ရခိုင် သရုပ်ဆောင် တစ်ဦး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမူနှင့် ဖမ်းဆီးခံရ

ရခိုင် သရုပ်ဆောင် တစ်ဦး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမူနှင့် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

ရခိုင်အမျိုးသား ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သူ ဘုန်းလျှံသည် မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမူနှင့် ဖမ်းဆီးခံခဲ့ရကြောင်း Myit Makha Mediagroup သတင်းတွင် ဖေါ်ပြသည်။

ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ သတင်းအရ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၌ရှိသော Inn တစ်ခု အတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါများကို  ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

bon-chan

သူနှင့်  အဖော်ဖြစ်သူ ဦးမောင်ထွန်းလှ ဆိုသူတို့ နေထိုင်ရာ အခန်းထဲရှိ ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွေ့ရှိသော Red Ruby စီးကရက်ဗူး ခွံတစ်ခုထဲမှ  WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊ အစိမ်း ရောင် (၂) ပြား၊စုစုပေါင်း (၄၉)ပြားကို ရှာဖွေတွေ့ရှိသည်ဟု ဆိုသည်။

၎င်းနောက် ဘုန်းလျှံနှင့်အတူ နေထိုင်သူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်ပြီး ထုတ်ထားသော  အဖြူရောင် တစ်ရှုး စက္ကူအတွင်း ပလတ်စတစ်အိတ် အတွင်းမှလိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၉)ပြားအား ထပ်မံ ရှာ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြား သုံးစွဲရာတွင်  အသုံးပြုရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကိုသိမ်းဆည်းရမိပြီး စုစု ပေါင်းစိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိကြောင်းသတင်းတွင် ဖေါ်ပြထားသည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။

Most read this week