ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ် နိုင်ငံကူမင်းသို့ ပို့လွှတ်မည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် နှင့်ဒေသခံတို့၏ လူမှုဘဝအပေါ် ထိခိုက်လာမည့် အခြေအနေများကို ကောက်ယူသည့် စစ်တမ်းအားချပြပြီးမှသာ ဓာတ်ငွေ ့စပို့သင့် ကြောင်း စောင့်ကြည့်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် စသည့် ပြည်နယ်နှင့် တိုင်းလေးခုမှ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာက ဖွဲ့စည်းခဲ့သည့် မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ (MCPWC) အဖွဲ့ဝင်များက ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။
စောင့်ကြည့်ရေးကော်မတီက စစ်တမ်းများကို ကုမ္ပဏီဘက်မှ ချပြခြင်းမရှိပါက ပိုက်လိုင်းစီမံကိန်းကို ရပ်တန့်ရန်ကြေညာချက် ထုတ်ပြန်ထားသည်။
ထိုပိုက်လိုင်းသည် ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချရန် ကိုရီးယားပိုင် POSCO ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်သော ဒေဝူးအင်တာနေရှင်နယ်က သွယ်တန်းထားခြင်းဖြစ်ပြီး မကြာမီဓာတ်ငွေ့များ ပို့လွှတ် တော့မည်ဟု ကြေညာထားသည်။
ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန် လုပ်ကွက်နှစ်ခုမှ ဇွန်လ အတွင်း၌ စတင်ထုတ်လုပ် မည်ဟု လည်း ကို ရီးယားအခြေစိုက် Korea Herald သတင်း ဌာနက ဖော်ပြခဲ့ဖူးသည်။
''စစ်တမ်းတွေမရှိ၊ ပြည်သူလူထုကို ထုတ် ဖော်ပြတာမျိုးမရှိဘဲ ဒီပိုက်လိုင်းက ဓာတ်ငွေ့ ပို့လွှတ်ရင် ဘယ်အချိန် ထပေါက်မလဲ စသည် ဖြင့် လုံခြံုမှုမရှိဘူး၊ တာဝန်ယူမှုမရှိဘူး။ ပြည် သူလူထုကို အလေးမထားတာဘဲ'' ဟု Myanmar-China Pipeline Watch Committee (MCPWC) အဖွဲ့ဝင် ဒေါ်စနိုး က မဇ္ဈိမကို ပြောသည်။
တာဝန်ရှိသော ကုမ္ပဏီများက စစ်တမ်း များ မထုတ်ပြန်သော်လည်း စောင့်ကြည့်ရေး ကော်မတီ (MCPWC) က ပိုင်းလိုင်းကြောင့် ဒေသခံတို့၏ လူမှုဘဝအပေါ် သက်ရောက် မှုများကို စစ်တမ်းကောက်ယူလျှက်ရှိပြီး အစိုးရနှင့် ပြည်သူလူထုသို့ ချပြသွားမည်ဟု ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးတင်သစ် က ပြောသည်။
''ကုမ္ပဏီဘက်က EIA (သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း)၊ SIA (လူမှုဘဝ အပေါ် ထိခိုက်မှုစစ်တမ်း) လုပ်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘာမှသိသာအောင် ချမပြဘူး။ ပိုက်လိုင်းဖြတ်မယ့် လမ်းကြောင်း တစ်လျှောက်မှာ လက်နက်ကိုင် တပ်တွေလည်း ရှိတယ်။ ပိုက်လိုင်းဖောက်ထားတာက စိုက်ပျိုးတဲ့မြေတွေမှာ အများစုဖောက်ထားတော့ ဒေသခံတွေက စိုးရိမ်ကြတယ်'' ဟု သုံးသပ် သည်။
ကျောက်ဖြူအနီးရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုမှ ထွက်ရှိသော ဓာတ်ငွေ့များကို တရုတ်အမျိုးသား ရေနံ
ကော်ပိုရေးရှင်းသို့ ရောင်းချမည်ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားသည့် ကီလိုမီတာ ၈ဝဝ ရှည်သော ပိုက်လိုင်းမှတဆင့် ရောင်းချ မည် ဖြစ်သည်။ ယင်းပိုက်လိုင်းသည် မေလ ကုန်တွင် တည်ဆောက်ပြီးစီးမည်ဟု လည်း ကုမ္ပဏီက ကြေညာထားသည်။
ပိုက်လိုင်းသွယ်တန်းရာ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသတစ်လျှောက်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ပေးရန် ဒေသခံများက ဆန္ဒပြ တောင်းဆိုမှုများလည်း ရှိနေပြီး ဆန္ဒပြ ခေါင်းဆောင်အချို့ကိုလည်း အာဏာပိုင်များ က အရေးယူမှုများလည်း ရှိ သည်။