ထားဝယ် - ထိုင်း လမ်းအူကြောင်းကြောင့် ချောင်းဆယ်စင်းထက်မနည်း ထိခိုက်

ထားဝယ် - ထိုင်း လမ်းအူကြောင်းကြောင့် ချောင်းဆယ်စင်းထက်မနည်း ထိခိုက်
by -
မဇ္ဈိမ

ထားဝယ်-ကန်ချနပူရီလမ်း အူကြောင်း ဖောက်လုပ်ရာမှ မေတ္တာမြို့နယ်ခွဲနှင့် ရေဖြူမြို့နယ် တလိုင်းယာ ကျေးရွာဧရိယာများတွင်ရှိသည့် ချောင်း ၁ဝ စင်း ထက်မနည်းတို့မှာ ညစ်ညမ်းရေများဖြစ်ပေါ်ခဲ့သည်ဟု လမ်းအူကြောင်း တစ်လျှောက်တွင် နေထိုင်သူများက ပြောသည်။

brooks

ထားဝယ် ကန်ချနပူရီလမ်းဖောက်လုပ်ရာမှ မြေသားများပြိုကျကာ မြေအနှစ်များပါဝင်သည့် ရေများစီးဆင်းနေသော တလိုင်းယာကျေးရွာအနီးရှိ ချောင်းတစ်ခုကိုတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

မိုးရာသီ၌ မြေသားများ ပြိုကျလာပြီး ဥယျာဉ်ခြံအချို့ မြေဖုံးလွမ်းသွားသည့်အပြင် ဖောက်လက်စ လမ်းအူကြောင်းများမှမြေများ အရည်ပျော်ကျကာ ဒေသခံများ မှီခိုအားထားရသော ရေချောင်းများသို့ စီးဝင်လာခြင်းကြောင့် ချောင်းရေတို့မှာ အနီရောင်ပြောင်းကာ ညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ခြင်းဟု ဒေသခံတို့က ဆိုသည်။

ပြီးခဲ့တဲ့နှစ်မှစကာ ကလုံးထားချောင်းအတွင်း ရွှံ့ရေများစီးဆင်းလာပြီး မိုးရွာသွန်းမှုများလျှင် ချောင်းရေ ပိုနီမြန်းလာကြောင်း ကလုံးထာဆရာတော် ဘဒ္ဒန္တပညာဝံသက မိန့်ကြားသည်။ ''ချောင်းရေကို အားကိုးလို့မရ
တော့ဘူး ဖြစ်နေတယ်။ ရွာသားတွေ ငါးရှာရခက် လာတယ်။ ငါးတွေမရှိတော့ဘူး'' ဟု ဆရာတော်က အမိန့်ရှိသည်။

မေတ္တာမြို့နယ်ခွဲ သဗြုချောင်း ကျေးရွာအကြားတွင် ခေါင်းဆေးချောင်း၊ သဗြုချောင်းအပါအဝင် ချောင်းငါး ချောင်း ထက်မနည်း၊ ထားဝယ်စီမံကိန်းဧရိယာ တလိုင်းယာကျေးရွာ အနီးဝန်းကျင်တွင် ထန်းတစ်လုံးချောင်း၊ သင်ပုန်းချောင်း၊ ဆိတ်ချောင်း၊ ဝက်ချောင်း အပါအဝင် ချောင်းခြောက်စင်းမှ နီမြန်းစွာ စီးဆင်းလာသောရေများကြောင့် ရေကာတာစီမံကိန်းတည်ဆောက်ရန် လျာထားသည့် ကလုံးထာချောင်းကြီးမှာလည်း နီမြန်းသွားခဲ့ ခြင်းဖြစ်ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

ချောင်းရေများ နီမြန်းသွား၍ နွေရောမိုးပါ ချောင်းရေကို မှီခိုအားထားနေရသည့် ဒေသခံလူထုအနေမှာသောက်သုံးရေ ရရှိရေး အခက်ကြံုနေရပြီး ချောင်းအတွင်း ငါးရှာဖွေမရဖြစ်လာခဲ့သည်ဟု ယင်းချောင်းများကို မှီခိုနေသည့် ဒေသခံများက ပြောသည်။

''တလောတုန်းကတောင် ငါးတွေ နွံ့မွန်းနေတုန်း ရွာသားတွေ လိုက်ဖမ်းခဲ့သေးတယ်။ ရွှံ့ရည်တွေကြောင့် ပါးဟတ်တွေ မဟနိုင်တော့ဘူး''ဟု CSLD အဖွဲ့မှ မှတ်တမ်းရေးမှူး ဦးကဲဒိုက ဆိုသည်။

CSLD သည် မေတ္တာမြို့နယ်ခွဲအတွင်းရှိ ကျေးရွာ ၁၂ ရွာအား ကိုယ်စားပြုဖွဲ့စည်းထားပြီး လမ်းဖောက်လုပ်ခြင်းကြောင့် ဒေသခံများ ထိခိုက်နစ်နာသည့် ကိစ္စများကို လိုက်လံကူညီ ဖြေရှင်းပေးသည့် အဖွဲ့ဖြစ်သည်။ ''ချောင်းရေတွေ လုံးဝအသုံးပြုလို့ မရတော့ဘူး။ အခုမိုးရေခံပြီး သုံးနေရတယ်။ အချို့နေရာမှာဆို ရေတွင်းတူး မရလို့ ရေမြောင်းငယ်လေးတွေမှာ ရေလိုက်ရှာယူပြီး သုံးနေရတယ်''ဟု စောကဲဒိုက ဆိုသည်။

ဝယ် ''ကန်ချနပူရီ လမ်းအူကြောင်းသည် ၁၆ဝ ကီလိုမီတာအရှည်ရှိကာ ရှစ်လမ်းသွားလမ်းမကြီး ဖောက်လုပ် ရန် အီတာလျှံ-ထိုင်းကုမ္ပဏီက ရည်မှန်းထားခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်များအတွင်း လမ်းအူကြောင်း ဖောက်လုပ် ခဲ့ကာ မြေသားလမ်းမကြီးကို အမှီပြု၍ ကုမ္ပဏီမှ လုပ်ငန်းသုံးပစ္စည်းများကို သယ်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

Most read this week