ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ကျင်းပနေသည့် တိုင်းရင်းသား ညီလာခံကြီး ပထမရက်၌ ပြည်ထောင်စု စစ်တပ် ဖွဲ့စည်းရေးအချက်ပါ ထည့်သွင်းဆွေးနွေးကြကြောင်း သိရှိရပါသည်။
“ပထမရက်မှာ ဆွေးနွေးတာတော့ အများကြီးဘဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေးကိစ္စ၊ ပြည်ထောင်စုစစ်တပ်ဖွဲ့စည်းရေးကိစ္စ၊ roadmap လမ်းပြမြေပုံနဲ့ နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာမူဘောင်တွေကို အဓိကထား ဆွေးနွေးတယ်” ဟု အမည်မဖော်လိုသည့် ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ပြောပါ သည်။
ညီလာခံ ကျင်းပနေသည့် အတောအတွင်း လုံခြုံရေး အခြေအနေကြောင့် အင်တာဗျူး ခွင့်မပေးကြောင်း ၊ ညီလာခံ နောက်ဆုံးရက်ဖြစ်သည့် ဂျူလိုင် ၃၁ ရက် ညနေ ၃ နာရီမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဦးစီးပြီး တိုင်းရင်းသား ညီလာခံကြီးကို ဂျူလိုင် ၂၉ ရက်မှ ၃၁ ရက်နေ့ထိ ချင်းမိုင်မြို့၌ ပြုလုပ်ကျင်းပနေသည်။