ကရင်တမျိုးသားလုံးနှင့် သက်ဆိုင်သော လူငယ်ကွန်ယက်တခုကို ဖွဲ့စည်းရန် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁) ပြည်သူ့ဆေးရုံကြီးအနီး သုမေဓာရာမ တောရကျောင်းတွင် ကျင်းပရန် ရှိသည်ဟု ကရင်လူငယ် ကွန်ယက်အဖွဲ့ဝင် (KYO) ကရင်လူငယ်အစည်းရုံး တွဲဖက်အတွင်းရေးမှူး (၁) စောဂျက်ပစီက ဆိုပါသည်။
“ ကျင်းပမဲ့ ရက်ကတော့ ဇူလိုင် (၂၇-၂၈) ရက်နေ့ပါဘဲ။ ပြီးတော့ ကရင်လူငယ်ကွန်ယက်ဆိုတော့ ပြည်တွင်းပြည်ပ ကရင်အမျိုးသားလူငယ်ကွန်ယက်မှန်သမျှ အကုန်လုံးပါမယ် လူ ငယ်အားလုံ ဒီကွန်ယက် ကနေတဆင့် ချိတ်ဆက် ကြမယ်။ ဒီတစ်ခေါက် ဆုံးဖြတ်ချက်ချနိုင်မယ်။ အတည်ပြု ပြီးသွား ရင်တော့ နောက်တဆင့်ဖြစ်တဲ့ ကိုယ့်အမျိုးသား ရေးလုပ်ငန်း နှင့် တခြားလုပ်ငန်းတူများ ကိုလည်း ချိတ်ဆက်ပြီး တွဲ လုပ်ကြဖို့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်” ဟုဆို ပါသည်။
ကရင်လူငယ်ကွန်ယက် (Karen Youth Network) ကို ၂၀၁၂ ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ကောကရိတ်မြို့နောင် နိုင်းကျေးရွာတွင် ကွန်ယက်ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ကွန်ယက်လုပ်ငန်းနှင့် ချိတ်ဆက်မှု အားကောင်းလာစေရန်အ တွက် ကော်မီတီဖွဲ့စည်းခြင်း အပါ၀င် တိုးချဲ့မှုများ ဆောင်ရွက်နိုင်ရန် ရှိသည်ဟု ဆိုပါသည်။
ဤသို့ကြောင့်ဆွေးနွေးကြမည့် အစီစဉ်များတွင် (၁) KYN ဖြစ်ပေါ်လာပုံအကြောင်းအရင်းနှင့် လက်ရှိအချိန်ထိ အခြေ အနေ (၂) Network ၏ သဘောတရားအပါ၀င် အားသားချက်နှင့် အားနည်းချက် (၃) kyn ဖွဲ့စည်းတည်ဆောက်ပုံကို အတည်ပြုဆွေးနွေးခြင်းနှင့် (၄) ရှေ့ဆက် အစီစဉ်များကို ဆွေးနွေးကြမည်ဖြစ် သည်။
ကွန်ယက်ဖြစ်မြောက်ရန် ဦးဆောင်သူများမှာ ကရင်အမျိုးသားအစည်းရုံး (KYO ) မှ ကရင်လူငယ်ကွန်ယက် အဖွဲ့ တာ ၀န်ယူထားသူ စောအယ်ထူးစိုး (ကရင်လူငယ်ဗဟိုအတွင်းရေးမှူး)၊ စောအယ်ထီးကော်က (ဘားအံခရိုင် ကရင်လူငယ် အစည်းရုံး - ဥက္ကဌ) ၊ စောဂျက်ပစီ ကရင်လူငယ်အစည်းရုံးဗဟိုတွဲဖက်အတွင်း ရေးမှူး (၁) အပါ၀င် ၅ ဦး တို့ဖြစ်ပါ သည်။
ယင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေ သ ကြီးမှ ကိုယ်စားလှယ်များနှင့် ကရင်ပြည် ဘားအံမြို့မှ ကရင်လူငယ်များ ကရင်စာပေ ယဉ်ကျေးမှု စာပေဖွ့ံဖြိုးတိုးတက်ရေးအဖွဲ့၊ ကရင်ကျောင်းသားအဖွဲ့များနှင့် ကရင့်တေးဂီတအဖွဲ့များမှ တက်ရောက်ကြမည်ဖြစ်သည်။
“ ကျနော်တို့ဖိတ်ထားတာက အများကြီးပါ ကရင်အားလုံးကို ဖိတ်ထားတာတော့မဟုတ်ဘူးပေါ့။ ကရင်လူငယ် ကွန် ယက် ဖွဲ့ ထားတဲ့ လူငယ်တွေကိုပါ။ DKBA ၊ BGF ၊ မြဝတီ၊ လှိုင်ဘွဲ့၊ ပုသိမ်၊မြောင်းမြ၊ နိုင်ငံခြား ကလူငယ်တွေနဲ့ ချိတ်ဆက်ပေးမယ့် ကရင်လူငယ်တချို့ကိုလည်း ဖိတ်ထားပါတယ်။ ခန့်မှန်းခြေ ၄၀ လောက် တော့ တက်ရောက်လာ နိုင်မယ်” ဟုဆိုပါသည်။
KYO သည် ကရင်လူငယ်လှုပ်ရှားမှုတွင် အရေးပါသော အဖွဲ့ဖြစ်ပြီး၊ KYN ချိတ်ဆက်မှုတွင်လည်း ဦးဆောင်နေသော ကရင်လူငယ်အဖွဲ့ဖြစ်ပါသည်။ KYN သည် ကရင်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် ရိုးရာယဉ်ကျေးမှု အားလုံး တိုးတက်မြင့်မားလာရေးနှင့် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးကို ဦးတည်သော ကွန်ယက်ဖြစ်ပါသည်။