အရပ်သားအား ညှင်းပမ်းသည့် ဒုတပ်ရင်းမှူးကို အရေးယူပေးရန် ကာယကံရှင် လိုလား

အရပ်သားအား ညှင်းပမ်းသည့် ဒုတပ်ရင်းမှူးကို အရေးယူပေးရန် ကာယကံရှင် လိုလား
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ထီးသာဆောကျေးရွာရှိ အစိုးရစစ်တပ် ရှေ့တန်းစခန်း  ခလရ(၃၀) ဒုတပ်ရင်းမှူး ဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့က  အစိုးရဝန်ထမ်းတစ်ဦး၏ ခင်ပွန်းဖြစ်သူအား ညှင်းပမ်းနှိပ်စက်ခဲ့မှုနှင့် ပတ်သက်၍ အရေးယူပေးရန်  ကာယကံရှင် မိသားစုဘက်က ဆန္ဒရှိသည်ဟုဆိုပါသည်။

ဇွန်လ ၂၆ ရက်က ထီးသာဆော မူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမ နော်ကလိုမူးရှူးအား ကျောင်းပို့ပြီးအပြန်  ခင်ပွန်း ဖြစ်သူ စောမြင့်ထူးအား ထီးသာဆောနှင့် သောကော်ထီ့ရွာအသွား လမ်းပေါ်တွင်  ဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့က  ဆိုင်ကယ်တားကာ  ရင်ဘတ်  ဆောင့်ကန်ထိုး ကြိတ်ခဲ့ပါသည်။

Saw Myint Htoo

ထို့အပြင် ၀န်ထမ်းအိမ်ယာရှေ့တွင် ဆဲဆိုထိုးကြိတ်၍ သေနတ်ဒင်ဖြင့် ဆက်လက်ထုထောင်းနှိပ်စက်ရာ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ်နှင့် ဦးခေါင်းတို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး စောမြင့်ထူး သတိမေ့ သွားခဲ့သည်ဟု ကာယကံရှင်ကိုယ်တိုင်  ပြောပြသည်။

 “ ကျနော့်ကို ပထမတစ်ကြိမ်မှာ ရင်ဘတ်ကို တစ်ချက်ကန်တယ်၊ ထိုးတယ်။ ၀န်ထမ်းအိမ်ယာမှာ စုစု ပေါင်း ၁၃ ချက်အထိ ထိုးတယ်။ သေနတ်ဒင်က ၅ ချက်လောက်ပါမယ်။ အခု စုစုပေါင်း ၁၀ ချက်ချုပ်ရတယ်။ အတွင်းကော အပြင် ပါ ” ဟု ဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ရိုက်နှက်ခံရသူ၏ မိသားစုဝင်ဘက်မှ ဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့ကို ထိရောက်စွာ အရေးယူပေး ရန် ဇွန်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ်အစိုးရထံသို့ တိုင်ကြားစာတစ်စောင်ကို ပေးပို့ ထားခဲ့သည်။

လက်ရှိတွင် သောက်ရေခပ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ရာ  စောမြင့်ထူး၏ ဆေးကုသစရိတ်အား လုံးကို ခလရ(၃၀) တပ်ရင်းမှူးမှ အကုန်ကျခံမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်တွင် ကျပ်ငွေ ၅ သောင်းသာ ရရှိကြောင်း သိရ သည်။

“ဆေးကုသ စရိတ် ရတာက ၅ သောင်း။ သောက်ရေခပ်ဆေးရုံမှာ ဆေးသွားကုတာ သွားလာရေးကော၊ ဆေးဖိုးဝါးခကော လော လောဆယ် ၈ သောင်းလောက် ကုန်နေပြီ။ ဒဏ်ရာတွေက မပျောက်သေးတော့ ထပ်သွားရအုံးမယ်။ ”ဟု ၎င်းက ပြောသည်။

ယခုကိစ္စတွင် ကျူးလွန်သူ ခလရ(၃၀) ဒုတပ်ရင်းမှူး ဗိုလ်မှူးဆန်းထွန်းဘက်မှ လက်ရှိအချိန်ထိ၀န်ချတောင်း ပန်မှု တစုံတရာလုပ် ဆောင်ခြင်းမရှိသည့်အပြင် နှိပ်စက်ခံသူ စောမြင့်ထူးအား ပြစ်မှုကျူးလွန်သူအနေဖြင့် တန်ပြန်အရေးယူရန် စီစဉ်နေသည်ဟု စောမြင့်ထူးက ပြောသည်။

“အခုက ကျနော့်ဘက်ကို အမှားအယွင်းတွေ ရှိအောင် ပြန်စီစဉ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ထွက်ဆိုချက်က ဟို ဘက်ထွက်ဆိုချက်နဲ့ တလွဲဖြစ်နေတယ်လို့ ပြောတယ်။ ကျနော့်ကို တစ်ချက်ပဲထိုးတယ်။ လဲသွားတဲ့အချိန်မှာ ကျောက်ခဲနဲ့ ဆောင့်တယ်လို့ ဘလေး(ဒုရင်းမှူး)ဆန်းထွန်းက ထွက်ဆိုထားတယ်။ တချက်ထဲဆို ကျနော်သတိမလစ်ဘူးလေ။”ဟု ၎င်းက ပြောသည်။

ခလရ(၃၀) ဒုတပ်ရင်းမှူး ဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့သည် သောက်ရေခပ်အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်-တပခ လက် အောက်ခံ နည်းဗျူဟာ (၂)မှူး ဗိုလ်မှူးကြီးရဲထွန်း ဦးစီးသည့် ထီးသာဆော စခန်းမှဖြစ်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုး ရထံ တိုင်ကြားမှုမှာ ယနေ့အချိန်ထိ မည်သည့်တုန့်ပြန်မှု တစုံတရာကိုမျှ မရရှိသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Most read this week