ယေဘူယျ အားဖြင့် ကျနော့် အတွေ့အကြံုအရ “အချိုးကျ ရွေးကောက် တင်မြှောက်ခြင်း စံနစ်” ဟာ သင့်သင့်လျောက်ပတ်သော တိုင်းရင်းသား လူမျိုးစုများနှင့် အခြားသော လူနည်းစု ကိုယ်စားလှယ်များ ပါ၀င်လာစေရေး အတွက် ကောင်းမွန်တဲ့ နည်းစံနစ် တခုဖြစ်တယ်လို့ယုံကြည်ပါတယ်။
သို့သော် အဲဒီလောက်မရိုးရှင်းလှပါ၊ အဘယ့်ကြောင့် ဆိုသော် အောက်ပါ စဉ်းစားတွေးတော စရာများ ပေါ်ပေါက်လာ သောကြောင့်ပင် …
ဒါပေမယ့် အဆိုပါ “အချိုးကျ ရွေးကောက်တင်မြှောက်ခြင်းစံနစ်” ဟာ ပါလီမန်အတွင်း ၀င်ဘို့ တံခါးပေါက် တခုဖြစ်သည့် အားလျော်စွာ အရေးတကြီးသည့် မေးခွန်းကတော့အဆိုပါ ၀င်ပေါက် မည်မျှ ကျယ်ဝန်းပါသနည်း၊ သို့မဟုတ် ကျယ်ဝန်းသင့်ပါသနည်း။
ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိနို်င်ရေး မျှော်မှန်းချက်များထုတ်ဖေါ်ကြေငြာထားခြင်းပြီး၊ ထူးခြားတဲ့ ကိုယ်ပိုင် သွင်ပြင် လက္ခဏာများ ရှိထားကြသော၊ မြန်မာနိုင်ငံတွင်းရှိအချို့သော တိုင်းရင်သား လူမျိုးစုများသည် အဆိုပါ ၀င်ပေါက်မှ ပါလီမန်အတွင်းသို့ မိမိတို့လူမျိုးစု ငယ်ပါတီများ ၀င်ရောက်နိုင်ရေးအတွက် အာမခံချက်နည်း လောက်အောင် အင်မတန်မှနည်းပါးသောလူဦးရေသာ ရှိနေကြခြင်းဖြစ်ပါသည်။
ထို့အပြင် ၆၅% ရှိသော ဗမာ၊ ၉% ရှိသော ရှမ်း နှင့် ရ% ရှိသောကရင် လူမျိုးစုများ အနေဖြင့် အဆိုပါ “အချိုးကျ ရွေးကောက် တင်မြှောက်ခြင်းစံနစ်” ဖြင့်ပါလီမန်တွင်းသို့ ၀င်ရောက်သွားနိုင်မည် ဖြစ်သော်လည်း၊ ၃.၅% ရှိသော ရခိုင်၊ ၂% ရှိသောမွန်၊ ၁.၅% ရှိသော ကချင်၊ ၀.၇၅% ရှိသော ကယား(ကရင်နီ)၊ ချင်း၊ ၀၊ နာဂ၊ လီစူ၊ ပလောင်၊တို့သာမက အခြားသော လူနည်းစု တိုင်းရင်းသား လူမျိုးစုငယ်များအဘို့ ပါလီမန်အတွင်းသို့အဆိုပါ “အချိုးကျ ရွေးကောက်တင်မြှောက်ခြင်းစံနစ်” မှ (မိမိတို့ လူမျိုးစုငယ်ပါတီများ) ၀င်ရောက်နိုင်ရေးအတွက် အင်မတန် ခက်ခဲမှာ ဖြစ်ပါသည်။သို့ဖြစ်ရာ “အချိုးကျ ရွေးကောက်တင်မြှောက်ခြင်းစံနစ်” ကို မြန်မာနိုင်ငံအတွင်း ပြဌန်းလာပါက လူနည်းစု တိုင်းရင်းသားများ ပါ၀င်မှုကို အဟန့်အတား ဖြစ်စေမှာဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ မိမိတို့ သတ်မှတ် နယ်မြေများ အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် နိုင်ငံရေး ရည်မှန်းချက်များ ထားရှိထား ကြသော လူနည်းစု တိုင်းရင်းသားများအနေနှင့် FPTP (First-past-the-post voting, similar with winner take all and simple plularity) “ ဒေသတွင်း မဲအများဆုံး အနိုင်ရ ကိုယ်စားလှယ် တဦးရွေးကောက်ပွဲစနစ်” ကလည်း သင့် သင့်သော ကိုယ်စားလှယ် အရေအတွက် အချိုးအစားကို ရရှိစေနိုင်ပါသည်။
အသေအချာ မစဉ်းစားမိပါက ပါလီမန်အတွင်း ပါတီများ အမြောက်အများရောက်ရှိသွားပြီး၊ ချိနဲ့အားနည်းပြီးမတည် ငြိမ်သော ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်ပေါ်လာနိုင်သောကြောင့် “အချိုးကျ ရွေးကောက် တင်မြှောက်ခြင်းစံနစ်” ဟာ နိုင်ငံ အတွင်းမှာ စီမံခန့်ခွဲ ရခက်သွားနိုင်ပါသည်။ နောက်ဆုံး အချက်မှာ အာဏာရှင် လက်အောက်မှာ ကာလကြာရှည်စွာ နေခဲ့ရတဲ့ သမိုင်းကြောင်းနှင့် ပြည်တွင်းစစ် ပဋိပက္ခသမိုင်းကြောင်းများရှိခဲ့သော၊ ဖွ့ံဖြိုးတိုးတက်မှု နိမ့်ကျနေသော အဆိုပါနိုင်ငံတခုသည် ရက်ပေါင်း တစ်ရာမက ကြာညောင်းသွားစေနိုင်ငံမည့် ညွန့်ပေါင်းမဟုတ်သော မတည်မငြိမ်အစိုးရတရပ်လိုအပ်သွားမှာဖြစ်ပါတယ်။
သို့ဖြစ်ရာ “လူများစု အနိုင်ရ ရွေးကောက် တင်မြှောက်ခြင်းစံနစ်( FPTP)” နှင့် “အချိုးကျ ရွေးကောက်တင် မြှောက်ခြင်း စံနစ်(PR)” တို့အကြား မှန်ကန်စွာရွေးချယ် ရန်မှာ မြန်မာနိုင်ငံအဘို့ လွယ်ကူလှသည်တော့ မဟုတ်ပါ။
“လူများစု အနိုင်ရရွေးကောက် တင်မြှောက်ခြင်း စံနစ်( FPTP)” နှင့် “အချိုးကျ ရွေးကောက် တင်မြှောက်ခြင်း စံနစ်(PR)” အသစ်တို့အကြား မှန်ကန်စွာရွေးချယ်ရန်မှာ မတူကွဲပြားသော အဓိကနိုင်ငံရေးအင်အားစုများ အကြား အသေအချာ ဆွေးနွေးညှိနှိုင်းပြီး၊ အလေးအနက် စဉ်းစားဆောင်ရွက်ကြသင့်ပါသည်။
အသေအချာ ဆွေးနွေးညှိနှိုင်းမှုနှင့်အလေးအနက် မစဉ်းစားဘဲ အလောအကြီးဆောင်ရွက်မှုမပြုသင့်ပေ။
တချိန်ထဲမှာဘဲ လက်ရှိအာဏာရ အစိုးရ (အာဏာရ ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အနေဖြင့် လက်ရှိ “လူများစု အနိုင်ရ ရွေးကောက် တင်မြှောက်ခြင်းစံနစ်( FPTP)” မှ “အချိုးကျ ရွေးကောက် တင်မြှောက်ခြင်းစံနစ်(PR)” သို့ပြောင်းလဲ သတ်မှတ်ရေး အတွက် တွန်းအားပေးဆောင်ရွက် နေတယ်လို့ မိမိနေဖြင့် ယုံကြည်မိပါသည်။
အဆိုပါ ရည်ရွယ်ချက်မျိုး ဖေါ်ပြပါရှိသောအချက်ပြချက်များ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ပြီး ဖြစ်ပါသည်။ ၄င်းတို့ လက်ရှိငြင်းချက် ထုတ်နေသော၊နောင်တွင်လည်း ငြင်းချက် ထုတ်လာနိုင်မည်ဖြစ်သော အချက်က ပါလီမန်အတွင်း ပါတီကြီးတခုတည်းကသြဇာမလွမ်းမိုးနိုင်သော အခြေအနေမျိုးကို အာမခံနိုင်သောကြောင့် “အချိုးကျ ရွေးကောက်တင်မြှောက်ခြင်း စံနစ်(PR)” စနစ်လိုအပ်ကြောင်းဟူသည့် အချက်ဖြစ်ပါသည်။ အတော်လေး စိတ်ကြေနပ်စရာကောင်း သော ဒီမိုကရေစီ ကျင့်စဉ်တခု သဖွယ်ခံစား မိသွားနိုင်ပါသည်။
နိုင်ငံတကာ လူမှုအသိုင်းအဝန်းမှ ခေါင်းဆောင် အတော်များများက (အဆိုပါ စနစ်အားဦးတည်ရန်) ပံ့ပိုးလျက်ရှိသည်။ အချို့သာ ဥရောပ သမဂ္ဂနိုင်ငံများမှာ ၄င်းတို့ရဲ့ နိုင်ငံရေး အခြေခံ အဖွဲ့အစည်းကြီးများ၊ အလှူရှင်များ၏“ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်အား လက်ရှိ FTPT မှ PR စနစ်သို့ ပြောင်းလဲ ကျင့်သုံးနိုင်ရေးအတွက် EU delegation အနေဖြင့် အတက်ကြွဆုံး နိုင်ငံတကာ အားပေးထောက်ခံ သူအဖြစ် ဆောင်ရွက်သွားရန်” ဟူသည့် မူအတိုင်း(ရပ်ကြသည်။) အကြောင်းပြချက်က ရိုးရိုးပင်၊ ( အင်္ဂလန်နိုင်ငံမှ အပ) ဥရောပသမဂ္ဂ နိုင်ငံအများစုတွင် PR စနစ်ကို လွှမ်းမိုး ကျင့်သုံး ကြသောကြောင့်ပင်။ ထို့ကြောင့်ပင် PR စနစ်သည် ပိုကောင်းသော စနစ်တခုဖြစ်သည်ဟု EU နိုင်ငံများက အလေး အနက် ယုံကြည်ကြသည်။
ဤစနစ်မှာ အခြားသေးငယ်သော အဖွဲ့အစည်းများနှင့်တိုင်းရင်းသား ခေါင်းဆောင်များအား လွယ်ကူစွာ ဆွဲဆောင်နိုင်သော အတွေးအခေါ် တရပ်ဖြစ်လာဘွယ် ရှိနိုင်သည်။ ဤစနစ်ကြောင့် ပါလီမန်အတွင်း ကိုယ်စားလှယ်ပါ၀င်မှု ပိုမို ကောင်းမွန်သော အခွင့်အလမ်း ရရှိစေနို်င်သည့်အပြင်၊ပိုမို တရားမျှတသည် ဟူသော ငြင်းချက်များ ပေါ်ပေါက် လာ ဘွယ် ရှိပါသည်။
သို့သော် PR ရွေးကောက်ပွဲ စနစ်သို့ ပြောင်းလဲ ကျင့်သုံးရန် လျောက်လဲချက်များတွင် အထူးပြုဖေါ်ပြရန် ပျက်ကွက်နေ သော အချက်မှာ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ အနိုင်ရရှိသွားနိုင်ခြေကို ကာကွယ်ရန်နှင့် စစ်အုပ်စုရဲ့ နောက်ဆုံး ဆုံးဖြတ် ဆုတ်ခွာရမည့် အရေးမှ ကာကွယ်ရန် တို့မှာ ဤကာလအတွက် အဓိက အချက်များ ဖြစ်ကြောင်း မိမိအနေဖြင့် ယုံကြည်မိပါသည်။
ဤကာလအတွင်း PR ရွေးကောက်ပွဲ စနစ်သို့ ပြောင်းလဲကျင့်သုံးရန် အဓိက ရည်ရွယ်ချက်မှာ NLD ၏ တခဲနက်အောင်ပွဲကို ကာကွယ် ဟန့်တားရန်နှင့် စစ်အုပ်စုရဲ့ ကိုယ်စားပြု ပါတီများ တည်တံ့စေရေး အတွက် ပိုမိုကောင်းမွန်သော အခွင့် အလမ်းများ ရရှိရေး ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။
အကယ်လို့ ပါလီမန်အတွင်းမှ၂၅% သော တပ်မတော်သား ကိုယ်စားလှယ်များ ပါ၀င်ခြင်း မရှိတော့သည့် အခါမျိုးတွင် မှသာ ယခု “အချိုးကျရွေးကောက် တင်မြှောက်ခြင်း စံနစ်(PR)” ဟာ မြန်မာနိုင်ငံ၊ ယင်း၏ တိုင်းရင်းးသား လူမျိုးစု များ နှင့်အခြားသော အထွေထွေ အဖွဲ့အစည်းများအတွက် ပိုမိုကောင်းမွန်သော စနစ်တရပ်ဖြစ်ပါသည်။ ပါလီမန်အတွင်း၂၅%သော တပ်မတော်သား ကိုယ်စားလှယ်များအား ရွေးချယ် ခန့်ထားနေသေးသမျှ PR စနစ်အနေဖြင့်လူနည်းစု တိုင်းရင်းသား အစုများ အပါအဝင် အခြားသော အုပ်စုများအပေါ် မျှတသော ကိုယ်စားပြုရွေးချယ်ခံမှုကိုဖေါ် ဆောင် နို်င်မည် မဟုတ်ပါ။ လက်ရှိမှာပင် စစ်အုပ်စု၏ ကိုယ်ခွဲပါတီဖြစ်သော USDP အားပြည်သူအများ၏ထောက်ခံမှု သိသိ သာသာ မရှိနေခြင်းနှင့် NLD အပေါ် လူထုထောက်ခံမှု ကြီးမားနေခြင်း တို့ကြောင့် PR စနစ်သည် အဓိကအားဖြင့် စစ်အုပ်စု၏ အသက်ကယ် ခါးပတ်ကြိုးမျှသာ ဖြစ်ပေသည်။
FPTP စနစ်အား စစ်အုပ်စုမှစတင်ပြီး လက်ခံခဲ့ခြင်းမဟုတ်ဘဲ ယင်းစနစ်အား ကျင့်သုံးခဲ့သော ဗြိတိလျ ကိုလိုနီအုပ် ချုပ်ရေးထံမှအလွယ်တကူ ဆက်ခံခဲ့ခြင်းလည်းဖြစ်သည်။ ဗြိတိလျကိုလိုနီ နိုင်ငံအများစု အနေဖြင့် FPTP စနစ်ကို ဆက်လက် ကျင့်သုံးမြဲဖြစ်သည်။ သို့သော် ထိုအချိန်က ယခုစနစ်ကို သုံးစွဲ ခဲ့သည်မှာလည်း စစ်အုပ်စု၏ အာဏာ လက်ကိုင် ထားနိုင်ရေး အကျိုးရလာဒ် အတွက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထာပြီးနိုင်ငံရေးတွင် သူမ ပါ၀င်နိုင်ခြင်း မပြုနိုင်ရန် တားမြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခန်းကဏ္ဍများအား ပြဌာန်းခဲ့ ပါသည်။
NLD ခေါင်းဆောင်ပိုင်း အများစု မှာလည်း အကျဉ်းချခံရခြင်း၊ (နိုင်ငံရေးကို) မလှုပ်ရှား မဆောင်ရွက်နိုင်အောင် ဖိအားပေးခြင်း တို့ကို ခံနေခဲ့ကြရပါသည်။ သို့ဖြစ်ရာ စစ်အုပ်စု၏ ကိုယ်စားပြု ပါတီ အနေဖြင့် ပြိုင်ဘက် ပါတီငယ်များ သာရင်ဆိုင် ရတော့မည်ဟု မျှော်လင့်ခဲ့သည်။ ၄င်းမှာ အနိုင်ရရှိရေးအတွက် မညီမျှသော ယှဉ်ပြိုင်မှု အဖြစ် (ဖန်တီး) အသုံးပြုသွားနိုင်မည့် အဓိက နိုင်ငံတော် ပါတီကြီး၏ ရွေးကောက်ခံ နေရာတိုင်းတွင် သေချာသောရွေးကောက်ပွဲ အောင်နိုင်ရေး အခြေအနေပင်ဖြစ်ပါသည်။ FPTP ရွေးကောက်ပွဲ စနစ်သည် ထိုစဉ်က မရေမတွက်နိုင်သော၊ အား တည်းချိနဲ့သော ပါတီငယ်များအား လွယ်ကူစွာ အနိုင်ရရှိရေးအတွက် လုပ်ဆောင်ရန် မျှသာဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD နိုင်ငံရေး ယှဉ်ပြိုင်မှုအတွင်း ပြန်လည် ၀င်ရောက်လာခြင်းက အခြေအနေကို သိသာစွာ ပြောင်းလဲ သွားစေခဲ့သည်။၄င်းနောက် ကြားဖြတ် ရွေးကောက်ပွဲက (အခြေအနေကို) သိသာ ထင်ရှားစေခဲ့သည်။
အကယ်လို့ ယခု FPTP စနစ်သာ ၂၀၁၅ တိုင်အောင် ဆက်ရှိနေပါက စစ်အုပ်စု (USDP) အနေဖြင့် ဗမာဒေသများတွင် NLD အား၄င်း၊တိုင်းရင်းသားဒေသများတွင် NLD (သို့မဟုတ်) တိုုင်းရင်းသား ပါတီများအား၄င်း ရှုံးနိမ့်နိုင်မည်ဖြစ်သည်။ စစ်အုပ်စု(USDP) အနေဖြင့် ၂၅%သော တပ်မတော်သား ကိုယ်စားလှယ်များမှအပ ပါလီမန်အတွင်းနေရာများ အလွယ်တကူ လက်လွတ် ဆုံးရှုံးနိုင်မည်ဖြစ်သည်။ USDP ပါတီအနေဖြင့် ၁၀% မှ ၁၅% အထိအနိုင် ရရှိရန်မှာ ယုံကြည်ရန် အတော် ခက်ခဲလှပါသည်။ ( အကယ်လို့ သိပ်ပြီး အကောင်းမမြင်ဘဲ ကြည့်မည် ဆိုပါက USDP အနေဖြင့် ၂% မှ ၃% မျှသာ အများဆုံး အနို်င်ရရှိနိုင်မည်။) အခြးသော ပါတီများ အနေဖြင့်လည်း FPTYP စနစ်တွင် ပိုမို အနိုင်ရရှိနို်င်မည်သာ ဖြစ်သည်။
အကယ်လို့ ရွေးကောက်ပွဲ စနစ်အား PR စနစ်သို့ ပြောင်းလဲ လိုက်ပါက USDP နှင့် အခြားသော USDP ကိုယ်စားပြု ပါတီမှား အနေဖြင့်အချိုးကျ အနိုင်ရရှိနိုင်သော ၁၀% မှ ၁၅% နှင့် ၂၅% သောတပ်မတော်သား ကိုယ်စားလှယ် များမှာစစ်အုပ်စုအဖြစ် ရရှိမည်ဖြစ်သည်။ အဆိုပါ အခြေအနေက စစ်အုပ်စု အား ပါလီမန်အတွင်း အမာခံအင်အား အဖြစ် ၃၅% မှ ၄၀% အထိ ရရှိစေမှာဖြစ်ပါသည်။ အဆိုပါ အင်အားက အဓိက စီးပွားရေး ပိုင်ဆိုင်မှုရှိသူများ၊ အစိုးရ ပိုင်းလက်ရှိအာဏာ ပိုင်များ မှလည်း လွတ်တော်တွင်း နေရာများ ပိုမိုရရှိစေနို်င်ဦးမည်ဖြစ်သည်။ ၄င်းအပြင် အခြား သော NLD မဟုတ်သည့် ပါတီများ (တိုင်းရင်းသား ပါတီများ အပါအဝင်)မှ ၁၅% မှ ၂၀% အထိ ပါ၀င်လာနိုင်သည် ဖြစ်ရာ ၄င်းတို့ အားလည်း NLD မပါ၀င်သော ညွန်ပေါင်းအစိုးရ တရပ်အဖြစ် စည်းရုံး ဆွဲဆောင်နိုင်ဦးမည်ဖြစ်သည်။ မရိုးမသားစွာ ပူးပေါင်းဆောင်ရွက်ရေးအနာဂါတ် ညွန်ပေါင်း မိတ်ဘက် များမှာ ဤဖြစ်စဉ်အတွင်း ရှိလာမည်ပင်။
သို့ဖြစ်ရာ မေးစရာ ရှိလာသည်က မြန်မာနိုင်ငံအတွက် “ လူများစု အနိုင်ရ ရွေးကောက် တင်မြှောက်ခြင်းစံနစ်( FPTP) နှင့်အချိုးကျ ရွေးကောက် တင်မြှောက်ခြင်းစံနစ်(PR) တို့တွင် မည်သည်က ပိုကောင်းပါသနည်း။” ပိုမိုတိကျစွာ မေး ခွန်းထုတ်သင့်သည်။
အောက်ပါအတိုင်း မေခွန်း ထုတ်သင့်သည်၊ အကယ်လို့ ၂၅%သော တပ်မတော်သား ကိုယ်စားလှယ်များ ထားရှိဦးမည် ဆိုလျင်၊ လူများစု အနိုင်ရရွေးကောက် တင်မြှောက်ခြင်းစံနစ် ( FPTP) က ဒီမိုကရေစီ မျှော်မှန်းချက် အတွက် ကောင်း မည်လား၊ သို့မဟုတ် ၂၀၁၅ မတိုင်မီ အချိုးကျ ရွေးကောက် တင်မြှောက်ခြင်းစံနစ် (PR) သို့ ပြောင်းလဲ သတ်မှတ်ပါက ပိုကောင်းပါမည်လား။
သို့မဟုတ် ၂၅%သောတပ်မတော်သား ကိုယ်စားလှယ်များ ပါ၀င်မှု ပြဌာန်းချက်ကို ဖယ်ရှားပြီး ချိန်မှသာ FPTP မှ PR စနစ်သို့ ပြောင်းလဲ သတ်မှတ်မည်ဆို်ပါက ပိုကောင်းမည်လား။
သေချာပါသည်၊ အစိုးရ၊ USDP ပါတီနှင့် တပ်မတော်တို့သည် ရွေးကောက်ပွဲ ဥပဒေများအား ၄င်းတို့ စိတ်ကြိုက် ပြုပြင် နိုင်မည့်ပါလီမန်အတွင်း လူများစု ကိုယ်စားလှယ်များ ရရှိထားသည်ဖြစ်ရာ ၊ ၄င်းတို့၏ ပါတီ အကျိုး ရှိရန် အတွက််လုပ် ဆောင် ပါလိမ့်မည်။ သို့သော် အတိုက်အခံ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ပါတီများနှင့်နို်င်ငံတကာ အသိုင်းအဝိုင်းများ အနေဖြင့် ထောက်ခံ မည်လော (သို့မဟုတ်) ၄င်းတို့ ပါတီ အကျိုးအတွက် လုပ်ဆောင်သွားခြင်းအပေါ် ထောက်ပြ ဆန့်ကျင်သွား မည်လော။