ဇွန်လ ၃ ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တောင် ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မစ္စအင်တာနက် ဆုရှင် နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုး ရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ထူးချွန်အမျိုးသမီးအဖြစ် နန်းခင်ဇေယျာကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌဒေါ်ကြည်ကြည်ဝေကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်လည်း တက်ရောက်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရ၏ ဂုဏ်ပြုခြင်းခံရသူ နန်းခင်ဇေယျာက တောင်ကြီးမြို့ မိဘမဲ့အမျိုးသမီး သင်တန်းကျောင်း သို့ သွားရောက် မည်ဟုလည်းဆိုသည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံရကာ မိဘမဲ့ အမျိုးသမီးသင်တန်းကျောင်းသို့ ရောက်ရှိ နေသည့် မသက်ထားခင်ကိုလည်း တွေ့ဆုံမည်ဟု ဆိုသည်။
''အဓိကကတော့ သူ့ကို အားပေးချင်တယ်။ အပြစ်မဲ့တဲ့ ကလေးငယ်လေးကို စိတ်ဓာတ်ခွန်အားတွေ တက်လာအောင် အားပေးသွားမယ်။ ဒီလို ရိုက်ခံခဲ့တာ ကြားသိရ ရချင်းကတည်းက စိတ်ထဲမှာလုံးဝမ ကောင်းပါဘူး'' ဟု သူကဆိုသည်။
မသက်ထားခင်သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ ၅ တွင် နေထိုင်သည့် အသက် ရ နှစ် အရွယ် မိဘမဲ့ ဖြစ်သည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံခဲ့ရခြင်းကြောင့် တောင်ကြီးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့အမျိုးသမီးသင်တန်းကျောင်းသို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။