မြန်မာအနောက်ဘက် နယ်စပ်တွင် အစိုးရတပ်ရင်း (၁၀) ရင်းဖြင့် အားဖြည့်ထား

မြန်မာအနောက်ဘက် နယ်စပ်တွင် အစိုးရတပ်ရင်း (၁၀) ရင်းဖြင့် အားဖြည့်ထား
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက်က အနည်းဆုံး တပ်ရင်း ၁၀ ရင်းဖြင့် အားဖြည့်ထားပြီး လုံခြံုရေးကို အနီးကပ် စောင့်ကြည့်နေကြောင်း  စစ်ဘက်နှင့် နီးစပ်သော  သတင်းအရ သိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘင်္ဂလာဒေချ့်နှင့် နီးစပ်သော နယ်စပ်တလျှောက်တွင် တပ်မဟာ (၁၅)  (စကခ- ၁၅)  လက်အောက်ခံ တပ်ရင်း (၅ ) ရင်း ရှိနေပြီး အဆိုပါ တပ်ရင်းများထဲတွင် ခမရ ၃၄၅၊ ခမရ ၅၅၁၊ ခမရ ၅၅၂ ပါ၀င်သည်။

Burma-Army-Soldier-and-Weapon

ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း တောင်ဘဇား ဒေသတွင်  ခမရ ၅၆၄ ၀င်ရောက် အထိုင် နေရာယူထားပြီး ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် ဆက်စပ် ဒေသများတွင် ခမရ ၅၆၅ နှင့် ခမရ ၅၃၇ တို့မှ ၀င်ရောက် လူပ်ရှားနေသည်ဟု ဆိုသည်။

မောင်တောမြို့နယ် တောင်ပိုင်းတွင် ခမရ ၃၅၂၊ ခမရ ၃၅၃ နှင့် အလယ်သံကျော် အဝိုင်းတွင် ခမရ ၅၃၅ က တာဝန်ယူ လူပ်ရှားနေသည်ဟု ဆိုသည်။ အဆိုပါ ဒေသသည် ပင်လယ်ပြင် ထွက်ပေါက် ဖြစ်သဖြင့် စစ်ကြောင်းများမှ အခါမလပ် လူပ်ရှားနေသည်ဟု ဆိုသည်။

ယင်းပြင် မြန်မာ-ဘင်္ဂလာ နယ်စပ် အနီးတွင် တည်ရှိသော တောင်ပြိုတွင် စစ်ဗျူဟာ တစ်ခု ယာယီ ထိုင်ထားသည်ဟု သိရသည်။

လက်ရှိ တပ်မဟာ (၁၅) တပ်မမှူးမှာ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဖြစ်ပြီး ဘူးသီးတောင်မှ နေပြီး ကွပ်ကဲနေကြောင်း ဆိုသည်။

မြန်မာ- ဘင်္ဂလာဒေချ့်- အိန္ဒိယ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိသော ပလက်ဝ မြို့နယ်တွင် တောင်ကုတ် အခြေစိုက် တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၅) ရင်းရှိနေပြီး အိန္ဒိယ နယ်စပ် အနီးရှိ သရော်အိုင်တွင် စစ်ဗျူဟာ (၂) ကို ထိုင်ထားကြောင်း သိရသည်။

ယခု တပ်များ နေရာယူထားမူသည် လက်ရှှိ ထွက်ပေါ်လာသော နယ်စပ်တွင် အကြမ်းဖက် အုပ်စုများ သတင်းကြောင့် မဟုတ်ဘဲ ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီး နောက်ပိုင်းမှ စ၍ နေရာယူ လူုပ်ရှားနေခြင်း ဖြစ်ကြောင်း သိရသည်။

နစကကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း နစက အခြေစိုက် စခန်းများတွင် လုံထိန်း တပ်ရင်း (၃) ရင်းဖြင့် အစားထိုးလိုက်ပြီး အဆိုပါ လုံထိန်း တပ်ရင်းများမှာ စစ်တွေ အခြေစိုက် လုံထိန်း တပ်ရင်း အမှတ် (၁၀)၊ ဘူးသီးတောင် အခြေစိုက် လုံထိန်း တပ်ရင်း (၁၃) နှင့် မောင်တော အခြေစိုက် လုံထိန်း တပ်ရင်း အမှတ် (၂) တို့ ဖြစ်ကြသည်။

နယ်စပ် လုံခြံုရေး သတင်း ရပ်ကွက်အရ လုံထိန်း အမှတ် (၂) တပ်ရင်းအနေဖြင့် ယခင် နစက နယ်မြေ အမှတ် ၁ ၊ အမှတ် ၂ နှင့်  အမှတ် ၃ တို့ကို တာဝန်ယူသွားမည် ဖြစ်ပြီး လုံထိန်း တပ်ရင်း အမှတ် (၁၃) အနေဖြင့် အမှတ် ၄၊ အမှတ် ၅ နှင့် အမှတ် ၆ နယ်မြေများကို တာဝန်ယူသွာမည်ဟု သိရသည်။

အမှတ် ၆ မှ အမှတ် ၉ ထိ နယ်မြေများကို လုံထိန်း တပ်ရင်း အမှတ် (၁၀) မှ တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week