မူစယ်ရဲထံမှ သေနတ်လုထွက်ပြေးသည့် လူသတ်တရားခံများအား လာရှိုးခရိုင်သို့ လွှဲပြောင်းရုံးထုတ်စစ်ဆေး

မူစယ်ရဲထံမှ သေနတ်လုထွက်ပြေးသည့် လူသတ်တရားခံများအား လာရှိုးခရိုင်သို့ လွှဲပြောင်းရုံးထုတ်စစ်ဆေး
by -
သျှမ်းသံတော်ဆင့်

ကျားဖြူဥက္ကဌတူကိုသတ်သောတရားခံများကို မူစယ်မြို့တရားရုံးမှ လာရှိုးတရားရုံးသို့ ယ္ခုလဆန်းပိုင်းက လွှဲပြောင်းပြီး ရုံးထုတ်စစ်ဆေးနေကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။

T-000

“တရားခံတွေကို လာရှိုးကို ယ္ခုလဆန်းပိုင်း လွှဲပြောင်းပေးအပ်ပြီး အမှုစစ်ဆေးနေတယ်၊ လာရှိုးသို့ လွဲပြောင်း ပေးသွားတော့ မူစယ်ထက်ပိုပြီးစိတ်ချရတယ်၊ မူစယ်မှာ ထားတုန်းက ရဲကိုသေနတ်လု ပစ်ခတ်ပြီး တရားခံ နှစ်ယောက်ထွက်ပြေးလွတ်မြောက်မှုဖြစ်သွားသေးတယ်၊ တော်သေးတယ် နှစ်ယောက်လုံးကို တရုတ်ပြည် ရဲ ဖမ်းဆီးပေးနိုင်ခဲ့တယ်”ဟု တရားလိုဘက်မှအမှုလိုက်နေသော ဆွေမျိုးတစ်ဦးကပြောသည်။

ယ္ခုလ အတွင်း လာရှိုးတွင်  ရုံးထုတ်စစ်ဆေးသည်မှာ  ၂  ကြိမ်ရှိပြီဖြစ်ရာ မနက်ဖြန်  ၁၆  ရက်နေ့တွင်လည်း ရုံးချိန်းရက်ရှိသေးကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့ နှင့်  ၉  ရက်နေ့ ရုံးထုတ်စစ်ဆေးရာတွင်လည်း တရားလိုဘက် မှ သက်သေများနှင့် လူသတ် တရားခံများဖြစ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင်) ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ) လိဖန်၊ အိုက်ဆမ်နှင့် အားကျိ တို့ စစ်ဆေးမေးမြန်းကြောင်း ၄င်းက ဆိုသည်။

“ကျမ တို့တူ အသတ်ခံရတာက ဖေဖော်ဝါရီ  ၆  ရက်ကပေါ့ ခု နဲ့ဆို  ၅ လ တောင်ကြာခဲ့ပါပြီ ၊ အမှုက မပြီးနိုင် သေးဘူး၊ ရုံးချိန်း/ထုတ်တာ  မနက်ဖန်ပါရင်  ၉  ကြိမ်ရှိပါပြီ၊ ခုလို လာရှိုးကို ပြောင်းပေးလိုက်တာ ပိုပြီးစိတ်ချမှု တော့ရပါတယ်၊ ဒါပေမဲ့ ကျမတို့ တရားလိုဘက်အမှုလိုက်ဖို့တော့အတွက် နည်းနည်းတော့အခက်တွေ့ရပါတယ် ” ဟု အသတ်ခံရသော စိုင်းအိုက်လိန် ၏ အဒေါ် တော်စပ်သူ တစ် ယောက် က ပြောသည်။

ယခု အခါတရားခံများကို လူသတ်မှု နှင့် တာဝန်ရှိရဲထံမှ သေနတ်လုယူ ထွက်ပြေးမှု နှင့် အမှုပေါင်းများစွာ သက်ဆိုင် ရာမှတရားစွဲထားပြီး တရားခံများကိုလည်း လားရှိုးအကျဉ်းစခန်း အမှောင်သိုက်ထဲတွင် ထားရှိနေကြောင်း သျှမ်းသံတော်ဆင့်မှ  သတင်းရရှိသည်။

Most read this week