ထိုင်းနိုင်ငံက ဆင်ဖြူ ငှားရမ်းမှု မြန်မာ ငြင်းဆို

ထိုင်းနိုင်ငံက ဆင်ဖြူ ငှားရမ်းမှု မြန်မာ ငြင်းဆို
by -
နိရဥ္ဇရာ

မြန်မာနိုင်ငံက ဆင်ဖြူကို ထိုင်းနိုင်ငံက ငှားရမ်းလိုကြောင်း ကမ်းလှမ်းရာ မြန်မာဘက်က သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ငှားရမ်းဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုကာ  ငြင်းပယ်လိုက်သည်ဟု သိရသည်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွှင်နှင့် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးလည်း ဖြစ်သော Mr Surapong Towichchaikul တို့ ဇွန်လ ၁၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်သော အရှေ့အာရှနှင့် လက်တင် အမေရိက နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတွင် တွေ့ဆုံစဉ် မြန်မာနိုင်ငံက ဆင်ဖြူကိုငှား ရမ်းရန် မိမိတို့မှ စိတ်ဝင်းစား ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံက ဆင်ဖြူ ငှားရမ်းမှု  မြန်မာ ငြင်းဆို

Mr Surapong Towchchaikul က မြန်မာနှင့် ထိုင်းနိုင်ငံအကြား သံတမန် ဆက်ဆံရေး နှစ် ၆၅ နှစ်ပြည့် အထိမ်းအမှတ်နှင့်  နှစ်ပေါင်း ၂၀၀ ကျော် တည်တံ့လာခဲ့သော နှစ်နိုင်ငံ အကြား ကောင်းမွန်သော ဆက်ဆံရေးကို ပြသလိုသည့် အနေဖြင့် မိမိတို့နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ဆင်ဖြူကို (၆) လခန့် ငှားရမ်းပြီး ဇင်းမယ် (ချင်းမိုင်) မြို့တွင် ပြည်သူများ ကြည့်ရှုနိုင်အောင် ပြသထားလိုကြောင်း ဦးဝဏ္ဍမောင်လွှင်အား ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာနို်င်ငံခြာရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွှင်က  မြန်မာမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ခက်ခဲကြောင်း၊ သို့အတွက် ထိုင်းပြည်သူများ အနေဖြင့် အထူး စပါယ်ရှယ် လေယာဉ်များဖြင့် လာရောက် လည်ပတ် ကြည့်ရှု့နိုင်ကြောင်း၊ ထိုသို့ လာရောက်ခြင်းဖြင့် ထိုင်းနှင့် မြန်မာပြည်သူများ အကြား ချစ်ကြည် ရင်းနှီးမူကို တိုးမြင့်စေမည် ဖြစ်သည့် အပြင်  မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အားပေးရာ ရောက်ကြောင်း ပြန်လည် တုန့်ပြန်ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် New Light of Myanmar တွင် “ No plan to hire Myanmar white elephant to Thailand” ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြထားသည်။

Most read this week