မလေးရှားတွင် မြန်မာ တစ်ဦး ထပ်မံ အသတ်ခံရ

မလေးရှားတွင် မြန်မာ တစ်ဦး ထပ်မံ အသတ်ခံရ
by -
နိရဥ္စရာ

မလေးရှား နိုင်ငံတွင် နောက်ထပ် မြန်မာ တစ်ဦး ထပ်မံ အသတ်ခံရသည်ဟု မလေးရှားမှ လာသော သတင်းများအရ သိရှိရသည်။

အသတ်ခံရသူမှာ မလေးရှားတွင် ကားပြင်ဆရာ အဖြစ် လုပ်ကိုင်နေသူ ရန်ကုန်မြို့မှ ကိုရဲဝင်းထွန်း အသက် (၃၃)နှစ် ဖြစ်သည်။

ကိုရဲဝင်းထွန်းသည် ကားပြင် ၊ ဆေးမူတ်စက်ရုံ ဆူဗန်းမေဝတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး  ဇူလိူင်လ ၅ ရက်နေ့ ည ၁၁ နာရီကျော်တွင် အိမ်ပြန်မလာသဖြင့် ဇနီးဖြစ်သူမှ ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ မိမိမှာ ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေ့တွင် စက်စမ်း မောင်းနေစဉ် ကားစက်ပျက်နေသဖြင့် တစ်ဦးတည်း ကားပြင်နေရကြောင်းနှင့်  ဇနီးသည်အား စိတ်မပူရန် ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း ဇနီး ဖြစ်သူ မမေသန်းမှ  စိုးရိမ်လာရာ ဇူလိုင်လ ၆ ရက်နေ့ နံနက် လင်းအားကြီး အချိန် ညဉ့် (၁)  နာရီခန့်တွင် ထပ်မံ၍ ဖုန်းဆက်သောအခါ ကိုရဲဝင်း ကိုင်ဆောင်သော ဖုံုးနှစ်လုံးမှ တစ်လုံးသာ ခေါ်၍ရပြီး ကျန်တစ်လုံးမှာ ခေါ်၍မရတော့ဟု ဆိုသည်။ ခေါ်ဆို၍ရသော ဖုံးမှလည်း လက်ခံစကား ပြောမည့်သူ မရှိကြောင်း သိရသည်။

ထို့နောက် မိသားစုများမှ စိုးရိမ်၍ ၄င်း စက်စမ်း မောင်းနေသော ကားပျက်ရာ  နေရာသို့ တစ်အိမ်တည်း နေသူ ဦးလေးဖြစ်သူ အပါအဝင် မိသားစုများက လိုက်လံ ရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းနေ့လည် ၁၂ နာရီခန့်မှ ကိုရဲထွန်းဝင်းအား သူကားစက်စမ်းရာ ရေမြောင်းထဲတွင် ဓါးဒဏ်ရာ (၇) ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု မိသားစုက ဆိုသည်။

ယခုအခါ ကပုန်း(၇)ရက် သားသမီနာရေး ကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများ အတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များ၏ အကူအညီဖြင့် မလေးရှား ရဲတပ်ဖွဲ့သို့ ချက်ခြင်းအကြောင်းကြားပြီး အလောင်းကို  ဆူဗန်းဂျာရာ မြိုုမှ  PJ ယူနီဗာစတီ ဆေးရုံသို့် ဆေးစစ်ရန် ပို့ဆောင်ထားသည်ဟု သိရပါသည်။

ကိုရဲထွန်းဝင်း၏ နေရပ်မှာ  အမှတ်(၄၀၄)၊ သုမာလာ ၉ လမ်း၊ ( ၂ ) ရက်ကွပ်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်ဟု သိရပါသည်။  သူသည် 6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ် ပါမစ်ဖြင့်  မလေးရှားတွင် နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိသည်ဟု သိရပါသည်။

Most read this week