မုံရွာ ပြည်သူ့ဆေးရုံကြီးဝင်း၏ တောင် ဘက်တံခါးပေါက်တွင် အမျိုးသမီးတစ်ဦးက အသက်အသေခံမည် ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူး စီးနင်းလာသော ကားရှေ့၌ လှဲအိပ်လိုက်သည့် ဖြစ်စဉ်တစ်ခု ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီ ခန့်က ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေ ဆေးရုံဝန်ထမ်းက ပြောသည်။
အဆိုပါ အမျိုးသမီးမှာ မညိုမ ဆိုသူဖြစ်ပြီး သူမ၏ဖခင်ကို တရားရုံးက ရုံးတော်တွင် ထုချေရန် ပျက်ကွက်မှုဖြင့် ဖမ်းဝရမ်း ထုတ်လိုက်ရာ ဖခင်မှာ မူးမေ့လဲသွားခဲ့ပြီး ဆေးရုံတင်ခဲ့ရသည် ဟု ဆိုသည်။
သူ့ဖခင်ထိုသို့ ဖြစ်ရသည်မှာ မြို့နယ်အုပ် ချုပ်ရေးမှူးတွင် တာဝန်ရှိသည်ဟုဆိုပြီး ထိုသူ ဆေးရုံသို့ ရောက်လာ
သောအခါ ဖြေရှင်းပေးရန် ကားရပ်ခိုင်းရာမှတစ်ဆင့် ထိုသို့ ကားရှေ့မှာ လှဲအိပ်လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်သက် သေတို့က ပြန်ပြောကြသည်။
မညိုမ၏ ဖခင်ဖြစ်သူ ဦးရွှေရမှာ စစ်ကိုင်း တိုင်း လွှတ်တော်ရုံး ဆောက်ရန်နေရာကို ရှင်း လင်းရာတွင် နေ အိမ် ဖယ်မပေးခဲ့ ဟုဆိုကာ မြို့နယ်တရားရုံးတွင် အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ ပုဒ်မ ၆၉(၂) ဖြင့် တရားစွဲခံထားရသူဖြစ်ပြီး တရားရုံးတွင် အမှုဆိုင်ရန် ဆင့်ခေါ်သည်ကို သူက ပျက်ကွက် သဖြင့် ဝရမ်းထုတ်ခဲ့သည်ဟု မြို့နယ်ရဲစခန်း၏မှတ်တမ်းတွင် တွေ့ရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ကားရှေ့တွင် လှဲ အိပ်ခဲ့သူ မညိုမက ''ပြီးခဲ့တဲ့သောကြာနေ့က တရား ရုံးသမ္မာန်စာရောက်လာတယ်။ တနင်္လာနေ့ ရုံးချိန်တဲ့။ မနေ့က အဖေကရုံးကို မသွားဖြစ်ခဲ့ ဘူး။ အဲ့ဒါကြောင့် ဒီနေ့ကို ဖမ်းဝရမ်း ထုတ်ဆင့် လိုက်တဲ့အကြောင်း ရဲတွေက အိမ်ကိုလာပြီး ဝရမ်း ဖတ်ပြနေတဲ့အချိန်မှာ အဖေက မေ့့လဲ သွားတာကြောင့် အခုလို ဆေးရုံကို ရောက်လာ ရတာဖြစ်ပါတယ်'' ဟုလည်း ပြောပြသည်။