မီးရှို့မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ သံတွဲမှ ရခိုင်အမျိုးသား ၅ ဦးကို ရုံးတင် တရားစွဲ

မီးရှို့မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ သံတွဲမှ ရခိုင်အမျိုးသား ၅ ဦးကို ရုံးတင် တရားစွဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော မီးရှိုု့ တိုက်ခိုက်မူတွင် ပါ၀င်သူများဟု သံသယဖြင့် စွပ်စွဲ ဖမ်းဆီးခံရထားရသူ ရခိုင်အမျိုးသား ၅ ဦးကို မနက်ဖြန်တွင် ရုံးတင် တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မီးရှို့မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ (၅) ဦးမှာ သံတွဲမြို့ ဒွါရာဝတီ မြို့သစ်ရပ်ကွက်မှ ၁။ ကိုသန်းဌေး (ဘ) ဦးစိန်မောင် ၂။ ကိုဖေပု (ဘ) ဦးခင်မြ ၃။ ကိုကြီး (ဘ) ဦးထွန်းလှမောင် ၄။ ကိုဝင်းနိုင်(ဘ) ဦးစိုးအောင် နှင့် ၅။ ကိုမောင်မောင်နိုင် (ဘ) ဦးမောင်သာလှတို့ ဖြစ်ကြသည်။

“ သူတို့ ၅ ဦးကို မနက်ဖြန်နဲ့ သန်ဘက်ခါ နှစ်သုတ်ခွဲပြီး ရုံးတင် တရားစွဲမှာ ဖြစ်ပါတယ်။ ၅ ဦးစလုံးကို တရားစွဲဆိုမှာ ဖြစ်ပါတယ်” ဟု သံတွဲ ဒေသခံ တစ်ဦးက ဆိုသည်။

သူတို့အား ဖမ်းဆီးထားသည်မှာ နှစ်ပတ်ကျော်ရှိနေပြီး  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၁၄ (မီးရှို့မှု) ဖြင့် တရာစွဲဆိုထားသည်ဟု သူက ဆိုသည်။

သံတွဲမြို့တွင် ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မှ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးကို မူဆလင် နှစ်ဦးက မုဒိမ်းကျင့်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဇွန်လ ၃၀ ရက်နေ့တွင် မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်များ အကြား အကြမ်းဖက် မီးရှို့ တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မူ အတွင်း လူနေအိမ် ၉ လုံး မီးရှို့ခံခဲ့ရပြီး၊ အိမ် ၁၁လုံး ဖျက်ဆီး ခံခဲ့ရသည်။ ချက်ချင်း အာဏာပိုင်များက သံတွဲမြို့ တွင် ပုဒ်မ၁၄၄ကို ထုတ်ပြန်ခဲ့သည်။

Most read this week