MRTV 4 ရုပ်သံလိုင်းမှ ထုတ်လွင့် လျက်ရှိသည့် အချစ်သင်္ကေတ (The sign of love) ရုပ်သံဇာတ်လမ်းတွဲအတွက် သရုပ် ဆောင်အဖြစ်ရွေးချယ်ခံခဲ့ရသူ မေဇွန်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက လူသတ်မှုဖြင့် ထောင်ဒဏ် ကိုးနှစ်နှင့် လေးလ ကို ဇွန်လ ၂ဝ ရက်က ပြစ်ဒဏ်ချမှတ် လိုက်သည်။
အနောက်ပိုင်းခရိုင် တရားရုံးမှ တရား သူကြီးက ''တရားခံမေဇွန်မှာ အသက်ငယ် ရွယ်သူ မိန်းကလေးတစ်ဦးဖြစ်ပြီး အရင်က ပြစ်မှု ကျူးလွန်မှုမရှိသော်လည်း ၎င်းကျူးလွန်ခဲ့မှုအတွက် ထိုက်သင့်သည့် ပြစ်ဒဏ်ကို ချမှတ်ရမည်ဟု သုံးသပ်ပါသည်'' ဟု အမိန့်ချမှတ်စဉ်က ပြောကြားခဲ့သည်။
မေဇွန်ကို ပြစ်ဒဏ်ချမှတ်ရာတွင် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှုအတွက် ထောင်ဒဏ် ကိုးနှစ်၊
ပြစ်မှုဆိုင်ရာ မတရား ချုပ်နှောင်မှု ဥပဒေ ပုဒ်မ ၃၄၂ ဖြင့် ထောင်ဒဏ် သုံးလနှင့် နာကျင်စေမှု ပုဒ်မ ၃၂၃ ဖြင့်
ထောင်ဒဏ်တစ်လတို့ကို ကျခံစေရန် အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။
၂ဝ၁၂ ခုနှစ်အတွင်းက မေဇွန်၏ နေ အိမ်မှ ၁၈ နှစ်အရွယ် အိမ်ဖော် မိန်းကလေး သေဆုံးမှုနှင့် ပတ်သက်၍ တရားရုံးက ပြစ် ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ကမာရွတ်မြို့နယ် အမှတ် (၁)ရပ်ကွက် ရှိ မေဇွန်၏ နေအိမ်တွင် သေဆုံးသူ မိန်းက လေး၏ ပုပ်ပွနေသော ရုပ်အလောင်းကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁ဝ ရက်တွင် အိမ်နီးချင်းများ တွေ့ရှိရာမှ လူသတ်မှုဖြင့် တရား စွဲဆို ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်။
စစ်ဆေးချက်များအရ သေဆုံးခဲ့သူမှာ မေဇွန်၏ အိမ်ဖော်တစ်ဦးဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မနုနုလွင်ဖြစ်ပြီး
မေဇွန်ကို ရဲက စစ်ဆေးရာတွင် သေဆုံးခဲ့သော အိမ် ဖော် မိန်းကလေးဖြစ်သူအား တုတ်ဖြင့် ရိုက်ခြင်း၊ ဝမ်းဗိုက်
ပေါ်သို့ တက်ခုန်ခြင်းများ၊ ဆံပင် ဆွဲပြီး ခေါင်းနှင့်နံရံအား တိုက်ခြင်းများအထိ ပြုမူခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲဌာန က သတင်းထုတ်ပြန်ခဲဲ့သည်။
အဆိုပါအမှုဖြင့် ရုံးတင်စစ်ဆေးခဲ့ရာ ကိုးလကျော်ခန့်ကြာတွင် မေဇွန်ကို အမိန့်ချ မှတ်လိုက်ခြင်း ဖြစ်သည်။