မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ ဦးဆောင်ပြီး ကွယ်လွန်ပြီးသော မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ရွှေကျင်နှင့် နိုုင်ထင်း၏ ရုပ်ကလာပ် တည်ရှိရာ ဝင်းစိန်တောရကျောင်း၌ ဂါရဝပြုကြပြီး ၎င်းတို့၏ အရိုးသွင်းထားသော အုတ်ဂူတွင် အမှတ်တရရုပ်ပုံကို ကြွေပြားကပ်ခဲ့ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့ ၈ နာရီ ၃၀ မိနစ်က ကျင်းပခဲ့သည် အမှတ်တရကြွေပြားချပ်ရုပ်ပုံ ကပ်ခြင်းအခမ်းအနားမှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရဿနှင့် ၄င်း၏ အရာရှိများ၊ မွန်အမျိုးသား ဒီမိိုကရေစီအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး နိုင်ဟောင်းဒိန်းနှင့် မွန်လူငယ်အဖွဲ့များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတက်ရောက်ခဲ့သည့် ဒုဥက္ကဌ နိုင်ရဿ ပြောတာကတော့ “ဥက္ကဌကြီး နှစ်ဦး ဟာ မွန််အမျိုးသားလွတ်မြောက်ရေးအတွက် သေဆုံးတဲ့အချိန်အထိ ကြိုးပမ်းခဲ့တယ်၊ သူတို့ဟာ မွန်ပြည်သူတွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်တယ် အဲဒီတော့ ကျန်ရှိနေတဲ့ ကျွန်တော်တို့ဟာ ဥက္ကဌကြီးတွေကို ဂုဏ်ယူရမယ်၊ သူတို့ရဲ့ စွမ်းဆောင်ချက်တွေကို မှတ်တမ်းတင်ရမယ်” ဟု ပြောဆိုခဲ့သည်။
ဥက္ကဌကြီး နှစ်ဦး၏ ကြွေပြားအချပ်ကို ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ၄င်း၏ မိသားစုဝင်များနှင့် တပည့်များက ကုသိုလ်ပြု လှူဒါန်းခဲ့သည်။ ကြွေပြားတစ်ချပ်လျှင် ကျပ် ၁ သိန်းခွဲ ကုန်ကျခဲ့ သည်ဟု သိရသည်။
ဥက္ကဌကြီး၏နှစ်ဦး ရုပ်ပုံကို ယခင်နှစ်များတွင် ပလတ်စတစ်နှင့် ပြုလုပ်ထားခဲ့ပြီး ကြာရှည် ထားမခံသောကြောင့် မွန်ပြည်သစ်ပါတီနှင့် ၄င်းတို့၏ မိသားစုတို့ တိုင်ပင်ပြီး ယခုကဲ့သို့ ကြွေပြားကပ်လိုက်ခြင်း ဖြစ်သည်။
မွန်အမျိုးသား ဒီမိိုကရေစ႘အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး နိုင်ဟောင်းဒိန်း၏အဆိုအရ “ဥက္ကဌကြီးတွေရဲ့ ရုပ်ပုံ မရှိရင် ဘာအုတ်ဂူမှန်းလဲ မသိဘူး၊ မွန်လူမျို်းတွေရဲ့ ခေါင်းဆောင် တွေကို မှတ်တမ်းတင်ချင်လို့ အခုလို အမှတ်တရကြွေပြား ရုပ်ပုံကပ်တာ” ဟုပြောသည်။
မွန်ပြည်သစ်ပါတီတွင် ဥက္ကဌကြီး သုံးဦးကွယ်လွန်ခဲ့ပြီးဖြစ်သည်။ ၄င်းတို့ကတော့ နိုင်နလ္လာ နှင့် ယခုအမုတ်တရ ကြွေပြားကပ်ခဲ့သည့် ဥက္ကဌကြီး နှစ်ဦးဖြစ်သည်။
ဥက္ကဌကြီးနိုင်ရွှေကျင်က (၂၀၀၃) ခုနှစ် အသက် (၉၁) နှစ်တွင် မော်လမြိုင်မြို့ မွန်ပြည်သစ်ပါတီရုံးတွင် ကွယ်လွန်ခဲ့ပြီး ၄င်း ရုပ်ကလာပ်ကို ဝင်းစိန်တောရကျောင်းတွင် မြုပ်နှံခဲ့သည်။ ဥက္ကဌကြီးနိုင်ထင်းသည် (၂၀၀၄) ခုနှစ် အသက် (၈၄) နှစ်တွင် မော််လမြိုင်တွင် ကွယ်လွန်ခဲ့ပြီး ၄င်း၏ အလောင်းကိုတော့ မွန်ပြည်သစ်ပါတီနယ်မြေတွင် မီးသင်္ဂြိုဟ်ရန် မှာကြားခဲ့ထားသဖြင့် ရေးမြို့နယ် ဝါဇင်ကျေးရွာတွင် သဂြိုဟ်ခဲ့သည်။
ဒုဥက္ကဌ နိုင်ရဿ၏ ပြောပြချက်အရ “ကျွန်တော်တို့ အနေနဲ့ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေအတွက် အာဇာနည်ကုန်း လုပ်ပေးဖို့ရန် အစီအစဉ်ရှိပါတယ်၊ ကျဆုံးသွားတဲ့ မွန်အာဇာနည် ခေါင်းဆောင်တွေရဲ့ ဗိမာန်တွေကို ခမ်းခမ်းနားနားနှင့် ထားနိုင်မယ်ဆိုရင် ကြီးမားတဲ့ မှတ်တမ်းတင်မှုတစ်ခု ဖြစ်သွားတာပေါ့” ဟုပြောသည်။ သို့သော်လည်း မွန်လူမျိုးတို့က လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိသေး၍ ဗိမာန်လုပ်မည့် နေရာကို သေသေချာချာ မဆုံးဖြတ်ရသေးပါဟု ဆက်ပြောသည်။
မုဒုံမြို့မှ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မွန်လူငယ် ခေါင်ဆောင်တစ်ဦးကတော့ “ဥက္ကဌ ကြီး နှစ်ဦးဟာ ကျွန်တော်တို့ လေးစားရတဲဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်၊ သူတို့ဟာ ဂါရဝ ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်” ဟုပြောသည်။