ပိုက်လိုင်းကြောင့် တာတမံ ကျိုးပေါက်၍ လယ်သမားများ လယ်မလုပ်ကြရ

ပိုက်လိုင်းကြောင့် တာတမံ ကျိုးပေါက်၍ လယ်သမားများ လယ်မလုပ်ကြရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ လယ်သမား (၇) ဦးသည် ပိုက်လိုင်း ဖြတ်သန်း ဖေါက်လုပ်မူကြောင့် လမ်းဧက မြောက်များစွာ ရေနစ်ပျက်စီးသွားသဖြင့် လယ်မလုပ်ဘဲ ဖြစ်နေကြရာ ယခုအခါ အထက်သို့ စာရေး တိုင်ကြားလိုက်သည်ဟု သတင်း ရရှိသည်။

ကျေးရွာသား (၇) ဦးအနေဖြင့် ပထမဆုံး အနေဖြင့် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေထံသို့ စာရေး တိုင်ကြားခဲ့ကြောင်း၊ တစ်စုံတစ်ရာ ၀င်ရောက် ကူညီ ဖြေရှင်းခြင်း မရှိကြောင်း၊ သို့အတွက် ယခုအခါ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထိန်လင်းထံ စာရေးသား တိုင်ကြားလိုက်ကြောင်း ဒေသခံ ရွာသားများက ပြောသည်။

ဦးသိန်းဆွေမှာ ယခင်က ဗိုလ်ချုပ်ဟောင်၊ ၀န်ကြီးဟာင်း  တစ်ဦးဖြစ်ပြီး အမ်းမြို့နယ် ဇာတိ မဟုတ်သော်လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အဖြစ် ၂၀၁၀ ရွှေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ပါ၀င် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။

“ ကျွန်တော်တို့မြို့နယ်က ၀င်ပြီး အရွှေးခံတယ်။ ကျွန်တော်တို့ ဒေသခံလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင် မဲထည့်လိုက်ပါတယ်။ ကျွန်တော်တို့ ရခိုင်ဒေသ တိုးတက်ရေးတို့၊ အမ်းမြို့နယ် တိုးတက်ရေးတို့ကို ဒီနေ့အချိန်ထိ ဘာမှ ဆောင်ရွက်ပေးတာ မရှိဘူး။ အခုလိုမျိုး ဒေသခံတွေရဲ့ ပြဿနာတွေကိုလည်း စိတ်ဝင်တစား ဖြေရှင်း ပေးတာလည်း မရှိပါဘူး။ ဒီအတွက် မဲဆန္ဒရှင်ပြည်သူတွေ အဖို့ အထူး နစ်နာမူတွေ ရှိနေပါတယ်”  ဟု ဒေသခံ တစ်ဦးဖြစ်သူ တောင်ဖီလာရွာသား ဦးအောင်သိန်းက ပြောသည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေထံ တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ ၀င်ရောက် ညှိနိုင်း ဖြေရှင်းပေးမူ မရှိသဖြင့် ဇူလိူင်လ ၅ ရက်နေ့က ရခိုင်ပြည်နယ် လယ်ယာ သားငါး သစ်တောနှင့် ဆည်မြောင်း လုပ်ငန်း အဖွဲ့ ဥက္ကဌ ရခိုင် ပြည်နယ် လွှတ််တော် ဥက္ကဌ ဦးထိန်လင်း ထံသို့ စာရေးတိုင်ကြားလိုက်သည်ဟု သူက ဆိုသည်။

၎င်းပြင် မိတ္တုအား ဦးကျော်လွှင်- ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်ဝင်း- မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ ဦးတက်ထွန်းအောင်- ပေါက်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ဖြူမြို့နယ် ခရိုင် အုပ်ချုပ်ရေးမှူး၊ အမ်မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပေးပိုခဲ့သည်ဟု ဆိုသည်။

စာရေးသား ပေးပို့ခဲ့သော လယ်သမားများမှာ  အမ်းမြို့နယ်၊ တောင်ဖီလာ အုပ်စု၊ အဝပြင်ကျေးရွာမှ ဦးရွှေကျော်မောင်၊ ဆပ်ကျပြင်ရွာမှ ဦးကျော်သိန်း ၊ ဆင်ရှဉ်းလုပ် ကျေးရွာမှ ဦးဝေထွန်းတင်၊ ဦးမောင်ခင်စော၊ ဦးညီငယ်၊ ဦမျိုးဝင်းတင်နှင် ဦးမောင်ဖြူချေတို့ ဖြစ်ကြသည်။

တရုတ်သို့ သွယ်တန်းသည့် ရေနံနှင့် ဂတ်စ် ပိုက်လိုင်း ဖေါက်လုပ်ရာတွင်  လယ်သမားးများ စိုက်ပျိုးနေသည့် ချောင်းရီသွန် တာတမံ စိုက်ဧက ၁၈၁ ဧကနှင့် ငှက်ခေါင်းချောင်း တာတမံမှ ဧက ၅၀ မှာ ဆားငံရေ ၀င်ပြီး လုပ်ကို်င် စားသောက်၍ မရတော့သည် အထိ လုံးဝ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

Most read this week