အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော ကမ္ဘာ့အဆင့် သချင်္ာပြိုင်ပွဲတွင် မြန်မာ ကျောင်းသား ရှစ်ဦး ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ ပူးပေါင်းကျင်းပသော T&H သချာင်္သင်တန်းကျောင်းမှ သိရသည်။
ယင်းအစီအစဉ်ကို မြန်မာနိုင်ငံတွင် SASMO Association နှင့် T&H သချင်္ာသင်တန်းကျောင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး စာမေးပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပခြင်းဖြစ်ကာ နိုင်ငံအချို့ရှိ ကျောင်းသားများ ပါ၀င် ယှဉ်ပြိုင်သည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ပါ၀င်ယှဉ်ပြိုင်ကြသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ရှစ်ဆု၊ ငွေတံဆိပ် ၁၂ ဆုနှင့် ကြေးတံဆိပ် ၁၂ဆု ရရှိခဲ့သည်။ ဆု ရရှိသော ကျောင်းသားများကို ဇူလိုင်၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဆုချီးမြှင့်ခဲ့သည်။
အဆိုပါ သချာင်္ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား ၁၆၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပြိုင်ပွဲမေး ခွန်းအား စင်ကာပူရုံးခွဲမှပေးပို့ပြီး ဒုတိယတန်းမှနဝမတန်းအထိ ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ကမ္ဘာ့အဆင့် ပြိုင်ပွဲဖြစ်သည်ဟု T&H သချာင်္သင်တန်းကျောင်းမှ အထွေထွေမန်နေဂျာ ဒေါက်တာသက်ဇော်မှ မဇ္ဈိမသို့ ပြောသည်။
သချင်္ာပညာရပ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Collage of the Redwo- ods တွင် သချာင်္ဘာသာရပ် သင်ကြားပေးသော ဆရာမဒေါ်သဲသဲကျော်ကလည်း “သချာင်္ပညာရပ်ကို တ ချို့ကျောင်းသားတွေက ဒီပညာရပ်က တကယ့် လူမှုဘဝမှာ အသုံးဝင်မှာလားပေါ့။ တကယ်က အသုံးဝင် ပါတယ်။ ဒီသချာင်္ပညာရပ် အခြေခံကနေ လူမှုပြဿနာတွေက်ို ဖြေရှင်းပေးနိုင်မှာပါ” ဟု ပြောသည်။
ရွှေတံဆိပ်ဆုရရှိသော ကျောင်းသားများသည် ထိုင်ဝမ်နိုင်ငံတွင် ကျင်းပမည့် အာရှနိုင်ငံများမှ ရွှေတံဆိပ် ဆုရရှိသော ကျောင်းသားများ နှီးနှောဖလှယ်ပွဲသို့လည်း တက်ရောက်ရမည်ဖြစ်ပြီး ယင်းပွဲကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတွင်လည်း သချင်္ာဘာသာရပ်နှင့် ပတ်သက်ပြီး ထပ်မံ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
အဆိုပါ ကမ္ဘာ့အဆင့် သချာင်္ပြိုင်ပွဲသို့ တစ်နှစ်လျှင် နိုင်ငံတကာမှကျောင်းသားများ နှစ်သိန်းခန့် ၀င်ရောက် ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရန် SMSM0 Association မှ ခွင့်ပြုချက်ရရန်အတွက် တစ်နှစ်ခွဲခန့် ကြိုးစားခဲ့ရသည်ဟုလည်း ဒေါက်တာသက်ဇော်က ပြောသည်။