မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ထောက်ခံလက်မှတ်ယူရာတွင် အာဏာပိုင်တို့၏ တားဆီးမှုများရှိခဲ့သည်ဟု မန္တလေးဒေသခံ ဆရာတော်များကမိန့်သည်။
ယခုနှစ်ဇွန်လအတွင်း ထွက်ရှိလာသည့် ယင်းဥပဒေအတွက် မန္တလေးမြို့တွင် ထောက်ခံလက်မှတ်ယူမှုများ နေရာအနှံ့တွင် ပြုလုပ်နေပြီး အချို့နေရာများတွင် ရုံးများဖွင့်လှစ် ဆောင်ရွက်နေသည်ဟုလည်း ဆရာတော် များထံကသိရသည်။
အဆိုပါ ဥပဒေနှင့်ပတ်သက်ပြီး အချို့မှာ ဝေဖန်မှုများရှိနေကြောင်း မျိုးစောင့်ဥပဒေ မူကြမ်းသံဃာ့ညီလာခံသို့ တက်ရောက်ခဲ့သည့် သတင်းနှင့် စည်းရုံးရေးတာဝန်ခံ ဆရာတော်ဘဒ္ဒန္တပညာဝံသက “ဥပဒေအသေး စိတ်ကိုမသိဘဲ ရမ်းသမ်းဝေဖန်နေကြတယ်။ ဒါဟာ လုံးဝမဖြစ်သင့်ဘူး။ မျိုးစောင့်ဥပဒေဆိုတာ အမျိူး၊ ဘာသာ၊ သာသနာကိုစောင့်ရှောက်ကာကွယ်ဖို့ စီစဉ်ထားတာ။ အခြားဘာသာကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်ထားတဲ့ အချက်တွေရှိရင် ထောက်ပြကြပါ” ဟုမိန့်သည်။
အရှင်သာသနာ (ဓမ္မာစရိယ) ကလည်း “ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ကာကွယ်စောင့်ရှောက်ခွင့်ရှိ မှသာ စစ်မှန်တဲ့ဒီမိုကရေစီဖြစ်မယ်” ဟုလည်းမိန့်သည်။
ယင်းဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးလိုမှုများ၊ သိရှိလိုသည်များရှိပါက လာရောက်ဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်းလည်း ဆရာတော်ဘဒ္ဒန္တပညာဝံသကပြောသည်။