ဂျူလိုင်လနှောင်းပိုင်းမှာ UNFC က ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တိုင်းရင်းသားညီလာခံ ကျင်းပဦး မယ်လို့သိရပါတယ်။ UNFC ကနေ ကမကထပြုကျင်းပတဲ့ ဒီတိုင်းရင်းသားညီလာခံကို ဘယ်သူတွေတက်ရောက် မလဲ။ အဓိက ရည်ရွယ်ချက် ကဘာလဲ သိရအောင်လို့ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူးလဲဖြစ် မွန်ပြည် သစ်ပါတီ အထွေထွေအတွင်းရေးမှူးလဲဖြစ်တဲ့ နိုင်ဟံသာကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး။ ။ မကြာခင်မှာ UNFC ကနေ ဦးဆောင်ပြီး တိုင်းရင်းသား ညီလာခံတခု ကျင်းပမယ်လို့သိရ ပါတယ်။ ဘယ်လိုပုံစံနဲ့ကျင်းပမလဲဆိုတာ သိပါရစေခင်ဗျ။
ဖြေ။ ။ ဘယ်လိုပုံစံနဲ့ကျင်းပမလဲဆိုတော့ UNFC အဖွဲ့ဝင်တွေရော အဖွဲ့ဝင်မဟုတ်တဲ့ တခြားတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေလူငယ်အမျိုး သမီး CBO ကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံခြားရောက် တိုင်းရင်းသားထဲကပညာရှင်တွေ ၊ နိုင်ငံရေးမှာ လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်တွေ ဖိတ်နိုင်သလောက်ဖိတ်ပြီး ဆွေးနွေးကြမယ်။ အဓိကကတော့ ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန် လည် သင့်မြတ်ရေးတည်ဆောက်ဖို့ ဆိုတဲ့ကိစ္စမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေဆွေးနွေးသွားမယ်။ လက်ရှိနိုင်ငံရေးအခြေအနေကိုဆွေးနွေးမယ်။ ပြီးတော့ ဘယ်အဖွဲ့က ဘယ်လိုပုံစံမျိုးနဲ့လုပ်သွားမလဲ။ အားလုံး အချိတ်အဆက်ရှိရှိ အဆက်အစပ်ရှိရှိလုပ်သွားဖို့ ။ အားလုံး က အမြင်တူနေတဲ့အနေအထားအပေါ်မှာပေါ့ဗျာ။ တိုင်းရင်းသားတွေထဲမှာ စုစည်းညီညွတ် မှုပိုရှိ လာမှာပေါ့နော်။ ဒီအချိန်မှာ လုပ်သင့်လုပ်ထိုက်ဆုံးအလုပ်တွေကို ကျနော်တို့ ရွေးချယ်ပြီး လုပ်သွား နိုင်ဖို့အဲတာကိုဆွေးနွေးမယ်။
မေး။ ။ အရင်က SNLD က ဦးဆောင်ပြီး လားရှိုးမှာ သျှမ်း- ကယား ယုံကြည်မှုတည်ဆောက် တဲ့ဆွေး နွေးပွဲလုပ်တယ်။ အခုလုပ်မှာကကော် အဲလိုဘဲလား ဘယ်လိုကွာတာလဲ။
ဖြေ။ ။ အဲတာက သျှမ်းပြည်မှာရှိတဲ့တိုင်းရင်းသားအင်အားစုတွေဘဲလုပ်မှာလေ။ ခုတော့ကျနော်တို့က တိုင်းရင်းသားအားလုံးစုစည်းပြီးတော့မှ အပြင်မှာလုပ်တာလေ။ ပြည်တွင်းမှာလုပ်တာက တဖက်က တက် ရောက်နိုင်တဲ့အင်အားစုကတမျိုးပေါ့။ ဒီမှာအခြေစိုက်ပြီး လုပ်တာကပိုပြီးတော့ လွတ်လပ်မှုရှိ တာပေါ့နော်။
မေး။ ။ အခု UNFC ကလုပ်မှာနဲ့ MPC နဲ့ ချိတ်ဆက်မှုရှိလားခင်ဗျ။
ဖြေ။ ။ ချိတ်ဆက်မှုမရှိပါဘူးခင်ဗျ။ ကျနော်တို့ဟာနဲ့ကျနော်တို့ဘဲ။ သူတို့နဲ့တိုင်ပင်ညှိနှိုင်းပြီး လုပ်တာမရှိဘူး။ သူတို့ကိုဖိတ်လဲမဖိတ်ပါဘူး။ အခုကတိုင်းရင်းသားသီးသန့်ဘဲဖိတ်ပြီးလုပ်တာပါ။ ဒီဘက်မှာကျနော်တို့နဲ့နီးစပ်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ဘဲချိတ်ဆက်ပြီးလုပ်တာပါ။
မေး။ ။ လူအင်အားကကော် ဘယ်လောက်အထိ ဖိတ်မယ်ခန့်မှန်းထားလဲ
ဖြေ။ ။ ကြီးကြီးကျယ်ကျယ်လဲမဟုတ်ဘူး။နေရာကလဲ ကိုယ့်နိုင်ငံကိုယ့်အနေအထား မ ဟုတ်တော့ လေ။
မေး။ ။ ထိုင်းမှာလုပ်ပြီးရင် ပြည်တွင်းထဲမှာ လုပ်ဖို့စီစဉ်ထားလား။
ဖြေ။ ။ လောလောဆယ်တော့မရှိသေးဘူးခင်ဗျ။ ကျနော်တို့လုပ်ငန်းအပေါ် အစိုးရရဲ့သဘောထားက ဘယ်လိုရှိတယ်ဆိုတာလဲမသိသေးဘူး။အဲတာကြောင့် ထဲမှာလုပ်ဖို့ရှိမရှိလဲအခုတော့မပြောနိုင်သေးဘူးခင်ဗျ။
မေး။ ။ သမ္မတရဲ့ဥရောပခရီးစဉ်မှာ တပြည်လုံးအပစ်ရပ်ရေးဆွေးနွေးပွဲခေါ်မယ်ပြောတယ်။
ဖြေ။ ။ အဲတာ ကျနော်တို့ကို ဘာမှညှိနှိုင်းတိုင်ပင်တာမရှိဘူး။ ကျနော်တို့ UNFC အဖွဲ့ဝင်တပ်ဖွဲ့အားလုံး အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူညီမှုရထားတာမဟုတ်ဘူး။ တချို့လဲ အစိုးရတပ်ဖွဲ့နဲ့တိုက်နေရတုန်းဘဲ။ ဒါကြောင့် ဒီကိစ္စ အချိန်မကျသေးဘူးလို့ ကျနော်တို့မြင်ပါတယ်။
နောက်တခုက ဒီဆွေးနွေးပွဲလုပ်ဖို့ဆိုတာက အစိုးရဘက်က တပြည်လုံးအပစ်ရပ်ကြောင်းကြေငြာ ချက်ထုတ်ဖို့ လိုပါတယ်။ အခုလိုအပစ်ရပ်ဖို့အတွက်အစိုးရဘက်က ဘယ်လိုဆန္ဒရှိတယ်ဆိုတာတွေကိုလဲ ထုတ်ပြန်ကြေငြာ ရမယ်။ အခုကတော့ ပြောမယ်ဆိုရင် အပစ်ရပ်အဖွဲ့တွေက လက်မှတ်ထိုး ထားပြီး သားဖြစ်တယ်လေ။ နောက် ထပ် ဘယ်အချက်တွေလိုလားတယ် ဆိုတာတွေပေါ့။ နေပြည် တော်မှာ သွားပြီးဆွေးနွေးမယ်ဆိုတာ တွေလေ။ ဒါတွေကလည်း စဉ်းစားဖို့လိုတယ်လေ။နောက်တခုက နိုင်ငံရေးအရဆွေးနွေးဖို့ဘယ်လောက် သေချာ နေပြီလဲ။ နားလည်မှုတွေ ဘာတွေအားလုံး အခိုင်အမာရှိနေပြီလား။ အဲတာတွေရှိဖို့လိုတယ်လို့ ကျနော်တို့မြင်ပါ တယ်ခင်ဗျ။
မေး။ ။ သမ္မတကြီးက - အခုတိုက်ပွဲတွေဖြစ်နေတာဟာ တိုင်းရင်းသားတပ်ဖွဲ့တွေက ဆက်ကြေးလိုက် ကောက် နေလို့ တပ်မတော်က ဝင်ရောက်ဖြေရှင်းရတာပါလို့ပြောပါတယ်။ အခုလဲ မွန်မှာရောသျှမ်းမြောက် မှာရော ကချင်ဘက်မှာရောတိုက်ပွဲတွေဖြစ်နေတဲ့အပေါ် ဘယ်လိုသုံးသပ်လိုပါသလဲ။
ဖြေ။ ။ အဲတာကတော့ သမ္မတက သူတို့ဘက်ကမျက်နှာမပျက်အောင် ထိန်းပြီးပြောရတဲ့သဘော ဖြစ်တယ်။ အမှန်ကတော့ အပစ်ခတ်ရပ်စဲရေးလုပ်တာ အစိုးရဘက်ကလုပ်ပြီးတော့ တပ်ဘက်က ဖိအားနဲ့ပေးတာ။ နယ်မြေ တွေတိုးချဲ့နေတာတွေ ဗဟိုဖိအားနဲ့အတူ တင်းနေတာတွေ တပ်ဘက်ကို အစိုးရကနေမထိန်းချုပ် နိုင်တဲ့အနေ အထား တွေနဲ့ရှိနေတယ်။ အဲတာကို တဖက်က လက်တွေ့က သမ္မတကြီးကထုတ်မပြောရဲ ဘူးဖြစ်နေတယ်ဗျ။ ဒါက သူတို့သိက္ခကိုထိခိုက်တယ်လို့ ကျနော်မြင်ပါ တယ်။
မေး။ ။ သမ္မတက အမေရိကန်တို့နဲ့ အင်္ဂလန်တို့နဲ့ စစ်ရေး ပိုင်းချိတ်ဆက်ဖို့ ရှိလာနေ တာ တွေ့ရတယ်။ အစိုးရက အနောက်နိုင်ငံနဲ့ ပေါင်းခြင်းအားဖြင့် တိုင်းရင်းသားတပ်ဖွဲ့တွေကို ခြိမ်းခြောက်မှု ရှိနိုင်မလားခင်ဗျ။
ဖြေ။ ။ ဒါကလဲ ဘယ်လောက်အဆင့်အထိနဲ့ ဘယ်လိုပူးပေါင်းမယ်ဆိုတာလဲ ကျနော်တို့လဲ မသိ သေး ဘူး ခင်ဗျ။ ဒါပေမယ့်ကျနော်တို့ မေးမြန်းထားချက်အရဆိုရင် အစိုးရနဲ့ပေါင်းတယ်ဆိုတာက အဲဒီတပ် တွေကို သဘောကတော့ ဒီမိုကရေစီစနစ်နဲ့အစိုးရရဲ့ လူထုကိုလေးစားဖို့လိုက်နာဖို့ မလုပ်သင့် တဲ့ ဟာကိုမလုပ်ဖို့ စသဖြင့်ပေါ့ဗျာ။ တပ်တွေကိုလည်း အတွေးအခေါ်အရ ပြုပြင်ပြောင်းလဲဖို့ လုပ်ဟန်တွေ လဲပါလာမယ်လို့ သူတို့ ရည်ရွယ်တယ်လို့ သိရတယ်ဗျ။
မေး။ ။ UNFC က WGEC ကနေနှုတ်ထွက်တယ်လိုကြားသိရတယ်။ အခုလုပ်မယ့်ဆွေးနွေးပွဲကကော် WGEC က လုပ်ထားတဲ့ မူဘောင်အတိုင်း သွားမှာလားခင်ဗျ။
ဖြေ။ ။ အဲတာက အထိုက်အလျောက်ရှိပါတယ်။ ငြိမ်းချမ်းရေးမူဘောင်ဆိုတာက ကျနော်တို့ စုပေါင်း တိုင်ပင် ပြီး တော့ လုပ်ခဲ့တာဘဲ။WGEC အနေနဲ့ပေါ့ဗျာ။ အဲ့တုန်းက WGEC ထဲမှာလဲ UNFC က ပါ ဝင်နေပြီးသားဘဲ လေ။ အဲတာ အခုက လက်နက်ကိုင်တိုင်းရင်းသားအင်အားစုနဲ့ အစိုးရနဲ့ဆွေးနွေးတဲ့နေရာမှာဘဲရှိနေ သေးတယ်။ အဲတာ ကျနော်တို့က သွားဆွေးနွေးရမယ်ဆိုတော့ ကျနော်တို့ က ဒါကိုကိုင်တွယ်သွားမှာဘဲလေ။ အဲဒါ ကျနော် တို့က ကနေ့အနေအထားမှာ နဲနဲပြဿနာ ဖြစ်လာတာက WGEC က နိုင်ငံရေးဆွေးနွေးပွဲ ဆွေးနွေးဖို့ပေါ့ အဖွဲ့ တခုထောင်ချင်တယ် အနေအထား ပေါ့။ ကျနော် တို့က ဒါကိုလက်မခံနိုင်လို့ပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့ UNFC က ဆွေးနွေးလဲဆွေးနွေး နေပြီလေတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေစုပေါင်းထားတဲ့ အခိုင် အမာ အဖွဲ့ဆိုတာ UNFC က ရှိပြီးသားဘဲဖြစ်နေတယ်လေ။ အဲတာကြောင့် ဒီကိစ္စမှာ UNFC က တာဝန်ယူ ရမှာ။ UNFC ရဲ့နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့နဲ့ လုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုချင်လို့ နောက်ထပ်အသစ် ဖွဲ့စည်း တဲ့ဟာ ကတော့ ဒါမဖြစ်သင့်ဘူးလို့ UNFC အနေနဲ့ခံယူပါတယ်။
မေး။ ။ အဲလိုမျိုးတွေဖြစ်လာခြင်းအားဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ထိခိုက်လာနိုင်ပါသလား။
ဖြေ။ ။ ထိခိုက်တယ်ဆိုတာကတော့ တဖက်ကပြောရင်လဲ အထိုက်အလျောက်တော့ထိခိုက် တာပေါ့ ဗျာ။ တဖက်က အသိအမှတ်ပြုမှုနဲ့ သူ့အပိုင်းနဲ့သူ တာဝန်ယူမှုဆိုတဲ့အပိုင်းကလည်း ဘောင်ကျော်ရင် တော့ ဒါ ဖြစ်လာမှာပေါ့ဗျာ ။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာတွေထပ်ပြောလိုပါ သလဲခင်ဗျ။
ဖြေ။ ။ နိုင်ငံတော်အေးချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဖို့ ကနေ့အနေအထားက ပစ်မှတ်အနေ နဲ့ လို့ပြောလို့ရတယ်လေ။ ပြည်သူလူထုကလိုလားနေပြီ။ နိုင်ငံရေးအင်အားစုကလဲ အားလုံးလိုလားနေပြီ။ နိုင်ငံတကာကလဲအားပေးနေတယ်။ မှန်ကန်တဲ့စေတနာနဲ့ရိုးရိုးသားသားနဲ့ ဖြောင့်ဖြောင့်မှန်မှန် တန်းတူရည် တူနဲ့ဆွေးနွေးကြမယ်ဆိုရင်တော့ မခဲယဉ်းဘူးလို့ကျနော်တို့မြင်တယ်။ စေတနာလဲမှန်ရမယ်။ လုပ်ဟန်လဲမှန်ရ မယ်အဲလိုမှန်မှန်ကန်ကန်နဲ့ အတ္တကင်းကင်းနဲ့ ဖြစ်သင့်ဖြစ် ထိုက်တဲ့အနေအထားမျိုးမှာကျနော်တို့က လုပ် လိုက်ရင်။ နောက်တဖက်ကလဲ ဘေးပတ်ဝန်းကျင် ကအကူအညီတွေနဲ့လုပ်ရင် ကျနော်တို့ လွယ်လွယ်လေးနဲ့ အကောင်အထည် ဖော်နိုင်တဲ့အနေ အထားဘဲလို့မြင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။