နစကဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာ့ရေတပ် သင်္ဘော အမှတ် ၅၅၄ နတ်မြစ် အတွင်း ၀င်ရောက် နေရာယူ

နစကဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာ့ရေတပ် သင်္ဘော အမှတ် ၅၅၄ နတ်မြစ် အတွင်း ၀င်ရောက် နေရာယူ
by -
နိရဥ္စရာ

မြန်မာရေတပ်သင်္ဘော တစ်စင်းသည် မြန်မာနှင့် ဘင်္ဂလာဒေချ့်နယ်စပ်ကို ပိုင်းခြားထားသော နတ်မြစ်အတွင်း ၀င်ရောက် နေရာယူထားကြောင်း သတင်း ရရှိသည်။

နစက တပ်ဖွဲ့အား ဖျက်သိမ်းပြီးနောက်ပိုင်း နတ်မြစ် အတွင်း ၀င်ရောက် နေရာယူထားသော အဆိုပါ ရေတပ်သင်္ဘောမှာ အမှတ် ၅၅၄ ဖြစ်ပြီး မောင်တောအနီးတွင် ဆိပ်ကပ်ထားသည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် တက်ကနက်မြို့တွင် အခြေစိုက်သော အမှတ် ၄၂ ဘီဂျီဘီမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က မြန်မာနှင့် ဘင်္ဂလာဒေချ့်ကြားတွင် တစ်စုံတစ်ရာ ပြဿနာ မရှိကြောင်း၊ မြန်မာရေတပ် သင်္ဘော ၀င်ရောက် နေရာယူလာခြင်းမှာ နစကအား ဖျက်သိမ်းလိုက်သည့် အတွက် ကြားကာလတွင် လုံခြံုရေး ဆောင်ရွက်ရန် ၀င်ရောက် နေရာယူလို၍  ဖြစ်ပုံရကြောင်း ပြောကြားသည်။

သို့သော်လည်း မြန်မာရေတပ် သင်္ဘော တစ်စီး နတ်မြစ်အတွင်း ၀င်ရောက် နေရာယူလာသဖြင့် ဒေသခံ ပြည်သူများ အကြားတွင် အမျိုးမျိုး ပြောဆိုဝေဖန်မူများနှင့် အတူ စိုးရိမ်မူများလည်း တိုးပွားနေကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် နှစ်နိုင်ငံ နယ်စပ် ဘင်္ဂလာဒေချ့်ဘက်ခြမ်းတွင် မွတ်ဆလင် အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်း အဖွဲ့များ သင်တန်း တက်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်နှင့် ယခု မြန်မာရေတပ် သင်္ဘော ၀င်ရောက်လာချိန်နှင့် တိုက်ဆိုင်နေသည်။

ဘင်္ဂလာဒေချ့် အာဏာပိုင်များကမူ အဆိုပါ  မွတ်ဆလင် အဖွဲ့သင်တန်း ဘင်္ဂလာဒေချ့် မြေပေါ်တွင်  မရှိကြောင်း ငြင်းဆိုထားသည်။

Most read this week