မြန်မာ-ဘင်္ဂလာ အလံတင် အစည်းအဝေး မြေမြုပ်မိုင်း ကိစ္စ အဓိက ဆွေးနွေး

မြန်မာ-ဘင်္ဂလာ အလံတင် အစည်းအဝေး မြေမြုပ်မိုင်း ကိစ္စ အဓိက ဆွေးနွေး
by -
နိရဥ္စရာ

ယမန်နေ့က ဘင်္ဂလာဒေချ့် နိုင်ငံ ကော့စ်ဘဇားမြို့တွင် ပြုလုပ်သော မြန်မာ- ဘင်္ဂလာဒေချ့် နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် နယ်စပ် တလျှောက် မြန်မာဘက်က မြေမြုပ်မိုင်း ထောင်နေသည့် ကိစ္စ အပေါ် အထူး အလေးပေး ဆွေးနွေးခဲ့ကြသည်ဟု သတင်း ရရှိသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီတွင် ကော့စ်ဘဇားမြို့ BGB တပ်ရင်းတွင် ပြုလုပ်ခဲ့သော  ဆွေးနွေးပွဲတွင် မြန်မာဘက်က နယ်စပ် တလျှောက်ထောင်ထားသော မြေမြုပ်မိုင်း ကိစ္စမှာ  အစည်းအဝေးတွင် လွှမ်းမိုးနေခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် ဆွေးနွေးပွဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မှောင်ခိုနှင့် စိတ်ကြွဆေးပြားများ မြန်မာဘက်က ဘင်္ဂလာဒေချ့်သို့ အဆက်မပြတ် ၀င်ရောက် နေမှုတို့ကို တားဆီးရန် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်

နယ်စပ်တွင် ဖြစ်ပေါ်လာသည့်  မည်သည့် အကြောင်းအရာ မဆို နစကနှင့် BGB တို့ ချက်ချင်း ဆက်သွယ် ဖြေရှင်းရန်လည်း ဆွေးနွေးခဲ့ကြောင့် သိရသည်။

မြန်မာ နစကဘက်မှ နစကမှူး ဦးအောင်နိုင်ဦး ဦးဆောင်သည့် အဖွဲ့ဝင် ၁၈ ဦးတက်ရောက်ခဲ့ပြီး  ဘင်္ဂလားဒေချ့်ဘက်မှ  BGB အမှတ် ၁၈ တပ်ရင်းမှ အရာရှိ နဇရူလ်အီဆလာမ် ဦးဆောင်သည့် အဖွဲ့ဝင် ၁၈ ဦး တက်ရောက်ခဲ့သည်။

မြန်မာနစက ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခန့်တွင် တက်ကနက်မြို့သို့ ရောက်ရှိလာပြီး သူတို့ကို တက်က နက်အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှ အရာရှိ ဇာဟီဟာဆန်းမှ ကြိုဆိုခဲ့သည်။

ဆွေးနွေးပွဲအပြီး ညနေ ၅ နာရီခန့်တွင် ကော့စ်ဘဇား ခေါ် ဖလောင်းချိတ်မြို့ရှိ Burmese Market နှင့် ပင်ဘာဇာ (ကွမ်းစျေး)တို့ကို မြန်မာ နစကများမှ သွားရောက်လည်ပတ်ခဲ့သည်။

Most read this week