ပျံလွန်တော်မူသည်မှာ ခြောက်လကျော်ကြာသော်လည်း ရုပ်အလောင်း မပုပ်မသိုးသည့် ရသေ့

ပျံလွန်တော်မူသည်မှာ ခြောက်လကျော်ကြာသော်လည်း ရုပ်အလောင်း မပုပ်မသိုးသည့် ရသေ့
by -
မဇ္ဈိမ

ပဲခူးတိုင်းပြည်မြို့နယ် ၀က်ထီးကန်တိုက်နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာအုပ်စု သာယာကျေးရွာမှ သက်တော် ရ၃ နှစ်ရှိ ရသေ့ဦးဝိသထ ပျံလွန်တော်မူသွားသည်မှာ နှစ်ဝက်နီးပါး ရှိခဲ့သော်လည်း ရုပ်အလောင်းကို ပြန်လည် တူးဖော်ရာတွင် မပုပ်မသိုးသော ရုပ်ကလာပ်ကို ပြန်လည် တွေ့ရှိရသည်ဟု ရုပ်အလောင်း ပြန်လည်တူးဖော်သူများက
ပြောသည်။

ဦးဝိသထသည် ဇန်နဝါရီလ ၃၁ ရက်တွင် ပျံလွန်တော်မူခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်တွင် မှန်ခေါင်းထဲ ထည့် သွင်းကာ သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဂူသွင်းမြှုပ်နှံခဲ့သည်။ ယင်းနောက် ဇူလိုင်လ ၁၆ ရက်တွင်ပြန်လည်တူးဖော်ရာ ရုပ်ကလာပ်မှာ ပုပ်သိုးခြင်းမရှိသည်ကို တွေ့ရှိရသည်ဟု ဒေသခံတို့က ပြောသည်။

ဦးဝိသထ၏ ရုပ်ကလာပ် စံမြန်း အပူဇော်ခံရန်် ၁၀ ပေပတ်လည် စံကျောင်းဆောင် (အပေါ်တွင် စေတီတစ်ဆူ တည်ထား) ဆောက်လုပ်လျက်ရှိပြီး လာရောက်ဖူးမြော်သူ နေ့စဉ် နှစ်ရာခန့်ရှိကြောင်း သိရသည်။ ရသေ့ကြီး ပျံလွန်တော်မမူမီ ကျောင်းသို့ လာရောက် တရားအားထုတ်သူများကို သက်သတ်လွတ်ကျွေးခြင်း၊ ဘရသေ့ကိုယ်တိုင် မီးလွတ်စားခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Most read this week