သေနတ်လုထွက်ပြေးသောတရားခံကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ မြန်မာဘက်သို့ပြန်အပ်နှံ

သေနတ်လုထွက်ပြေးသောတရားခံကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ မြန်မာဘက်သို့ပြန်အပ်နှံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တရားရုံး၌ တာဝန်ကျ ရဲထံမှ သေနတ်လု ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက် သွားသော တရားခံ(၃)ဦးအနက် တစ်ဦးကို တရုတ်ပြည်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို  အပ်နှံခဲ့ ကြောင်း သျှမ်းသံတော်ဆင့်မှသတင်းရရှိသည်။

Aik  Sarm

“၁၇ ရက် နေ့လည် ၂ နာရီလောက်က အရပ်ဝတ်နဲ့တရုတ်ရဲတပ်ဖွဲ့က အချုပ်တရားခံပြေး အိုက်ဆမ် နဲ့ သူ့ကိုလက် ခံကျွေးမွေးထားတဲ့ သူ့အကို အိုက်ယီ  ကို ခြေချုပ်လက်ချုပ်နဲ့ တရုတ်မြန်မာနယ်စပ် ၀င်/ထွက်ပေါက် နန်းတော်ပေါက်ကနေဝင်လာပြီး မြန်မာရဲကို လာအပ်တာ တွေ့ရတယ်” ဟု မျက်မြင် ကားသမားတစ်ဦးက ပြောသည်။

  တရုတ်နိုင်ငံ လုံချွမ်းခရိုင် ရဲတပ်ဖွဲ့မှူး ရန်လီပင်း တို့အဖွဲ့က အချုပ်တရားခံပြေးအား တရုတ်နိုင်ငံ ဂျေဖန်မြို့ တွင်ဖမ်းဆီးရမိသဖြင့် မူစယ်ခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မင်းမင်းဦး အဖွဲ့တို့ထံ  အပ်နှံခဲ့ခြင်းဖြစ် တရားခံကို ကြောင်း ၄င်းကဆိုသည်။

“ ဇွန်လ ၄ ရက်က မူစယ်တရားရုံးမှာ သေနတ်လုထွက်ပြေးတဲ့ တရားခံက ၅ ယောက် လေ။ အဲ့နေ့မှာ ၂ ယောက်ကိုတော့ သေနတ်ပစ်ခြိမ်းခြောက်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်၊ အဲဒီထဲမှာ ကျားဖြူဥက္ကဌတူကို သတ်တဲ့ တရား ခံ   ရဲအောင်ထွေး(ခ)လိဖန်  လဲပါတယ်” ဟု မူစယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သောသူတစ်ဦးကပြောသည်။

ရဲထံမှ သေနတ်လု ပစ်ခတ်ပြီးထွက်ပြေးသွားသူများသည် ပန်းဆေးပြည်သူ့စစ် တွင်တာဝန် ထမ်းဆောင်ခဲ့ဖူး ကြောင်း   ထို့ကြောင့်လည်းသေနတ်ကောင်းကောင်းပစ်တတ်ကြောင်း ၄င်းကဆိုသည်။

ယ္ခုအခါ ထွက်ပြေးလွတ်မြောက်နေဆဲ တရားခံ (၂)ဦးမှာ   မုံးကိုးလက်နက်ကိုင်တပ်ဖွဲ့ထံ ခိုလှုံနေသည်ဟု  လည်း ဒေသတွင်း၌ သတင်းများထွက်ပေါ်နေပါသည်။

Most read this week