မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ပျံ့နေ

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ပျံ့နေ
by -
မဇ္စျိမ

မွန်ပြည်နယ်၊ မွန်လူ့အဖွဲ့အစည်းအ တွင်း မူးယစ်ဆေးဝါးများပျံ့နှံ့နေပြီး လူငယ်များပါ သုံးစွဲနေကြောင်း မွန်လူ့အဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါး ပြဿနာများကို မှတ် တမ်းတင်ထားသည့် အစီရင်ခံစာတစ်စောင် က ထုတ်ပြန်လိုက်သည်။

အဆိုပါ အစီရင်ခံစာကို မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့ (HURFOM) က ထုတ် ပြန်လိုက်ခြင်းဖြစ်ပြီး မူးယစ်
ဆေးဝါးပြဿနာ ကို အာရုံစိုက်လာစေရန်အတွက်နှင့် သက် ဆိုင်ရာအာဏာပိုင်အားလုံး ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် ယခုရင်ဆိုင်နေရသည့် ပြဿ နာများအား ဖြိုဖျက်လိုသည့်အတွက် အစီရင်ခံစာကို ထုတ်ပြန်ရ ခြင်းဖြစ်ကြောင်း အစီ ရင်ခံစာက ဖော်ပြသည်။

''မူးယစ်ဆေးဝါး ပြဿနာဟာ ကျွန် တော်တို့ လူ့အဖွဲ့အစည်းကို တိုက်ရိုက်အကျိုး သက်ရောက်မှုရှိနေတဲ့ အတွက် အစိုးရနဲ့ နိုင်ငံရေးပါတီတွေက အမြန်ဆုံးဖြေရှင်ပေးဖို့ တောင်းဆိုပါတယ်''ဟု HURFOM မှ စီမံကိန်းတာဝန်ခံ နိုင်အေးမွန်က ဆိုသည်။

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း အကြောင်းရင်းများတွင် ဒေသဆိုင်ရာ အာဏာပိုင် များ၏ အကျင့် ပျက်လာဘ်စားမှုများလည်းပါဝင်ပြီး ထိရောက် သည့် အရေးယူဆောင် ရွက်မှုများ ပြုလုပ်နိုင် ခဲ့ခြင်းမရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

''လူတော်တော်များများ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းချင်ကြပါတယ်။ ဆေး ရောင်းသူအများစုဟာ စစ်တပ်၊ အာဏာပိုင် တွေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆက်စပ်နေ တာပါ''ဟု မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာမှ စေတနာ့ ဝန်ထမ်းတစ်ဦးက ဆို သည်။

မူးယစ်ဆေးဝါးများကို မွန်ပြည်နယ် ရေးမြို့တွင် အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ကိုး မိုနှင့် နှင်းစုန်ရွာများတွင် လည်း ဝယ်ယူရန် လွယ်ကူကြောင်း ''ဆေးဝယ်ဖို့က လွယ်လွယ် လေးပါ၊ ကွမ်းယာဆိုင်တွေမှာ ဆေး တစ်တောင့် ကို သုံးထောင်နဲ့ ၅ဝဝဝ လောက်ပဲ ပေး ရတာပါ''ဟု ရေးမြို့နယ်အတွင်းမှ လူငယ် တစ်ဦး၏ ပြောကြားချက်ကို အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့ အနေနှင့် အဆိုပါ အစီရင်ခံစာအတွက် မွန်ပြည်နယ် ရှစ်မြို့နယ်မှ အချက်များ ရယူခဲ့သည် လူပေါင်း ၁၄ဝ ကျော်၏ ထွက်ဆို မှတ်ချက်ပြု မှုများအပေါ် အခြေခံရေးသားထားသည်ဟု ဆိုသည်။

Most read this week