မေလနှောင်းပိုင်းက ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့သည့် သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့၌ မူဆလင် ဘာသာဆိုင်ရာ အဆောက်အဦးအနီးရှိ အိမ်/ခြံများကို ပြည်သူများက မဝယ်ရဲကြကြောင်း ဒေသတွင်း သတင်းအရ သိရှိရပါသည်။
“ရပ်ကွက် ၈ က မူဆလင်မိဘမဲ့ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အိမ်နဲ့ခြံဆိုရင် ကာလပေါက်ဈေး သိန်း ၃၀၀၀ လောက် ရှိတယ်။ အိမ်က ၃ ထပ်၊ ခြံက ပေ ၈၀ x ၁၀၀ ။ ဒီဈေးနဲ့ဆို အလုအယက် ဝယ် ကြမှာ။ ဒါပေမဲ့ လာကြည့်တဲ့သူတွေက ဈေးတောင်မမေးတော့ဘဲ ပြန်သွားကြတယ်” ဟု လားရှိုးပွဲစား တစ်ဦးက ပြောပါသည်။
ထို့အတူ လားရှိုးမြို့ ရပ်ကွက် ၄ မူဆလင်အသိုင်းအဝိုင်းကြားရှိ ဗုဒ္ဓဘာသာ သျှမ်းအိမ်တလုံးကို ရောင်း ချင်သော်လည်း ဝယ်မည့်သူမရှိကြောင်း ဆိုပါသည်။
“မူဆလင်ကြားမှာ ညှပ်နေတော့ သူတို့လည်း မနေချင်ဘူးလေ။ တခြားဘာသာဝင်တွေလည်း မဝယ်ရဲ ကြတော့ အဲဒီအသိုင်းအဝိုင်းကဘဲ ဈေးနိမ်ပြီးဝယ်မှာ သေချာတယ်။ မူဆလင်ဘာသာဝင်တွေက တစုတစည်းထဲ နေတတ်ကြတာကိုး” ဟု လားရှိုးရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။
မေလ ၂၈ ရက်နေ့က မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်ပြီးနောက်ပိုင်း မူဆလင်ဘာသာဝင် လူမျိုးများ အသက်အိုးအိမ် ခြိမ်းခြောက်မှု ကြုံလာသကဲ့သို့ ၎င်းတို့ကြား နေထိုင်သည့် ဒေသခံတိုင်းရင်း သားများလည်း ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့လာခြင်း ဖြစ်သည်။