ဒုက္ခသည်အရေး ဖြေရှင်းရန် ဆပ်ကော်မီတီဖွဲ့

ဒုက္ခသည်အရေး ဖြေရှင်းရန် ဆပ်ကော်မီတီဖွဲ့
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံ ပါလီမန် ဆိုိင်ရာ နိုင်ငံခြားရေးရာ ကော်မီတီမှ မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ အရေးကို ဖြေရှင်းဖို့ ဆပ်ကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။

teknaf-check-point

၎င်းဆပ်ကော်မီတီကို ပါလီမန် အမတ် တစ်ဦးဖြစ်တဲ့ Saifuzzaman Chowdhury က ဦးဆောင်သွားမယ်လို့ သိရပါတယ်။

 တနင်္ဂနွေနေ့ က နိုင်ငံခြားရေးရာ ကော်မီတီက ဘင်္ဂလာဒေချ့် ပါလီမန်မှာ ပြောကြားရာမှာ အခု လတ်တလော  မြန်မာဘက်ကနေ ပူတီယာနဲ့ တက်ကနက်ဒေသကနေ  ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ ပြဿနာကို သံတမန်နည်းအရ ဖြေရှင်းဖို့ ကြိုးစား ဆောင်ရွက်နေတဲ့ အကြောင်းကို ပြောဆိုပါတယ်။

ဒါ့ပြင် Saifuzzaman Chowdhury ဟာ များမကြာမီ အတွင်း ကော့စ်ဘဇားခရိိုင် တက်ကနက်မြို့နယ်မှာ ရှိတဲ့ မြန်မာဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရှုမယ်လို့ ပြောပါတယ်။

ခုလို ဖြေရှင်းဖို့ ဆောင်ရွက်ဖို့ စီစဉ်နေချိန်မှာဘဲ မြန်မာနိုင်ငံဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင် စုစုပေါင်း ၃၄၄ ဦးကို ဒီလ အတွင်းမှာဘဲ ဘင်္ဂလာဒေချ့်ကနေ မြန်မာဘက်ကို တရားမဝင် လမ်းတွေကနေ ပြန်ပို့လိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Most read this week