အပစ်ခတ်ရပ်ပြီးနောက် မြို့နှင့် ကျေးရွာအနီးအနား ချထားသည့် တပ်များ ရုပ်သိမ်းဖို့ ကရင်နီလူငယ်အဖွဲ့ပြော

အပစ်ခတ်ရပ်ပြီးနောက် မြို့နှင့် ကျေးရွာအနီးအနား ချထားသည့် တပ်များ ရုပ်သိမ်းဖို့ ကရင်နီလူငယ်အဖွဲ့ပြော
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်မှာ အပစ်ခတ်ရပ်စဲရေးတွေ ပြုလုပ်နေပြီဖြစ်တဲ့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ဖို့ မြို့နဲ့ကျေးရွာ အနီးအနားမှာချထားတဲ့ အစိုးရတပ်တွေကို ရုပ်သိမ်းပေးဖို့ လိုအပ်ပြီလို့ လူငယ်အဖွဲ့က ပြောဆိုပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ လွိုင်ကော်မြို့ရှိ တပ်နယ်ခန်းမမှာ ပြုလုပ်တဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) နဲ့ အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင်နီလူငယ် များ သမဂ္ဂ (UKSY – Union of Karenni State Youth) မှ လေ့လာသူအဖြစ် တက်ရောက်ပြီးနောက် ယခုလို ပြောလိုက်တာပါ။

"အခုက စစ်ရေးလက်နက်ကိုင်တပ်ဖွဲ ့တွေပစ်ခတ်ရပ်စဲရေး လုပ်ကုန်ပြီဆိုတော့ မြို့တိုင်းရွာတိုင်းမှာ တပ်တွေလည်း ချဖို ့မလိုတော့ဘူး နယ်စပ်တွေမှာ ဒီထက်အရေးကြီးတဲ့ နေရာတွေလောက်ပဲ တပ်တွေချပြီးမှ မလိုအပ်တဲ့နေရာ တွေမှာ တပ်တွေပြန်ရုပ်သိမ်းပေးဖို ့လိုတယ်"လို့ UKSY အတွင်းရေးမှူး ကိုအသန်းက ပြောပါတယ်။

ယမန်နေ့က KNPP နဲ့အစိုးရတို့အကြား တပ်ကိစ္စဆွေးနွေးရာမှာ သတင်းမီဒီယာများ ၀င်ခွင့်မပေးဘဲ တခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအပြီး နှစ်ဦးနှစ်ဘက် သဘောတူထုတ်ပြန်ထားချက်အရ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်ကို နောက်တကြိမ် ထပ်ဆွေးနွေးရန် လိုအပ်တယ်လို့ပြောဆိုကြောင်း သိရပါတယ်။