နယ်ပယ်အသီးသီးက ပြန်လည်ပြင်ဆင်သင့်သည်ဟု ဝေဖန်ခံနေရသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာရန် လွှတ်တော်နှစ်ရပ်က ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ဇူလိုင် ၁၈ ရက်က ကျင်းပသည့်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင် အမည်စာရင်း ဖြန့်ဝေလိုက်ပြီဖြစ်သည်။
ပြည်ခိုင်ဖြိုးနှင့် တပ်မတော်က အမတ်အများဆုံးပါဝင်
နယ်ပယ်အသီးသီးက ပြန်လည်ပြင်ဆင်သင့်သည်ဟု ဝေဖန်ခံနေရသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာရန် လွှတ်တော်နှစ်ရပ်က ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ဇူလိုင် ၁၈ ရက်က ကျင်းပသည့်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင် အမည်စာရင်း ဖြန့်ဝေလိုက်ပြီဖြစ်သည်။
ကော်မတီဝင် ၁၀၉ ဦးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ် ၅၀ ကျော်နှင့် တပ်မတော်သား အမတ် ၄၀ ကျော်တို့ ပါဝင်ပြီး NLD ပါတီမှ အမတ် ရ ဦးပါဝင်သည်ဟု NLD ၏ အထက်လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က မဇ္ဈိမကိုပြောသည်။ ကျန်ပါတီများမှ အမတ်အနည်းငယ်နှင့် တသီးပုဂ္ဂလ အမတ်များလည်းပါဝင်သေးသည်ဟုလည်း သူက ဆက်ပြောသည်။
ကော်မတီကိုဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က မတ် ၂၀ ရက်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကာ လွှတ်တော်က သဘောတူသည့်အတွက် လေးလခန့်အကြာတွင် ယင်းကဲ့သို့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်သည့် ဦးအောင်ကြည်ညွန့်က “ကော်မတီအနေအထားက လေ့လာသုံးသပ်ရေး ကော်မတီ အနေအထားနဲ့ပဲဖြစ်ပါတယ်။ အာဏာ သိပ်မရှိဘူးလေ။ တင်ပြတဲ့အခါကျတော့ ဘာတွေကို ပြောင်းမလဲ။ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်းပြောင်းမလဲ၊ ဘယ်လို ပြောင်းမလဲဆိုတာကတော့ ဆိုတာတော့ မသိသေးဘူးပေါ့” ဟု မဇ္ဈိမကိုပြောသည်။
ကော်မတီသည် အစိုးရအဖွဲ့မှစ၍ ပြည်သူများအထိ အကြံÓဏ်များရယူနိုင်ကြောင်းပြည်ထောင်စုလွှတ်တော်နာ ယက က ထုတ်ပြန်ထားသည်။
ယင်းကော်မတီတွင်ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ပြည်သူ့လွှတ်တော်နှင့် အမျိူးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌများဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် အဆိုပါကော်မတီ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ ကော်မတီ သက်တမ်းတို့နှင့်စပ်လျဉ်း၍ မူကြမ်းကို အများသဘောတူ စုပေါင်းရေးဆွဲမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုချက် ရယူရမည် ဖြစ်သည်။
အဆိုပါကော်မတီ ဖွဲ့စည်းခြင်းကို ဇူလိုင် ၂၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ရယူရန် လျာထားကြောင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးက ကိုယ်စားလှယ်အားလုံးထံ အကြောင်းကြား စာ ဖြန့်ဝေထားသည်။