မျိုးစောင့် ဥပဒေကို သံဃာတော်များ ထောက်ခံ

မျိုးစောင့် ဥပဒေကို သံဃာတော်များ ထောက်ခံ
by -
နိရဥ္စရာ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် အောင်ဆန်းတပ်ဦး မိုးကုတ် ရိပ်သာ၌ ကျင်းပ ပြုုပ်ခဲ့သော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် တက်ရောက်လာကြသူ ရဟန်းတော်များက မျိုးစောင့် ဥပဒေကို ထောက်ခံလိုက်ကြသည်။

အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ သြဝါဒခံယူပွဲ ( ဓါတ်ပုံ- ဧရာဝတီ)

ကြေညာချက်၏ အမှတ်စဉ် (၄) စာပိုဒ်တွင် “ မျိုးစောင့်ဥပဒေကို ပြဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဤအစည်းအဝေးကြီးသို့ တက်ရောက်တော်မူလာကြကုန်သော သံဃာ့ ကိုယ်စားလှယ် ၁၅၃၀ ကျော်တို့က တညီတညွတ်တည်း အတည်ပြု ထောက်ခံသည်” ဟု ဖေါ်ပြသည်။

အစည်းအဝေးသို့ ရဟန်းတော် ၁၅၀၀ ကျော် တက်ရောက်ခဲ့ရာ ရခိုင်ပြည်နယ် ကိုယ်စားပြု ရဟန်းတော် ၂၂ ပါးတက်ရောက်ခဲ့သည်ဟု သိရသည်။

၎င်းပြင်ကြေညာချက်ထဲတွင် အောက်ပါ အချက်များကို ထည့်သွင်းကျေညာထားသည်။

၎င်းတို့မှာ အစည်းအဝေးကြီးမှ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့တို့အား အမျိုး၊ ဘာသာ သာသနာရေးကိစ္စများနှင့်ပတ်သတ်၍  ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြကုန်သော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံမဖြစ်ပေါ်စေရန် ၀ိုင်းဝန်းကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း၊  အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းရန် ဤအစည်းဝေး ကြီးမှ ထောက်ခံအတည်ပြုကြောင်း စသဖြင့် ဖေါ်ပြသည်။

အရှင်ဝိရသူအား Time မဂ္ဂဇင်းမှ “ The Face of Buddhist Terror” မျက်နာဖုံးဖြင့် သတင်းဖေါ်ပြမူ အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက်၏ နိဂုံးတွင် ယခုလို ဖေါ်ပြသည်။

မြန်မာနိုင်ငံမှ သံဃာတော်အရှင်မြတ်တစ်ပါးဖြစ်သော အရှင်ဝိစိတ္တာဘိ၀ံသ (၀ီရသူ)၏ ပုံနှင့် “The Face of Buddhist Terror” ဗုဒ္ဓဘာသာ အကြမ်းဖက်မှုမျက်နှာစာ (သို့မဟုတ်) ဗုဒ္ဓဘာသာအကြမ်း ဖက်မှု ပုံသဏ္ဍာန်ဟု ဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေခဲ့သော တိုင််မ်းမဂ္ဂဇင်း (Time Magazine) Vol,182, No, 1 ကို အပြင်းအထန် ကန့်ကွက်သည်။

၎င်းပြင် မော်လမြိုင်မြို့ မြစေတီ ဆရာတော်မှ မျိုးစောင့် ဥပဒေကို လွှတ်တော်တွင် ဆန့်ကျင်သည့် အမတ်များအား ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် မဲမရရေး အတွက် စည်းရုံး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ကန့်ကွက်သော လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို စုဆောင်းရန်လိုကြောင်းနှင့် မိမိအနေဖြင့် အဆိုပါ စာရင်းကို ရရှိလိုကြောင်း အစည်းအဝေးတွင် ပြောဆိုသွားသည်။

Most read this week