၁၉ ကြိမ်မြောက် နယူးယောက် ရခိုင့်သင်္ကြန် စည်ကားစွာကျင်းပ

၁၉ ကြိမ်မြောက် နယူးယောက် ရခိုင့်သင်္ကြန် စည်ကားစွာကျင်းပ
by -
နိရဥ္စရာ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပသည့် ရခိုင့်ရိုးရာ သင်္ကြန်ပွဲတော်ကို ယခုလ ၂၁ ရက်နေ့ကလည်း အထူး စည်ကား သိုက်မြိုက်စွာဖြင့်  ကျင်းပ ခဲ့ကြသည်။

မြန်မာနှစ်သစ်ကူး ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား အမေရိကန်ရောက် ရခိုင် လူမျိုးများ အပြင်၊ မြန်မာတိုင်းရင်း သားပေါင်းစုံဖြင့်  ကျင်းပခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပသည့် သင်္ကြန်ပွဲတော်မှာ (၁၉) ကြိမ်မြောက်ဖြစ်ပြီး၊ နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟန်တန်မြို့နယ်ရှိ 100 West 84th Street, PS9 Playground တွင်ပင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

၁၉ ကြိမ်တိုင်တိုင် ပွဲတော်အား ဦးစီးဦးဆောင်ကျင်းပလာခဲ့သူ ဦးကျော်သာလှက ရခိုင်ယဉ်ကျေးမူကို ဆက်လက် ထိန်းသိမ်းလိုသဖြင့်  ကျင်းပရခြင်း ဖြစ်ကြောင်း ပြောသည်။

“အဓိကတော့ ရခိုင်ယဉ်ကျေးမှုကို ဆက်လက်ပြီး ထိန်းသိမ်းကြ ဖို့ရယ်၊ ရခိုင် ယဉ်ကျေးမှုကို ဗမာပြည်မှာရှိတဲ့ တခြားတိုင်းရင်းသားတွေ နားလည်ဖို့ ရယ်၊ အထူးသဖြင့်တော့ နိုင်ငံခြားမှာရှိတဲ့သူတွေက နားလည်ဖို့ဖြစ်တယ်” ဟုပြော သည်။

သင်္ကြန်ပွဲတော်သို့ လူဦးရည် (၁၀၀၀) ၀န်းကျင် တက်ရောက်ခဲ့ကြပြီး၊ ရခိုင်- မြန်မာ့ ရိုးရာ အစားအသောက် ပေါင်း စုံကိုလည်း ရောင်းချခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ကျင်းပနေရခြင်းမှာ နိုင်ငံခြားရောက် ရခိုင်မျိုးဆက် သစ်များ အနေဖြင့်လည်း မိမိတို့ ရခိုင့်ရိုးရာ ယဉ်ကျေးမှုများကို ပိုမို စိတ်ဝင်လားစေရန် ရည်ရွယ်ကြောင်းနှင့်  ရခိုင်အမျိုးသားများ အနေဖြင့် တတ်နိုင် သလောက် ရောက်သည့် နေရာတွင် မိမိတို့၏ ရိုးရာ ယဉ်ကျေးမူ အမွေအနှစ်များကို မပျောက်ပျက်ရအောင် လက်ဆင့်ကမ်း ဆက်လက် ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း ဦးကျော်သာ လှကပြောသည်။

Most read this week