မြဒေးကျွန်း ကျေးရွာ ခေါင်းဆောင် ၁၀ ဦး အမှုဆက်လက် ကြားနာ စစ်ဆေး

မြဒေးကျွန်း ကျေးရွာ ခေါင်းဆောင် ၁၀ ဦး အမှုဆက်လက် ကြားနာ စစ်ဆေး
by -
နိရဥ္စရာ

ဆန္ဒပြသဖြင့် တရားစွဲခံရသူ မြဒေးကျွန်းမှ ကျေးရွာ ခေါင်းဆောင် ၁၀ ဦး အမှုကို ဇူလိုင်လ ၈ ရက်နေ့က ကျောက်ဖြူမြို့နယ် တရားရုံးတွင် ဆက်လက် ကြားနာ စစ်ဆေးခဲ့သည်။

Protest-Against-the-Shwe-Gas-Project-CNPC-in-Maday

“ အခု တစ်ကြိမ်နဲ့ပါ ဆိုရင် ကျွန်တော်တို့အမှုကို စစ်ဆေးတာ ရ ကြိမ် ရှိသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ကို တစ်ကြိမ်တစ်ခါမှ စစ်ဆေးတာ မရှိသေးပါဘူး” ဟု ကိုထွန်းကြည်က ပြောသည်။

ဇူလိူင်လ ရ ရက်နေ့က အမှုကို ကြားနာ စစ်ဆေးရာတွင် တရားလို (၂) ဦးဖြစ်သည့် မြဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းနှင့် CNPC ကုမ္ပဏီမှ တရုတ်ဘာသာပြန် ကိုခင်မောင်အေးတို့ကို စစ်ဆေးခဲ့သည်။

“ ကျွန်တော်တို့ ၁၀ ယောက် ဦးဆောင်ပြီး ဆန္ဒပြတာကို မြင်လိုက်သလားဆိုပြီး သူတို့ နှစ်ဦးကို တရားသူကြီးက မေးပါတယ်။ မြင်လိုက်တယ်ဆိုပြီး သူတို့က သက်သေ ထွက်ဆိုသွားပါတယ်” ဟု ကိုထွန်းကြည်က ဆက်ပြောသည်။

၎င်းနောက်ပိုင်း တရားသူကြီးမှ ကျေးရွာ ခေါင်းဆောင် (၁၀) ဦးကို အပြစ်ရှိ မရှိ မေးမြန်းခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ကတော့ အပြစ် မရှိဘူးလို့ဘဲ ပြန်ပြောပါတယ်။ ခွင့်ပြုချက်တင်တယ်။ ခွင့်ပြုချက်မပေးတဲ့ အတွက်  မိမိတို့မှာ နစ်နာနေတာတွေ ရှိတာကြောင့် ဆန္ဒ ဖေါ်ထုတ်တာသာ ဖြစ်ပြီး ဆူပူ အကြမ်းဖက်မူလည်း လုပ်တာ မဟုတ်တဲ့ အတွက် အပြစ် မရှိလို့ဘဲ ပြန်ပြောလိုက်ပါတယ်” ဟု ကိုထွန်းကြည်က ဆိုသည်။

သူတို့ (၁၀) ဦးအမူကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ရုံးချိန်း ထပ်မံပေးလိုက်သည်ဟု ပြောသည်။

တရားစွဲဆိုခံရသူများ အထဲတွင် ကျောက်တန်းရွာက ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနှင့် နောက်တစ်ဦးဖြစ်ပြီး  ရွာမရွာက ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦး ထွန်းကြည်တို့ ဖြစ်ကြသည်။

သူတို့ကို ပုဒ်မ (၁၈)၊  ခွင့်ပြုချက် မရှိဘဲ ဧပြီလ ၁၈ ရက်နေ့က မြဒေးကျွန်းတွင် ဆန္ဒဖေါ်ထုတ်မူနှင့် တရားစွဲဆိုထားကြောင်း သိရသည်။

Most read this week