တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် အနိမ့်ဆုံးဖြစ်သည့် ကယား(ကရင်နီ)ပြည်နယ် ဘောလခဲခရိုင်မှ နယ်စွန်နယ်ဖျား ဆရာ/မ ဝန်ထမ်းအသစ်များ သင်ကြားမှုတွင် ပိုမိုလွယ်ကူစေရန် ရည်ရွယ်ပြီး ဘာသာရပ်အလိုက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ဘောလခဲခရိုင် အတွင်းရှိ ကျောင်း(၆)ကျောင်းမှ အထက်တန်းပြ ဆရာ/ဆရာမ(၄၂) ဦးအား ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့က ဘော်လခဲ အ.ထ.က ကျောင်း၌ နှစ်ရက် ဆက်တိုက် ဆွေးနွေး ပြုလုပ်ခဲ့ကြကြောင်း ပြည်နယ်ပညာရေး ညွန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ (computer) ဦးဌေးလှိုင်က ပြောသည်။
ဘောလခဲခရိုင် နယ်စွန်နယ်ဖျားဖြစ်သည့် ရွာသစ်၊ မယ်စဲနှင့် ဟိုဆဲ မြို့ဘက်တွင်ရှိသည့် ကျောင်းများတွင် နှစ်စဉ်နှစ်တိုင်း ၀န်ထမ်းအပြောင်းအလဲရှိခြင်းကြောင့် ဘာသာရပ်အလိုက်သင်ကြားရာတွင် အခက်အခဲဖြစ်နေခြင်းဖြစ်သည်ဟုဆိုပါသည်။ ထို့ကြောင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်တွင်လည်း အနိမ့်ဆုံးဖြစ်ခဲ့ ရခြင်းဖြစ်သည်ဟု ဦးဌေးလှိုင်က ပြောသည်။
ထိုသို့ အောင်ချက်ရာခိုင်နှုန်းကျ ဆင်းရခြင်းမှာ ပြည်နယ် ပညာရေးအပိုင်းတွင် ကြီးကြမ်မှုအားနည်းခြင်း၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ကြီးကြပ်မှုအားနည်းခြင်း၊ အစွန်အဖျားကျောင်းတွင် ဝန်ထမ်းအပြောင်းအရွေ့ မတည်ငြိမ်ခြင်း၊ ပြောင်းရွှေ့လာသည့် ဆရာ/မအသစ်များ သင်ကြားရမည့် ဘာသာရပ်နှင့် မကိုက်ညီခြင်းဖြစ်ကြောင်း ဆိုပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလတွင် နောက်တကြိမ်ထပ် မံပြုလုပ်သွားရန် ရှိသည်ဟု သိရပါသည်။