖြစ်ကာ ယခု လွှတ်ပေးခြင်းသည် စတုတ္ထ အကြိမ် ဖြစ်သည်။

ယခု အကြိမ် လွှတ်ပေး ခြင်းသည့် ပြီးခဲ့သည့် အကြိမ် များထက် အရေအတွက် အများဆုံး ဖြစ်ကာ အားလုံး စုစုပေါင်း ၁၇၆ ဦး လွှတ်ပေး ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ တပ်မတော်၌ ကလေးစစ်သား အရေအတွက် မည်မျှ ရှိမည်ကို မည်သူမျှ မခန့်မှန်း နိုင်ကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ အိုင်အယ်အို ဆက်ဆံရေးရုံး အရာရှိချုပ် မစ္စတာ စတိစ်မာရှယ်က ပြီးခဲ့သည့် ဇူလိုင်လ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ထားခဲ ့ပါသည်။