ကမ္ဘာတွင် အရပ်အရှည်ဆုံး ဖြစ်နိုင်သူ မြန်မာနိုင်ငံတွင် တွေ့ရှိ

ကမ္ဘာတွင် အရပ်အရှည်ဆုံး ဖြစ်နိုင်သူ မြန်မာနိုင်ငံတွင် တွေ့ရှိ
by -
နိရဥ္စရာ

ကမ္ဘာတွင် အရပ် အရှည်ဆုံးသူ ဖြစ်နိုင်သော အရပ် ၈ ပေ ၄ လက်မ အမြင့်ရှိ အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦးကို များမကြာမီက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည်။

တွေ့ရှိခဲ့သူမှာ အသက် ၃၆ နှစ်အရွယ် ကို၀င်းဇော်ဦး ဖြစ်ကြောင်း Myanmar News Now က ဓါတ်ပုံနှင့် တကွ သတင်း ဖေါ်ပြသည်။

Tallest-man-of-the-world-is-in-Burma

ကိုဝင်းဇော်ဦး၏ ဇာတိမှာ မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာဖြစ်ပြီး မိဘများမှာ ဦးအောင်လှနှင့် ဒေါ်မောက်တင်တို့ ဖြစ်ကြသည်။ ထုံးပေါက်ချိုင်ကျေးရွာသည် နတ်မောက်မြို့မှ ၁၅ မိုင်ခန့် ဝေးကြောင်း ဆိုသည်။

ကို၀င်းဇော်ဦးသည် ၁၉၈၈ ခုနှစ်က လေးတန်းမှ ကျောင်းထွက်ပြီး မိဘများ စီးပွားရေး အဆင်မပြေသဖြင့် အသက် ၁၅ နှစ် အရွယ်တွင် ရန်ကုန်သို့ အလုပ်လုပ်ရန် သွားခဲ့ကြောင်း၊ ရန်ကုန် လသာမြို ့နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ကြောင်း၊ ထိုအချိန်က သူ့အရပ်မှာ ပုံမှန် အတိုင်း ရှိခဲ့ကြောင်း၊ သူ၏  ထူးခြားမူမှာ ဒိန်ချဉ်ကြိုက်ပြီး နွားနို ့အလွန်အကျွံသောက်ကြောင်း၊  အသက်(၁၈)နှစ် အရွယ်တွင် ရန်ကုန်မှ မိမိကျေးရွာ ထုံးပေါက်ချိုင်သို့ ပြန်ခဲ့ကြောင်း၊ ထိုအချိန်ကစပြီး နောက်ပိုင်းတွင် တစတစဖြင့် တနှစ်ထက် တနှစ် ခန္ဓာကိုယ်ကြီးလာကာ အရပ်မှာ မြင့်တက်လာခဲ့ကြောင်း၊ ယခု အသက် (၃၆) နှစ်အထိ ဆက်လက် မြင့်တက်နေကြောင်း  ကိုဝင်းဇော်ဦးကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။

ယခင်နှစ်က  ရှစ်ပေတစ်လက်မရှိခဲ့သော ကိုဝင်းဇော်ဦးမှာ ယခုအခါ  ရှစ်ပေလေး လက်မ ရှိကြောင်း သိရသည်။

သူကရှက်တတ်သူ ဖြစ်ကြောင်း၊ အစားအသောက်မှာ  ပုံမှန်ဖြစ်ကြောင်း၊  ကွမ်းယာ ကြိုက်ကြောင်း၊ အဝတ်အစားတွင် ပုဆိုးက ကွင်းကျဉ်းနေပြီး  တိုနေသော်လည်း  ဖြစ်သလိုဝတ်ကြာင်း၊ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးကြောင်း၊  အမေအို အဖေအိုများနှင့် အတူ နေထိုင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။

ကျန်းမာရေးနှင် ့ပါတ်သက်၍  ရောဂါလက္ခဏာမတွေ ့ရကြောင်း၊ အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိသေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရသည့်အတွက် ခြေထောက်က ကြာရှည် မထောက်နိုင်တော့သည့် အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်ရသည့် ဒုက္ခဖြစ်နေကြောင်း၊ သို့အတွက် မည်သည့်နေရာကိုမှှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက ပြောသည်ဟု ဆိုသည်။

ယခု လက်ရှိ ကမ္ဘာတွင် ဂရင်းနစ် စာရင်းဝင် အရပ် အရှည်ဆုံးသူမှာ တူရကီနိုင်ငံမှ Sultan Kösen ဖြစ်ပြီး အရပ် ၈ ပေ ၂ လက်မသာရှိသဖြင့် ကို၀င်းဇော်ဦးမှာ ကမ္ဘာတွင် အရပ်ရှည်ဆုံးသူ အဖြစ် ဂရင်းနစ် မှတ်တမ်းဝင်နိုင်သူ ဖြစ်နိုင်ကြောင်း သတင်းများ ရရှိသည်။

Most read this week