ကရင့် အမျိုးသား တပ်မတော် တခုထဲ ဖြစ်ရေး သုံးပွင့်ဆိုင် ဆွေးနွေး

ကရင့် အမျိုးသား တပ်မတော် တခုထဲ ဖြစ်ရေး သုံးပွင့်ဆိုင် ဆွေးနွေး
by -
ရွှေဟင်္သာ

ယမန်နေ့က မြဝတီတွင်ကျင်းပသော ဆွေးနွေးပွဲတွင် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့် ကရင် ငြိမ်းချမ်း ရေး ကောင် စီ (KNLA) (၃) ဖွဲ့တို့သည် တခုတည်းသော ကရင် အမျိုးသား တပ်မတော် ဖြစ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် သဘော တူခဲ့ကြသည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သော KNU မှ ပဒိုဖေါဒို့က ဆိုပါသည်။

“ မနေ့က (၁၂) နာရီလောက်မှာ မြဝတီမှာ ဆွေးနွေးကြပါတယ်။ ကရင် လူမျုုိးအတွက် အဓိက အရေးကြီးတဲ့ သဘောတူညီ ချက် (၂) ချက် ရသွားကြပါပြီး။ ဒီအဖွဲ့တွေဟာ တချိန်တုန်းက မိခင် ပါတီ ဖြစ်တဲ့ KNU အဖွဲ့က ချည်းပါဘဲ။ ဒီအချိန်မှာ သွေးစည်း ညီညွတ်ဖို့ အချိန်တန်ပြီ။ ဒါမှ မဟုတ်ရင် သူများနဲ့ ရင်ဘောင် တန်းဖို့ နောက်ကျ နေပါလိမ့်မယ်” ဟုဆိုပါသည်။

သုံးပွင့်ဆိုင် အဖွဲ့၏ သဘော တူညီချက်များမှာ - တခုတည်းသော နိုင်ငံရေး ရပ်တည်ချက် ဖြစ်ရေး နှင့် တခုတည်း တပ်မတော် ဖြစ်ရေးကို သဘော တူခဲ့ကြပါသည်။

တက်ရောက် ဆွေးနွေးခဲ့သော KNU ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ်ကြီး ဂျော်နီ ဦးဆောင်ပြီး၊ ပဒိုစောရော်ဂျာခင်၊ ပဒို မန်းငြိမ်းမောင်၊ ပဒိုဖေါဒို့ နှင့် စောသာဒို့မှူး တို့ဖြစ်ပါသည်။

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှ ကိုယ်စားလှယ်များမှာ ဗိုလ်မှူးချုပ် ကျော်သက် ဦးဆောင်ပြီး ဗိုလ်မှူး သရီထူးနှင့် အဖွဲ့ဝင်တို့ဖြစ်ပါသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA) မှ ကိုယ်စားလှယ်များမှာ စောရင်နု ခေါင်းဆောင်ပြီး စောမောင်ဖလိုင်းနှင့် အဖွဲ့ဝင် များက တက်ရောက် ခဲ့ပါသည်။

ဤအဖွဲ့များသည် ယခင်က KNU မိခင် အဖွဲ့အစည်း ၀င်များ ဖြစ်ကြပါသည်။ DKBA သည် (၁၉၉၄)ခုနှစ်တွင် မိခင် KNU မှ ခွဲထွက် ခဲ့သလို KNLA သည်လည်း ပထမအကြိမ် အစိုးရနှင့် KNU တို့ တွေ့ဆုံ ဆွေးနွေးမှု အဆင်မပြေသည့် နောက်ပိုင်း၌ အပစ် ရပ်ခဲ့ကြပါသည်။

KNU သည် ၂၀၁၂ ခုနှစ် ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ဤအချိန်မှ စပြီး အမျိုးသား ပြန်လည် စည်းလုံးရေး အတွက် ဦးတည် ဆောက်ရွက် ခဲ့သလို ကွဲထွက် သွားခဲ့ကြသော ကရင် အမျိုးသား တပ်မတော် များကိုလည်း ပြန်လည် စုစည်းရန် ကြိုးပမ်းခဲ့ပါသည်။

လက်ရှိ အခြေအနေသို့ ရောက်ရှိ လာရန် KNU သည် DKBA နှင့်လည်းကောင်း၊ KNLA နှင့်လည်းကောင်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး ကရင် တမျိုုးသားလုံးနှင့် ဆိုင်သော ရေးရာနှီးနှော ဖလှယ် ပွဲများကိုလည်း အကြိမ်ကြိမ် ကျင်းပခဲ့ပါသည်။

Most read this week