ဘင်္ဂလာ မှ ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုများသို့ စစ်တွေမြို့မ စျေးသားများမှ ထောက်ပ့ံလှူဒါန်း

ဘင်္ဂလာ မှ ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုများသို့ စစ်တွေမြို့မ စျေးသားများမှ ထောက်ပ့ံလှူဒါန်း
by -
နိရဥ္စရာ

စစ်တွေမြို့ မြို့မစျေးကြီး စျေးသူ စျေးသားများက ဘင်္ဂလာဒေချ့်မှ ထွက်ပြေး ခိုဝင် ရောက်ရှိ လာကြသော ရခိုင်မျိုးနွယ်စုများသို့ ကျပ်ငွေ သိန်း (၂၀) ပေးပို့ လှူဒါန်းလိုက်သည်ဟု သတင်း ရရှိသည်။

Arakanဇွန်လ ၂၄ ရက် နေ့လည် (၁) နာရီခန့်က မောင်တောမြို့ ဗဟိုကျောင်း ဆရာတော် ဦးစရဏမှ တဆင့် အဆိုပါ ငွေများကို ပေးပို့လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးစရဏ ယခုကဲ့သို့ ငွေပေးပို့လှူဒါန်းသဖြင့် စစ်တွေမြို့မ စျေးသူ စျေးသားများကို ကျေးဇူးတင်ကြောင်း ပြောဆိိုသည်။

“ အခုလို ပေးပို့ လှူဒါန်းကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီလို လှူဒါန်းကြတဲ့ အတွက်လည်း အားကိုးတကြီးနဲ့ တစ်ဘက်နို်င်ငံကနေ ခိုလှုံလာကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာ အရရော အကြီးအကျယ် အထောက်အပံ့ ဖြစ်စေတဲ့ အတွက် အထူး အကျိုးရှိပါတယ်။ နတ်  လူသာဓုခေါ်တဲ့ အလုပ်ဖြစ်တာကြောင့် လှူတဲ့သူတွေကိုရော၊ အလှူကို ရရှိကြတဲ့သူတွေရော နှစ်ဦးနှစ်ဘက် အကျိုးရှိစေပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ယခု လက်ရှိ ဘင်္ဂလာဒေချ့်မှ မြန်မာနိုင်ငံသို့ ခိုလှုံရန် ရောက်ရှိလာကြသော ရခိုင် မျိုးနွယ်စု ၂၉၂ စု ရှိပြီး လူဦးအားဖြင့်  ၁၂၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။

Most read this week